Friday, April 27, 2007

ကျွန်တော်နှင့် Brontok


::
ဌာနဆိုင်ရာတစ်ခုမှ ကွန်ပျူတာများ Virus ထိပြီးပြင်ရန်ရောက်လာပါသည်။ဖြစ်ပုံမှာ Flashy နှင့်ဆင်ပါသည်။ သို့သော် Flashy ထက်ပိုဆိုးပါသည်။
(၁) Folder option ကိုဖျောက်ပြစ်သည်
(၂) task manager ကိုဝင်လို့မရတော့
(၃) Regedit သုံးမရ
(၄) Savemode အထောက်အကူမဖြစ်
(၅) AVG update လည်းအလကားဖြစ်သွား
(၆) Anti Virus program များသုံးမရ။ memory ပေါ်အတင်မခံ
(၇) Floder အသစ်များပွားလာသည်။
(၈) တစ်ချို့ Folder များဖွင့်လျှင် Auto ပြန်ပိတ်ကုန်သည်
(၉) ????

Anti virus software အတော်များများဖြင့် detact လုပ်ကြည့်ရာ အဆင်မပြေ။ မိမိရုံးမှ စက်တချို့ကူးစက်ခြင်းခံလိုက်ရသည်။ နောက်ဆုံးတွင် Kaspersky software install လုပ်ပြီး scan စစ်သည့်အခါမှ မောင်မင်းကြီးသား Virus မဟုတ် Worm များသာဖြစ်ကြောင်းသိရသည်။ worm စွဲကပ်နေသော file များကို Kaspersky ဖြင့်စစ်ပြီး delete လုပ်ရာတွင် အဆင်ပြေသွားသည်။၂ရက်ခန့် ဦးဏှောက်အတော်ခြောက်သွားရပါကြောင်း။

(1) Virus information : Email-worm.win32.brontok.n
(2) Detect & clean Antivirus Software : Kaspersky
မှတ်ချက်။ Kaspersky မှာ အခြား Antivirus software များနှင့် အတူအလုပ်မလုပ်။

