Friday, August 31, 2007

World Blog Day Seminar2007

WorldBlogDay Seminar မှာကျွန်တော်ဆွေးနွေးတင်ပြတဲ့အကြောင်းအရာများပါ။

ကြွရောက်လာသော ဂုဏ်သရေရှိ လူကြီးမင်းများနှင့် တကွ Blogger များ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...Blog နဲ့ ပတ်သက်တဲ့ Ethic တွေကို ဆရာကျော်ရင်မြင့်က ပြည့်ပြည့်စုံစုံ ပြုစုပေးပါတယ်. မရတနာချိုရဲ့Blog မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်.Blogger များ လိုက်နာသင့်တယ်လို့လည်းထင်ပါတယ်။ ကျွန်တော် ဘာပြောရမယ်ဆိုတာ စဉ်းစားလိုက်တော့ တစ်နည်းအားဖြင့် ကျွန်တော့်ထက် ပိုပြီး သိတဲ့၊ တတ်တဲ့ လူတွေကို ဘာပြောရမလဲ စဉ်းစားလိုက်တော့ ကျွန်တော့်ရဲ့Blog ပေါ်မှာ ထားရှိတဲ့ idead တွေကိုပဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်. . ကျွန်တော် ပြောတဲ့ အချက်တွေထဲမှာWeek point တွေရှိနေရင် ဖြည့်ပေးကြပါ… မှားတာရှိရင်လည်း ပြင်ပေးနိုင်ပါတယ်. (၂)ပိုင်းခွဲပြီး ပြောဖို့ စိတ်ကူးထားပါတယ်. နံပါတ်(၁)က Aims for Blogging နဲ့ နံပါတ်(၂)ကHow to make effective blog ပဲ ဖြစ်ပါတယ်.detail မဟုတ်ပါဘူး concept လောက်ပဲပြောချင်ပါတယ်..

Aims For Blogging

ဘာလို့Blog ကို လုပ်သလဲပေါ့. ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲပေါ့. ကျွန်တော် နဲ့သိတဲ့ Blogger တွေကိုလည်း မေးကြည့်တယ်. ကိုယ်ကိုယ်တိုင် ဘာကြောင့်လုပ်ဖြစ်တာလည်း ..ဆိုတာ ပြန်တွေးကြည့်တယ်. အဲဒီ့အခါမှာ အချက်(၅) ချက်ကို တွေ့ရတယ်.
နံပါတ်(၁)က

(a) Attack the stress
Life is struggle ဆိုတာ လူတော်တော်များများ အတွက်လို့ ထင်ပါတယ် IT field ထဲမှာ ဆိုရင်Technology changes ဒဏ်တွေကို ခံနိုင်ဘို့ အရမ်းကြိုးစားရပါတယ်. ခေတ်က မတူတော့ဘူး. ရုံးလုပ်ငန်းတွေမှာ Paper work ကနေ တစ်ဆင့် Digital format ကို ပြောင်းသွားပြီ… နည်းပညာပြောင်းလဲမှု Life style ပြောင်းလဲမှု အပြောင်းအလွဲများစွာရဲ့ ကြားမှာ စိတ်ရဲ့ မွန်းကြပ်မှုတွေရဲ့ ထွက်ပေါက်အနေနဲ့Blog ကို လုပ်ကြတယ်. ..မသေချာတာတွေပဲ သေချာနေတဲ့အတွက် ရင်ထဲမှာ ခံစားရသမျှBlog မှာ ဖွင့်ရေးပြစ်တယ်. နောက်ပြီးအပြင်မှာ အချိန်တွေ နည်းလွန်းလို့ အလည်အပတ်မသွားနိုင်တော့ online မှာ Blog visit လုပ်တယ်. .. ပြောချင်တာက stress တွေကို relax လုပ်ပြစ်ဖို့ Blogger ဆိုတာဖြစ်လာရပါတယ်…

