Tuesday, July 24, 2007

LinktoEverything is Bloggable!



အမှန်အတိုင်းပြောရရင် စိတ်ရဲ့ထွက်ပေါက်အနေနဲ့ blog ကိုလုပ်ဖြစ်သွားခဲ့တာပါ။ ဟိုးအရင်ကထဲက လုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေ ကိုမောင်လှ က blog ကို
စ လုပ်တုန်းကတော့ သိပ်စိတ်မပါသေးတာနဲ့ account creat လုပ်၊ တစ်ခါလောက်ပဲ post တင်ပြီးပစ်ထားလိုက်တယ်...မိတ်ဆွေလေး cmsmdy uk မှာကျာင်း သွားတက်တော့ သူ့ရဲ့blog ကိုကြည့်ဖြစ်သွားတယ်..စိတ်ရဲ့ပြူတင်းပေါက်ဆိုတာနားလည်လိုက်တယ်...အဲဒီ့ကာလတုန်းက အလုပ်တွေရယ် ဟိုဒီ
ကိစ္စတွေရယ်ရှုပ်နေတယ်..တစ်ခါ blog ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်တင်မက နည်းပညာပေါင်းကူးတံတားတစ်ခုဆိုတာကိုလည်း သိလိုက်တယ်.
ကိုမောင်လှရဲ့ blog မှာမြန်မာလိုရေးထားတာတွေတွေ့ရတော့ ပိုပြီးစိတ်ဝင်စားလာတယ်..ဘာလို့လည်းဆိုတော့ Myanmar Typing ပရိုဂရမ်လေးလည်း
လုပ်ထားတာဆိုတော့ မြန်မာယူနီကုဒ်ကို ဆက်လေ့လာချင်နေတာ..အဲ့တာနဲ့ ကိုမောင်လှရဲ့အကူအညီယူပြီး sannoo.blogspot.com ကိုပြန်စဖြစ်သွားတယ်။
ဒီဇိုင်းကိုအရမ်း crazy ဖြစ်တော့ ကိုယ့်ရဲ့ site လေးကိုလှလှပပလေးဖြစ်အောင် ဟိုပြင်ဒီပြင်အချိန်အတော်ပေးဖြစ်သွားတယ်.နောက် problem က
post တွေတင်ရတာပါပဲ..အချိန်ပေးပြီးလုပ်ရတယ်..visit လုပ်တဲ့သူတွေကိုအားနာလို့..တစ်ခါတစ်ခါကျတော့လည်း အလုပ်အရမ်းများတာရယ် speed
ကအရမ်းကျတာရယ်ကြောင့် post မှန်မှန်တင်ဘို့ခဲယဉ်းသွားပြန်တယ်.blogger တစ်ယောက်ရဲ့စေတနာကဘာလည်းဆိုတော့ visit လုပ်တဲ့သူတွေကို
အကျိုးရှိမဲ့အကြောင်းအရာတစ်ခုခုပေးချင်တာပါပဲ .. အတတ်နိုင်ဆုံးလည်းကြိုးစားပါတယ်..ရသပဲဖြစ်ဖြစ် သုတပဲဖြစ်ဖြစ်ပေါ့.။ပြီးတော့ ကိုယ်ဖန်တီး
ထားတဲ့ program လေးတွေကိုသုံးကြည့်စေချင်တယ်.အဲဒီ့တော့ web ပေါ်မှာ သုံးလို့အဆင်ပြေအောင် program လေးတွေကိုပြင်စရာရှိတာတွေ ပြန်ပြီး
ပြင်ရပြန်ရော.cmsmdy ရဲ့အကူအညီလည်းရပါတယ်..myoaung-mdy လည်းကူပါတယ်..တစ်ယောက်ကို တစ်ယောက်အပြန်အလှန် ဖေးမရင်းနဲ့ပဲ
blog disease ကစွဲတော့တာပဲ..ရောဂါပေါ့ဗျာ...တဆင့်ဆက်တွေးတော့ ဒါတွေလုပ်တာ ဘာများအကျိုးရှိလည်းပေါ့...မိတ်ဆွေတွေတိုးလာတယ်..သိချင်တာတွေမေးလို့ရတယ်..ပြောချင်တာတွေရေးလို့ရတယ်.. မကျေနပ်သေးဘူး...how can i make money by using blogspot ? စိတ်ကူးယဉ်တာပေါ့နော်..တခါတခါလည်း
စိတ်ကူးလေးတွေတည့်သွားတော့အရမ်းပီတိဖြစ်မိပြန်တယ်..Myanmar Blogger အားလုံးကိုလေးစားပါတယ်.MCPA မှာ everything is blogable အစီအစဉ်ကို
သိရတော့တကယ်ပဲဝမ်းသာပါတယ်...ဒါပေမဲ့ကျမ်းမာရေးလည်းသိပ်မကောင်းလို့မရောက်ဖြစ်ခဲ့ဘူး...blog တွေမှာပြန်ကြည့်ဖြစ်ပါတယ် တကယ်ရောက်ခဲ့ရသလိုပါပဲ..
Cbox idea ကိုသဘောကြမိတယ်.ကိုမောင်လှကြီးဘာတွေရေးသွားပါလိမ့်..Mandalay က blogger တွေကို မိတ်ဆွေတွေကလွဲလို့လူနဲ့နာမည်နဲ့မတွဲမိဘူး.
အခုမှတချို့ကိုသိရတော့ blog design လှလှလေးတွေဖန်တီးနိုင်သလို လူတွေကလည်းချောချောလှလှလေးတွေပဲ..(မုန့်ကျွေးနော်..).ဒေါ်ရတနာ၊ S potato
နဲ့ ကိုဇော်မျိုးအောင်တို့..ကျွန်တော်တို့ ( ကျွန်တော်နဲ့ကိုမျိုးအောင်) ဆီတကူးတက ရောက်လာပြီး blog member card လေးတွေပေးသွားတာ
ကျေးဇူးတင်ပါတယ်..လူတွေကြားထဲသိပ်မနေချင်တဲ့ ကျွန်တော်တို့ကို နောက်တခါ seminar လိုမျိုးတွေမှာလာဘို့ပြောတယ်..တတ်နိုင်တာလေးတွေကူညီလုပ်ကိုင်ပေးပါ့မယ်လို့စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်ပါတယ်.... နောက်ပြီး wheel of fortune နှစ်သက်သူတိုင်း program ကိုလွတ်လပ်စွာ link နိုင်ပါတယ်..Secrete of TAROT
ကိုလည်းပိုပြီးအဆင်ပြေအောင်ကြိုးစားပါဦးမယ်။ Myanmar blogger အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေ...


1 comment:

hnin said...

ဆုတောင်းကြောင့် ကျန်းမာနေပါတယ်။ ဘလော့ရဲ့ တခြားပို့စ်တွေ သိုးလေး မတွေ့မိလို့ပါ။ ဒါပဲ တင်ထားတာလား။ သိုးလေးလည်း ပထမဦးဆုံး စသိတဲ့ အပြင်ဘလော့က ကိုမောင်လှဘလော့ဂ်ပါ။ ပထမဦးဆုံး မြန်မာလိုရေးလို့ရတာလည်း ကိုမောင်လှ လုပ်ပေးထားတဲ့ win2zawgyi font ဆိုတဲ့ box လေးကနေ ရေးလို့ ရတာပါ။ ဘလော့ပို့စ်တွေ တင်ပါ။ အားပေးမှာပါ။