Wednesday, April 25, 2007

နေရာ

::
ငှက်ကလေးသည် သူ၏သိုက်မြုံတွင် ရပ်တည်ရှင်သန်ရန်ကြိုးပမ်းရသည်။ သစ်ရွက်ခြောက်များ သစ်ကိုင်းခြောက်များဖြင့် ၄င်း၏အိမ်လေး မိုးဒဏ်လေဒဏ်ရာသီဥတုဒဏ်များခံနိုင် ရန်ပြင်ဆင်ရသည်။ နေ့စဉ် အစာရှာဖွေရန်နည်းလမ်းရှာရသည်။ သူ့အတွက်ငှက် အသိုင်းအ၀ိုင်းတွင် ရှင်သန်နေထိုင်ရန် နေရာလေးတစ်ခုကို သူ၏စွမ်းရည်လေးဖြင့် ကြိုးပမ်းရရှာသည်။ အိမ်တွင်ကြောင်လေးတစ်ကောင် ရှိသည် ။ သူ၏ရပ်တည်မှုအတွက် အိမ်ရှင်များကို ပွတ်သီးပွတ်သပ်လုပ်သည်။ အခြားမှနေရာလုမည့် ကြောင်ကြီးများမလာရန် အစွမ်းရှိသမျှ တားဆီးကာကွယ်ရသည်။ သူ့ဘ၀တွက်လုံခြုံသောနေရာလေးတစ်
ခုကိုကိုယ်စွမ်းရှိသလောက် ကြိုးပမ်းတည်ဆောက်ရသည်။ လူရယ်လို့ဖြစ်လာတော့ လူ့အသိုင်းအ၀ိုင်းတွင် လူတစ်လုံး သူတစ်လုံး ဖြစ်ရန် လူတန်းစေ့ရပ်တည်နေနိုင်ရန် အဓိပ္ပါယ်ရှိသောဘ၀တစ်ခု ပိုင်ဆိုင်ရန် ကြိုးပမ်းရတော့သည်။ မူလတန်းကျောင်းသားဘ၀ အလယ်တန်း အထက်တန်း ကျောင်းသားဘ၀ နောက်ဆုံး တက္ကသိုလ်ကျောင်းသားဘ၀ တို့ဖြင့်နှစ်ပေါင်းများစွာ အပင်ပမ်းခံပြီး စာများကိုကျက်မှတ်ရသည်။ ကျောင်းမနေသောသူတို့လည်း ဘ၀တွင် ပေးဆပ်ခြင်းများစွာ၊ ပင်ပမ်းဆင်းရဲခြင်းကြီးစွာဘ၀ရပ်တည် မှုအတွက်ကြိုးပမ်းကြရသည်။ တက္ကသိုလ်ကျောင်းသားဘ၀ပြီးဆုံးသော်လည်း ပြင်ပမှ အပြည်ပြည် ဆိုင်ရာ ဒီပလိုမာသင်တန်းများ ၊ အဆင့်မြင့်ဒီပလိုမာသင်တန်းများ၊ နိုင်ငံခြားတက္ကသိုလ်များမှ ဘွဲ့ရသည်အထိ ပေါင်းကူးနိုင်သည့် သင်တန်းများ၊ စသည်တို့ကို ရှိသမျှငွေကြေးတို့ ပုံအောပြီးတက်ရပြန်သည်။ ကိုယ်ကာယကိုအရင်းပြု အလုပ်လုပ်သူတို့သည် နဖူး မှချွေး ခြေမ ကျသည်အထိပင်ပမ်းသကဲ့သို့ ၊ ဦးဏှောက်ကို အသုံးပြုသောသူတို့သည်ခေါင်းများနောက်ကြိမူးဝေပြီး ဆံပင်များကျွတ်ထွက်သည်အထိ ကြိုးစားရသည်။ မိမိအတွက် လောကကြီးတွင် ရပ်တည်ရန် နေရာလေးတစ်ခုတော့ ရှိရမည်။ သက်တောင့်သက်သာ လုံခြုံသောနေရာလေးတစ်ခု ရှိချင်သည်။ လူတိုင်းအတွက် လူတိုင်း၏လုပ်ဆောင် ချက်အလိုက် နေရာများ ရရှိကြမည် သာဖြစ်သည်။ နေရာကောင်း တစ်ခုရပြန်တော့ မိမိ၏နေရာလေး ပိုကောင်းရန်၊ မိမိ၏နေရာမြဲရန်ကြိုးစားရပြန်သည်။ နေရာကောင်းကောင်းမရသူတို့လည်းနေရာကောင်းရရန် အချိန်ရှိသမျှ ကိုယ်စွမ်းဥဏ်စွမ်းရှိသမျှကြိုးပမ်းကြပြန်သည်။ လူမိုက်တို့သည် မရိုးသားသော ကောက်ကျစ် စဉ်းလဲသောနည်းမျိုးစုံကိုသုံးကြပြန်သည်။ တချိန်ချိန်တွင် လုံခြုံပြည့်စုံသော နေရာလေး ရရန်မျှောင်လင့်ချက် များဖြင့် လူတွေအလုပ်လုပ်ကြသည်၊ ကျောင်းသား/ကျောင်းသူတွေစာဖတ်ကြရသည်။ " မင်းဘာလုပ်နေလည်း " ... " ငါကတော့ xxx ကုမ္ပဏီမှာ system analyst လုပ်နေတယ် " " ငါကတော့ designer ပဲ " ဒါတွေကသူတို့ရဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့နေရာလေး တွေကိုကိုယ်စားပြုနေပြန်သည်။ အဲလိုဖြစ်လာဖို့ ဘယ်လောက်ရင်းနှီးထားရတယ်ဆိုတာ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မယ်။ပထမမှာ project များစွာ၊ assignment များစွာ exam များစွာ။ နောက်မှာ အင်တာဗျူးများစွာ၊ အစမ်းခန့်ကာလများစွာ၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက် ရသော real-life project များစွာ၊ နောက်ဆုံးမှာ ရည်မှန်းချက်ပန်းတိုင် ဖြစ်တဲ့ နွေးထွေးသောနေရာလေးတစ်ခုပေါ့။လုံခြုံသော အသင့်အတင့်ပြည့်စုံသော နေရာတစ်ခုရပြီးပြီလား ? ။ရှာဖွေကြိုးပမ်းရင်းဖြင့် အချိန်တွေသာကုန်လူပင်ပမ်းပြီး စိတ်ဓါတ်ကျနေပြီလား ? ။မိမိကိုယ်မိမိ တစ်ချိန်ချိန်တွင် ပြီးပြည့်စုံသော ဘ၀တစ်ခုပိုင်ဆိုင်ရမည်ဟု ယုံကြည်ချက်ရှိပါသလား ? ။ လူသားအားလုံး တနေ့နေ့မှာ လုံခြုံ ငြိမ်းချမ်း ပြည့်စုံတဲ့ နေရာကိုယ်စီ ပိုင်ဆိုင်ကြပါစေလို့ ......ဆုတောင်းလိုက်ပါတယ်။