(b) Technology Exchange

နောက် Blogging ရဲ့ Aim တစ်ခုကTechnology Exchange ပါပဲ. တစ်ဦးနဲ့ တစ်ဦး နည်းပညာဖလှယ်တာပေါ့. နည်းပညာနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိတယ်. အနားမှာ မေးရမယ့်လူ မရှိဘူး.Blog မှာ ပြဿနာတွေ၊ သိချင်တာတွေ ဖြေရှင်းပေးဖို့ Post တင်လိုက်တယ်. အဲဒီအခါမှာ တစ်ခြားBlogger တစ်ဦးက ဟာဒါမျိုး ငါဖြစ်ဘူးတယ်. ဒီလို Solve လုပ်လိုက်တာ ကောင်းသွားတယResponse ပြန်ပေးတယ်. ..comment ၀င်ရေးပေးတယ်…ပြေလည်သွားတယ်…
နောက်ပြီး.. ငါ့ကွန်ပျူတာမှာ ဒီ virus တွေရောက်နေတယ်.. Antivirus software တွေလည်းစုံနေပြီ ရှင်းလို့မရဘူး ဘယ်လိုလုပ် ရမလဲပေါ့… သိတဲ့သူတွေကပြန်ပြီးဖြေပေးတယ်..နို့မို့ရင်လည်း ဘယ် website မှာအဲ့ဒီကအကြောင်းရေးထားတာတွေ့လိုက်တယ် ရှာကြည့်ပါပေါ့ ..သူတတ်နိုင်သလောက်ကူညီတယ်..


(c) Entertainment

ဒါကတော့ ဖျော်ဖြေရေးအနေနဲ့ ကိုယ့်ရဲ့Favourite MP3 သီချင်းတွေFavourite Movie Files တွေကBlogမှာ တင်ပေးထားတယ်. နှစ်သက်ရင် ကြည့်နိုင်တယ်. နားထောင်နိုင်တယ်Download လုပ်နိုင်တယ်ပေါ့…


(d) Health

ကျန်းမာရေးကိုSupport ဖြစ်စေတဲ့ ကဏ္ဍပါ. ကျွန်တော်Blogမလုပ်ခင်က မောင်မောင်လှိုင်(အပ်စိုက်ကု) ရေးတဲ့ စာအုပ်လေးတွေ ကျန်းမာရေးအတွက် လူတိုင်းသိထားသင့်ပြီး အလွန်အကျိုးများမယ့် စာအုပ်လေးတွေ ဖတ်မိတယ်. ကိုယ့်လိုပဲ ကိုယ်နဲ့ ဆက်စပ်တဲ့ သူတွေကို ဖတ်စေ၊ သိစေချင်တယ်. ရောဂါအတော်များများဟာ မသိလို့ ဖြစ်သွားကြတာ များတယ် . Prevention is better than cure ဆိုတဲ့အတိုင်းပဲ သိထားရင် ကြိုတင်ကာကွယ်လို့ ရတာတွေ အများကြီးပဲပေါ့. ပထမတော့ စာအုပ်လေးတွေ ၀ယ်ပြီး လက်ဆောင်ပေးတယ်… နောက်တော့ copy ကူးပြီး ဝေတယ်. သိစေချင်တဲ့ စေတနာ သက်သက်ပဲပေါ့. အခု ဒီ blog တွေထဲမှာလည်း ကျန်းမာရေးအသိရှိတဲ့သူတွေ၊ ကျန်းမာရေးကို စိတ်ဝင်စားတဲ့သူတွေ နောက်ပြီး ဆရာဝန်တွေ ပါလာတယ်. အဲဒီတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လွန်စွာ တန်ဖိုးရှိတဲ့ အသိတွေကို blog တွေက တစ်ဆင့် ဖြန့်ဝေကြတဲ့ ရည်ရွယ်ချက် တစ်ခုပါပဲ….
(e) Making Money
(Every one wants to make big money)
ဒါကတော့ နဲ့ ငွေရှာတာကို ပြောတာပါ. လူကြည့်များတဲ့ ဘူသါ တွေမှာ blog တစ်ခုကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး ကြော်ငြာပေးတာပါ. နောက် လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းနဲ့ သူတို့ရဲ့ product တွေကို အခကြေးငွေယူပြီး blog site တွေ ဖန်တီးပေးတာမျိုးပါ။