Tuesday, April 24, 2007

ကျွန်တော် အချိန်မှီ အမြန် တက် (Tag) ရခြင်း။

::

ကျွန်တော် အချိန်မှီ အမြန် တက် (Tag) ရခြင်း။
CMS ရေ မင်းမွှေးတဲ့မီးက မသေးဘူးဟေ့၊ ကိုယ်ရေးချင်တာက ခံစားလို့ရသည့်အကြောင်းအရာ၊ နည်းပညာ နှင့် ဘ၀ရသ ဒဿနများ။အခုရေးနေကြတာတွေက ကိုယ့်အကြောင်းတွေ .. Biography လိုလို ဘာလိုလိုပဲ.. ဖတ်လို့တော့ ကောင်းပါတယ်.."နေရာ" ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ်ရေးမယ်လို့စိတ်ကူးထားတာရှိတယ်.. အချိန်မရသေးလို့။ နောက်မှတင်မယ်..အခုတော့ သူများတွေလို လိုက်တက် လိုက်ဦးမယ်..
(၁) ခေါင်းမာသည် အလွန်ကိုမာသည် စူပါမင်း ကဲ့သို့မာသည်။

(၂) မိမိ မှန်သည်ထင်လျှင် ဆွတ်လုပ်တတ်သည်။
(၃) အလုပ်တစ်ခုကို ဇွဲနှင့် လုပ်တတ်သည်၊ မပြီးမချင်း နေရာကမထ ဈန်ဝင်ပြီးလုပ်သည်။
(၄) လူတွေ (လူအများ) နှင့်ဆက်ဆံရသော လုပ်ငန်းများကိုမနှစ်သက်။
(၅) ဟိတ်ဟန်များသူတွေကို ကြည့်လို့မရ။
(၆) စာရေးဆရာ များကို အထင်ကြီးသည်။
(ရ) တစ်ကိုယ်ရေ နေရသည်ကိုနှစ်သက်သည်။
(၈) အေးအေးဆေးဆေးရှိသော ပါတ်ဝန်းကျင် တွင်နေလိုသည်။
(၉) ရည်ရွယ်ချက်ထားပြီး၊ လုပ်စရာရှိသည်များကို ဇွဲနှင့်လုပ်သည်။
(၁၀) မိမိရည်မှန်းသည့် အတိုင်းဖြစ်မလာပါက မိမိလုပ်သင့်သည်ကိုလုပ်ပြီးဖြစ်သဖြင့် ကံအတိုင်းဟုသာ ယူဆ လိုက်၏
(၁၁) စကားသိပ်မပြောချင်..မျက်နှာကြော အတော် တင်းသည်ဟု လူတော်တော်များများပြောကြသည်။
(၁၂) မိန်းခလေးများကို သိပ်ခါမဲ့ မျက်နှာကြောပြောင်စွာ ကြူ (ပိုး) သူများကို လွန်စွာအော့နှလုံးနာအထင်သေး သည်။
(၁၃) ယောကျာင်္းသိပ်ခါရှိရမည်ဟုခံယူထားသည်။
(၁၄) လှပသောမိန်းခလေးများနှင့်မတည့်။
(၁၅) ပညာတော်ပြီး ရိုးသောမိန်းခလေးများနှင့် အတော်လေပေးဖြောင့်သည်။
(၁၆) ခရီးထွက်ခြင်းကိုနှစ်သက်သည်။
(၁ရ) မိုးရွာညများတွင်စာဖတ်ပြီးအိပ်စက်ရသည်ကိုနှစ်သက်သည်။
(၁ဂ) ခရမ်းရောင်ကို ခရေဇီဖြစ်သည်။ အဖြူရောင်ကိုကြိုက်သည်။
(၁၉) ထိခိုက် ခံစား လွယ်သော နှလုံးသားရှိသည်။ အိမ်မှကြောင်လေး ခွေးလေးများ သေလျှင်လွန်စွာ စိတ်မကောင်း ။
(၂၀) တရားနှင့်နေလိုသည်။ လူတိုင်းတရားရှိစေချင်သည်။