Effective Blog


PPP Post Per Page
APP Animation Per Page
WPP Widget Per Page


U Sann Oo
Director
MCC-Mandalay

Read More...

Tuesday, August 28, 2007

မိုးကောင်းကင်ပျောက်ဆုံးခြင်း

ကဗျာတိုလေးတစ်ပုဒ်ပါ။


ငါ၏နှလုံးသွေးစက်တို့ဖြင့်
သူမ၏နှုတ်ခမ်းသည်ရဲရဲနီ၏....
ငါ၏မျက်ရည်စက်တို့ဖြင့်
သူမမျက်နှာလိမ်းကြံချယ်သ၏....
ငါ၏ဘ၀ကြွေရွက်ဝါအား
ခြေမွနင်းချေသွားလေပြီ။

Read More...

Sunday, August 26, 2007

self portrait_VANGO


ဗင်ဂိုးက သူ့ရဲ့ချစ်သူအတွက် သူ့နားရွက်ကိုဖြတ်ပြီး လက်ဆောင်ပေးသတဲ့ .. ...


သှူုလိုစိတ်ကူးမျိုးဘယ်သူရှိလည်း။

Read More...

Tuesday, August 21, 2007

StarryNIGHT-Vincent van Gogh



ဗင်ဂိုးရဲ့ နာမည်ကျော်ပန်းချီကားတစ်ချပ်ပါ။

Type rest of the post here

Read More...

Friday, August 17, 2007

ဝေဒနာ

စနေနေ့သည် ကျွန်ုပ်၏ ကိုယ်ခန္ဓာ Charging ကုန်သောနေ့ဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေနေ့သည် ကျိုးကြေသောနေ့အလိုလိုဖြစ်ရ၏။
တနင်္ဂနွေနေ့တနေကုန် ကောင်းကောင်းအနားယူမှသာလျှင် တနင်းလာနေ့အတွက် လုပ်ငန်းခွင်ဝင်ရန် အဆင်သင့်ဖြစ်ရသည်။ Pain
နှင့်ပတ်သက်ပြီးရေးချင်နေသည်မှာကြာပြီ ယခုရေးဖြစ်လိမ့်မည်ထင်သည်။