Sunday, April 22, 2007

အမေပြောတဲ့ ဟိုတုန်းကမန္တလေး

အမေပြောတဲ့ ဟိုတုန်းကမန္တလေး

ပူပြင်းခဲ့တဲ့တချိန်က မန္တလေးမှာ အခုလို တိုက်တာ အိမ်ခြေတွေ သိပ်မများလို့ သစ်ပင်ရိပ် တွေနဲ့ချွေးသိပ်နိုင်သတဲ့ နွေထနှောင်း ဆောင်းမန်ကျီး အဆိုအတိုင်း အေးမြတဲ့ထနှောင်းရိပ်တွေက ပေါမှပေါဆိုပဲ ... ထူးဆန်းတာက မြင်းကြီး ဆွဲပြီး မြင်းနို့လတ်လတ်ဆတ်ဆတ် လိုက်ရောင်းတဲ့ လူကြီး
ရှိတယ်ဆိုပဲ..မြင်းနို့ဟာအပူကိုငြိမ်းစေသတဲ့...နောက်ပြီး မန္တလေးမှာ ရေချမ်းစဉ်တွေများ သဲခံပြီးထည့်ထားတာ သောက်လိုက်ရင် အသည်းထိအောင် အေးဆိုပဲ..လူကြီးတွေက ကလေးတွေကို ငှက်ပျောသီးနဲ့ ရွှေဆိုင်းရော ကျွေးခြင်း၊ မန်ကျီးဖျော်ရည်တိုက်ခြင်း၊ သနပ်ခါးလိမ်းပြီး အရိပ်မှာနေစေခြင်း တို့ဖြင့် အပူဒဏ်တွေက ရိုးရာနည်း တွေနဲ့ကာကွယ်ပေးသတဲ့.. ဟင်းချက်ရင်လည်းဓါတ်သဘောအရ အအေး စာများကိုရွေးပြီး ချက်ပြုတ်ကျွေးမွေး ပြန်သတဲ့..အခုလိုအေးမြနေတဲ့ shopping mall တွေမရှိတဲ့မန္တလေး၊ တုတ်ထိုးဆိုင်၊ အကင်ဆိုင်၊ မာလာဟင်းဆိုင်၊ ဘီယာဆိုင် တွေမရှိတဲ့မန္တလေး၊ cyber caffe, J donut, Kara okyမရှိတဲ့မန္တလေး၊ mp3, mp4, CD ok, Sony game, စနူကာဆိုင်မရှိခဲ့တဲ့မန္တလေး၊ ဘာကင်ဆာ ညာကင်ဆာ ကြားရခဲတဲ့ မန္တလေး၊ အသည်းအဆီဖုန်းရောဂါ၊ ဘီပိုး စီပိုး၊ ကိုယ်ခံအားနည်းရောဂါမကြားဘူးတဲ့မန္တလေး၊ ဂျော်ဒါးနိုး၊ step မသိ၊ model မရှိ၊ ဆံပင်ဖြောင့်တာမရှိ၊ မျက်နှာပေါင်းတင်တာမရှိ၊ ဖုန်ထူပြီး ခြင်ပေါတာ လောက်တော့ အောင်ပင်လယ် ယာခင်းတွေဘေးမှာ နန်းတော်ရှေ့ဆရာတင်ရဲ့သီချင်းလေးညည်းရင်း
သည်းခံနိုင်ကောင်းပါရဲ့ဗျာ..။

Thingyan2007


::stevan ရိုက်ထားသောပုံများဖြစ်ပါသည်။

Tuesday, April 17, 2007

သင်္ကြန်ရေ၊ အယ်လ်ကိုဟော၊ အပျိုချောများနှင့် ကျွန်တော်

::

သင်္ကြန်ရေ၊ အယ်လ်ကိုဟော၊
အပျိုချောများနှင့် ကျွန်တော်


နှစ်တိုင်းနှစ်တိုင်း သင်္ကြန်ရက်တွေမှ ကောင်းကောင်းနားရတာမို့ အိမ်မှာပဲနားနေကြဖြစ်တယ်..ဒီနှစ်တော့ ရုံးမှမိတ်ဆွေလေးများ ရဲ့ကောင်းမှုကြောင့် ကျွန်တော်တို့ ကုမ္ပဏီမဏ္ဍပ်ကိုရောက်ဖြစ်သွားတယ်..ကျွန်တော်တို့ ကုမ္ပဏီမှာ ဦးကျော်ဟိန်း(သရုပ်ဆောင်) ရှိနေတာမို့အရမ်းပဲ စည်ပါတယ်.. ကျွန်တော့်မှာပထမတော့နည်းနည်းကြောင်တောင်တောင်နဲ့ အမ်ဒီနဲ့အတူဓါတ်ပုံရိုက်ဖြစ်တယ်..အဲ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ရဲ့မိတ်ဆွေလေးများ
(မြန်မာဘလော့ဂါ) နှစ်ယောက်ရှိ နေတယ်..ဘယ်သူတွေလည်းသိချင်လား.. myo aung နဲ့ steven တို့ပေါ့ဗျာ.. မောင်လှတော့ခရီးထွက်မယ် လို့သူ့ ရဲ့ဘလော့ခ် မှာပြောတာပဲ... steven ကတော့ဓါတ်ပုံတွေအများကြီးရိုက်ဖြစ်သတဲ့ သူ့ရဲ့ဘလော့ခ်မှာစောင့်မျှော်ကြည့်ကြစို့..
ကျွန်တော့မှာဗျာ စိတ်မကောင်းဖြစ်ရတာက ကျွန်တော့ရဲ့ဘလော့ခ်မိတ်ဆွေလေး ကျွန်တော်လာတာပျော်လို့ ဆိုပြီးကနေခုန်နေတုန်း ဘယ်ကဘယ်လိုဖြစ်တယ်မသိပါဘူး.. မေးကွဲသွားလို့ ၂ချက်လောက်တော့အနည်းဆုံးချုပ်ရလောက်ရဲ့.. ရောင်စုံအယ်လ်ကိုဟော
ဖျော်ရည် (ဖျော်ရည်နော်) တွေများဗျာ မိတ်ဆွေလေးများက တစ်ယောက်ပြီးတစ်ယောက်လာပေးလို့ အားနာတာနဲ့ (ဟဲဟဲ) နည်းနည်းသောက်ဖြစ် သွားတယ်.. အမှတ်ရဆုံးက တပည့်လည်းဟုတ်လုပ်ဖော်ကိုင်ဖက် လည်းဖြစ်တဲ့ ကိုမြင်းခြံ (နာမည်ရင်းမဟုတ်ပါ) က ရေသန့်ပုလင်းနဲ့ဖျော်ရညေ တွေလာပေး တဲ့အပြင် သူ့ဘောင်းဘီအိပ်ထဲက ကြက်ပေါင်တွေထုပ်ထုပ် ကျွေးလို့ ကြိတ်မှိတ်လို့စားရသေးသဗျ..ရေတွေစိုနေလို့ပါ။ အဲ ..
ဒီဘလော့ခ်စာမျက်နှာတွေကို ယူကေ ကမိတ်ဆွေလေး cmsmdy လေးစိတ်ဝင်တစား ဖတ်မှာသေချာတယ်. သူသိချင်နေတာ လေး တွေရှိမှာပေါ့... ရန်ကုန်မှအနုပညာရှင်များ နှင့် ကုမ္ပဏီမှ လှပျိုဖြူများ ကကြခုန်ကြ..အားပါးပါး ဟာဝါရီကျွန်း သူများလားအောင်မေ့ရတယ်..ဗျာ..hiphop
လား rock လား pop လား country လား သင်္ကြန်ဒိုးလား မေးမနေပါနဲ့ဗျာ.. ဒီအချိန်မှာဘာပဲဖြစ်ဖြစ် ရတယ်.. မှတ်မိနေတာကတော့ "
ဘိလပ်ရေချိုချိုလေးငါယူမှာကအပျိုလေး.." ရေစိုနေတဲ့အပျိုတွေ အမူပိုနေတဲ့ ဟန်နဲ့ရီဝေသောအကြည့် မထိတထိအပြုံး နှလုံးသား များ အပြန်အလှန်ဖတ်ရှုကြ... ကျွန်တော်မှာတော့ မီးသတ်ပိုက်ကြီးကိုသာအတင်းဆွဲ တအားပဲလိုက် ပက်နေမိတော့သည်။