လူသည်ဝေဒနာ ၃ မျိုးနှင့်အမြဲနေ၏ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ဥပေက္ခာဝေဒနာတို့ဖြစ်ကြသည်။ တဖန်လူတစ်ဦးနှင့်တစ်ဦးဝေဒနာကိုခံစားနိုင်ပုံခြင်းမတူညီကြ။ သူငယ်ချင်းဆရာဝန်တစ်ဦး၏ ပြောပြချက်အရ
အန္ဒိယအမျိုးသမီးမွေးလူနာများသည် တရုတ်အမျိုးသမီးမွေးလူနာများထက် နာကျင်မှုကိုပိုမိုခံစားကြရသည်ဟု မှတ်ဘူးသည်။
(ဟုတ်၏မဟုတ်၏ဖြေကြားနိုင်ပါသည်) နာကျင်မှုကို ခံစားနိုင်သည့် အဆုံးအစွန်သော အမှတ်ထက်ကျော်လွန်သွားပါက သတိလစ်ခြင်းများဖြင့်
ဝေဒနာမှရုန်းထွက်ကြကုန်၏။အထက်ဖေါ်ပြပါ မမြဲသော ဝေဒနာ ၃ မျိုးစလုံးသည် ဒုက္ခများပင်ဖြစ်ကြ၏ ။ ဝေဒနာ၃မျိုးအနက် ဒုက္ခဝေဒနာနှင့်
သက်ဆိုင်သော နာကျင်မှု အကြောင်းကို ပြောချင်သည်။ လူဟူသည် လွန်စွာပျက်စီးလွယ်သော (ပျက်စီးနေသော) ကလပ်စီးများဖြင့်ဖွဲ့စည်းထား
သည်။ တဖန်လွန်စွာ ထိခိုက် နာကျင်လွယ်သော အာရုံများ ရှိကြသည်။ ရှေးက လက်သည်းကြားတွင် အပ်စိုက်စေပြီး မတွန့်သော သူများကို
သူရဲကောင်းအဖြစ်ရွေးချယ်သည်ဟုကြားဘူးသည်။ လက်တွေ့တွင်မူခြင်ကိုက်သည်ကိုပင်သည်းခံနိုင်သူရှားလှ၏။ရထားတိုက်မိပြီးခြေနှစ်ချောင်း
စလုံးပြတ်သွားသောလူနာတစ်ယောက်ကိုတွေ့ဘူးသည်။ နာကျင်မှုမှလွန်မြောက်သည့် သေဆုံးခြင်းသို့ရောက်သွား၏။ နာကျင်မှုကြောင့်
သေပါရစေဟုညီးတွားနေသော လူနာတစ်ယောက်နှင့်လည်း ဆုံဘူး၏။ ထိုသူလည်း ဆုတောင်းပြည့်သည်ဟုပြောရပေမည်။ပြောလိုသည်မှာ
လူတိုင်းလူတိုင်း တချိန်ချိန်တွင် ဝေဒနာနှင့်မလွဲမသွေကြုံတွေ့ကြရမည်ဖြစ်သည်။ သေခြင်းတရားသည်ပင် အပြင်းထန်ဆုံးဝေဒနာဖြစ်ကုန်၏။
တဖန်လူ၏ကိုယ်ခန္ဓာသည် လွန်စွာထိခိုက်ပျက်စီးလွယ်သည် မဟုတ်ပါလား။ အော်ဟစ်ငြီးတွားမှုဖြင့် ဝေဒနာကိုတွန်းလှန်နိုင်မည်မဟုတ်ပေ။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အကြိမ်ကြိမ်မှာတော်မူသော မမေ့မလျှော့နေကြဟူသည့်တရားသည် အဖြေပင်ဖြစ်သည်။
ဦးဇောတိကအရှင်သူမြတ်၏တိုက်တွန်းချက်များအရ မိမိလုပ်သမျှကိုသိ၍နေပါ။ ဤသည်မှာလွယ်မယောင်နှင့်ခက်သော ပထမအဆင့်ဖြစ်သည်။
သိ၍သိ၍နေပြီးနောက်သာမန်အသိမှ ဥာဏ်သိ သိသောအဆင့်သို့ရောက်လာမည်။ကိုယ်ခန္ဓာ၏ဖြစ်ပျက်သောသဘော၊ ငါ၏မရှိခြင်းနှင့်
ဝေဒနာ၏ ဖြစ်ပျက်တတ်သောသဘောတို့ကို ပိုင်းခြားထင်ထင် ၀ိပဿနာဥဏ်တင်၍ကြည့်ရန်လိုသည်။ ဒါန၊သီလ၊ဘာဝနာ တို့အနက်
အမြတ်ဆုံးသောဝိပဿနာတရားများကို ကြိုးစားအားထုပ်သင့်လှပေသည်။ မလွဲမသွေကြုံတွေ့ရမည့် အိုနာသေ ဘေးအတွက် မည်သို့
ရင်ဆိုင်ရမည်ကို စဉ်းစားသင့်သည်မဟုတ်ပါလား။ နာရေးဆိုပါက အတတ်နိုင်ဆုံးလိုက်ပို့ဖြစ်သည်။ အချို့က အနားမကပ်၊ အချို့က
မင်္ဂလာမရှိဆို၍မသွားကြ။ မိမိမှာမူပြာဖြစ်သည်အထိကြည့်ချင်မိသည်။ဘ၀၏နောက်ဆုံးရလဒ် မီးခိုးပြာများကို ကြည့်ပြီးလွန်စွာ
သံဝေဂရမိ၏ သို့သော် အ၀ိဇ္ဇာနှင့် တဏှာ၏အစွမ်းကားကြီးလှ၏။ အ၀ိဇ္ဇာသည်အမှန်တရားကို ဖုန်း၍ တဏှာသည်လမ်းမှားသို့
ဆွဲခေါ်မြဲဖြစ်သည်။ သို့ဖြစ်၍ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အကြိမ်ကြိမ်မှာတော်မူသော မမေ့မလျှော့နေကြ ဟူသည့်
လွန်စွာမှ အနှစ်သာရရှိသော၊ လေးနက်သော၊ မဟာဂရုဏာထားသော၊ အမှာစကားကို ထာဝရလိုက်နာ၍ ဘ၀၏အပြင်းထန်ဆုံး
ဝေဒနာအား တွန်းလှန်နိုင်သောသူများဖြစ်နိုင်ကြပါစေ။

Read More...

Monday, August 13, 2007

iGOOGLE

http://www.google.com/ig ကိုဝင်ပြီ Google Calendar တို့ You Tube Video တို့ဝင်ပြီးစမ်းကြည့်ပါလား။ ပျော်စရာကောင်းမှာသေချာတယ်။
ဒါပဲ..ဟဲဟဲ

Read More...

Friday, August 10, 2007

Blog Day Seminar

မရတနာချိုမှပေးပို့လာသော ဖိတ်ကြားစာဖြစ်ပါသည်။ စိတ်ဝင်စားတဲ့ Blogger များတက်ရောက်ချီးမြှင့်ပေးကြပါ။

အကြောင်းအရာ--------Blog Day Seminar အကြို Meeting ဖိတ်ကြားခြင်း။
ရက်စွဲ --------၁၂-၈-၂၀၀၇
အချိန် ---------ညနေ ၄ နာရီ
နေရာ ---------အခန်း(၂၉)၊ကွန်ပြူတာပညာရှင်းအသင်း၊
ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း၊
ဖုန်း-၈၉၄၂၁
မှတ်ချက်.......အလုပ်ချိန်နှင့် တိုက်နေခဲ့လျှင် မှီသလောက်
ကြွရောက်ချီးမြှင့်ပေးပါရန်..........
ကျန် .....ဘလော့ဂါများကိုလည်း လက်လှန်းမှီသလောက်ဖိတ်ကြားပေးပါရန်။

Read More...

Thursday, August 09, 2007

PhotoALBUM-Spotato

ကဗျာအရေးကောင်းတဲ့ S-potato ရဲ့စာသားတချို့ခံစားကြည့်ကြပါ။ Flash file http://mrsannoo.googlepages.com/photo.swf မှာပြန်ပြီးထည့်ဘို့ကတော့ကဗျာတချို့ကိုစောင့်နေတာရယ်.. မအားသေးတာရယ်ကြောင့်ပါ။


အာရုံဆွမ်းခံကြွ သံဃာတော်များ

သံဃာတော်များ ညီညာစီလှ
အာရုံဆွမ်းကြွ ရှုခင်းက
ကြည်နူုးကြည်ညိုလှ



ပုဂံမြို့ဟောင်း

အညာလေညှင်း
ပုဂံရှုခင်းက
ရိုးမသွားပဲ
အစဉ်ဆန်းဆဲ

S-potato

Read More...

Sunday, August 05, 2007

MOTHER

အမေနဲ့ပတ်သက်ပြီးရေးထားတာလေးတွေပါ။ ခံစားကြည့်ကြပါ။

သားတွေအတွက် အမေ
သမီးတွေအတွက် အမေ
အားလုံးအတွက် အမေ ဒီအမေ......
နှစ်တွေဟောင်းလို့
ဇရာထောင်းလဲ
မပြောင်းလဲမှာ
အမေ့ရင်ထဲက မေတ္တာ.....
အေးမြတဲ့မေတ္တာရေ
အစဉ်သာပေးချင်တာ
အမေ့ဆန္ဒပါ။

(ညလေး)

အားလုံးရဲ့အမေ

နွေးထွေးသက်ဝင် အမေ့ရင်ခွင်မှာ
အေးမြမေတ္တာ ပြည့်ဝစွာနဲ့
စောင့်ရှောက်မပျက် ကျွေးမွေးခဲ့တာ
အားလုံးရဲ့အမေပါ.....

အရွယ်ရောက်လို့ အတန်းပညာ
သင်ယူစိတ်တို့ မွေးဖွားစေခဲ့တာလဲအားလုံးရဲ့အမေပါ....
အချိန်တန် အိမ်ပြန်တော့လဲ
သားသမီးအကြိုက်
အလိုက်သင့်ချက်ခါ
ကျွေးမွေးချင်ခဲ့တာလဲ အားလုံးရဲ့အမေပါ...

ပညာတွေလျှံတာဝန်တွေထမ်းတော့လဲ
သားတို့သမီးတို့အားလုံးအဆင်ပြေစေဖို့
အမေတွေ မေတ္တာဝေ
ဆုတွေပန်စေခဲ့တာလဲ အားလုံးရဲ့အမေပါပဲ...

သြော်အမေ..အမေ..
အမေ့ကျေးဇူးသမီးတို့ရေးအုံးမယ်ဆိုရင်ဖြင့်
သမီးတို့တစ်သက်ရေးစပ်လို့တော့ မကုန်နိုင်တော့ပါဘူးအမေရယ်..

နှင်းသစ္စာ

Read More...

Friday, August 03, 2007

PhotoALBUM

ကိုစစ်ကိုင်းရေးပြီးပို့လိုက်တဲ့ကဗျာလေးပါ..မျှဝေခံစားဘို့ post တင်လိုက်ပါတယ်..စိတ်ဝင်စားသူတိုင်း http://mrsannoo.googlepages.com/photo.swf မှာဓါတ်ပုံလေးတွေကြည့်ပြီး ကဗျာတိုလေးတွေ ရေးပြီး mrsannoo@gmail.com ကို ပို့ပေးနိုင်ပါတယ်။ဇော်ဂျီ font ကိုအသုံးပြုစေချင်ပါတယ်။ ReadMore ကိုရွးချယ်ပြီးဖတ်ကြည့်ပါ။

အင်းထဲမှာ ငါးရှာ
လှေအိုလေးရဲ့ အမြှီးမှာ
ကိုတံငါ ဆေးလိပ်တို ရှိုက်ကာဖွာလို့
ပုဆိုးရယ်တို
ပိုက်ကွန်ကို ပုခုံးမှာ ထမ်းပါလို့
ငါးပွက်ရာပိုက်ကိုလွှမ်းမယ်
သွားရော့လေဟယ်...

(ကိုစစ်ကိုင်း)

Read More...

Wednesday, August 01, 2007

Photo ကဗျာ-ဆည်းဈာ

ရုံးအဆင်း တခြားဘာအလုပ်မှလည်းမရှိလို့ အိမ်မပြန်ချင်သေးတာနဲ့ Cyber Caffee မှာ Blogging လုပ်နေမိတယ်..Speed ကတော့လူတွေကိုသည်းခံစိတ်ရှည်တတ်အောင်လေ့ကျင့်ပေးနေသလိုပါပဲ http://mrsannoo.googlepages.com/photo.swf မှာဓါတ်ပုံလေးတွေရဲ့ဘေးမှာသုံးဘို့ ပုံနဲ့လိုက်ဖက်မဲ့ ကဗျာတိုလေးတွေ ရေးပို့ပေးစေချင်တယ်..ကျွန်တော်၏အနုပညာကိုလေးစားသော ကျွန်တော်၏မိတ်ဆွေများအမှန်တကယ်ဖြစ်သော သူများကိုတောင်းဆိုလိုက်ပါတယ်..By name ဖြင့် tag မလုပ်ချင်ပါ။ အားလုံးကိုလေးစားပါတယ်။ ဆည်းဈာဆိုတဲ့ ဓါတ်ပုံလေးအတွက်တော့ အခုပဲဒီလို ရေးလိုက်မိတယ်..

ဆည်းဈာ

နံနက်ခင်းတစ်ခုမွေးဖွားရန်
ညနေခင်းသည်ချုပ်ငြိမ်းရ၏

ချုပ်ညရီဆည်းဈာအလှ
ဘ၀နိဂုံးအထိ
မိမိရရ အပြုံးလှပေစွ

တစ်ဦးတစ်ယောက်ကောင်းဖို့
တစ်စုံတစ်ယောက်
ပျက်စီးရသည်မှာ
ဓမ္မတာတည့်။

Read More...

ReadMoreFunction!

Post မှာ Read More function ကိုသုံးကြည့်ချင်တာ ..

ကိုယ်တိုင်ရှာဖွေလုပ်ကြည့်တော့အဆင်မပြေတာနဲ့ blog မိတ်ဆွေဖြစ်တဲ့ http://www.saturngod.blogspot.com/ ကို
လှမ်းပြီးအကူအညီတောင်းလိုက်တော့ ရက်ရောစွာပဲ သူဖန်တီးထားတဲ့ blogger လက်စွဲစာအုပ် (ကျွန်တော်ပေးထားတဲ့နာမည်) ကြီးကို download link ပေးလိုက်တယ်..အရမ်းတော်တဲ့ ကောင်လေးပဲ UCSY မှာ Hons တန်းကပါ။ စေတန်ရေ ကျေးဇူးကမ္ဘာပဲနော်..Blog လုပ်တဲ့သူတွေကိုလည်း အဲဒီ့စာအုပ်ကိုလမ်းညွှန်လိုက်တယ်..http://saturngod.blogspot.com/2007/06/making-blog.html

Read More...

MCPA-Website

ကိုကျော်ကျော် (MCPA) ဟာ ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၁၅ နှစ်ကျော်ကတည်းက မန္တလေး MCC မှာအတူလက်တွဲခဲ့တဲ့ လုပ်ဖေါ်ကိုင်ဖက်
တစ်ယောက်ပါ။ အခု MCPA ရဲ့ website လေးလုပ်ချင်တယ်လို့ပြောလာတယ်. professional တစ်ယောက်မဟုတ်တဲ့အတွက် လိုအပ်တာ
တွေကိုပြည့်ပြည့်စုံစုံ လုပ်ပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်.ကိုယ်လုပ်ပေးနိုင်တဲ့ အခန်းကဏ္ဍတစ်ခုအတွက် တတ်နိုင်သလောက်လုပ်ပေးပါ့
မယ်လို့ပြောလိုက်တယ်.အခုရက်ပိုင်းမျက်စိဆရာဝန်နဲ့ နှစ်ပါးသွားနေရတယ်.အမြင်တွေမကြည်လင်လို့..မျက်မှန်နှစ်လက်နဲ့ ကွန်ပျူတာရှေ့မှာ
အလုပ်ရှုပ်နေရတယ်.အလုပ်တွေကိုနားပြီးလုပ်ရတာပေါ့..ဘလော့ခ်ဂါတွေအားလုံး ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေလို့..
ဆုတောင်းလိုက်ပါတယ်.

Read More...