သည်စာမျာက်နှာများဖြစ်မြောက်သွားရန် သင်္ကြန်ရက်၏ ချစ်ရသော တပည့် မိတ်ဆွေများအား နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျမ်းမာစေကြောင်း ဆုမွန်တောင်းရင်း မှတ်တမ်းတင်ပါသည်။

ကိုမျိုးအောင်၊ ကိုသက်ကြီး၊ ကိုအောင်ဇော်ဇော်ဌေး၊ ကိုမြင်းခြံ၊ ကိုလပြည့်၊ ကိုမင်းခန့်၊ ကိုဆန်းဝင်း၊ ကိုခိုင်တင်ကို၊ မမီမီကျော်၊ ကိုထက်၊ မဖြူဖြူသောင်း၊ မမို့ညီညီ၊ မခိုင် နှင့် ကျွန်တော်၏ ခင်မင်မှုကို အသိအမှတ်ပြုသောမိတ်ဆွေအားလုံး...

မရဏနုဿတိ

မရဏနုဿတိ

တချိန်က ရွှန်းလက်တောင်ပသောနှုတ်ခမ်းတို့သည် ညိုမှောင်ညစ်ပုတ်စပြုလာပြီဖြစ်သည်။ တောက်ပသောမျက်နက်ဝန်း အစုံသည် ဖွင့်ဟခြင်းငှာမစွမ်းတော့ပြီ။ နက်မှောင်သန်စွမ်းသော ဆံကေသာတို့သည်လည်း ခြောက်သွေ့ဖွာလန်ကြဲလျှက် ရှိတော့သည်။ အာရုံတို့ချုပ်ငြိမ်းရာ၊
ကံဇာတာတို့ကုန်ခမ်းရာနေ့၊ဝေဒနာတို့တခန်းရပ်ဇတ်ကခဲ့ချေပြီ။ မျက်စိ၊နား၊နှာ၊လျှာ၊ ကိုယ်၊စိတ် တို့နှင့်စတင်ဖြစ်တည်ရသော အာရုံတို့ငြိမ်းလေပြီ။
မျက်စိအကြည်နှင့် အဆင်းရုပ်တို့တိုက်ဆိုင်၍ဖြစ်ပေါ်ရသော အမြင်အာရုံသည်မရှိတော့။ အကြိမ်ကြိမ်တရှိုက်မက်မက် နမ်းရှုပ်ခဲ့ဘူးသော
သွယ်လျှ ဖြူစင်သည့် လက်ချောင်းများသည်ပင် အေးစက်မာကြောချေပြီ။ အလွန်တရာအကြောက်အလန့်ကြီးသော၊ အဖော်မပါလျှင်ဘယ်ကို မှ မသွားတတ် သောသူသည် ယခုတော့ အဖော်မပါ တကိုယ်ရေခရီးကို မပြောမဆို နှင်ရလေပြီ။ မျက်စိအောက်ကအပျောက်မခံချင်တဲ့သူတွေလည်း
အခုတော့ ခပ်ခွာခွာ၊ မထိမတို့ချင်ဖြင့် မြေကြီးအောင် ၆ ပေအနက်ထိစွန့်ပြစ်ကြလေပြီ။ အသုဘတို့အကြိမ်ကြိမ်ပို့ဘူးကြပြီ၊ ရီကာမောကာကားတန်းရှည်ဖြင့်၊ သံဝေဂသည် အဘယ်မှာရမည်နည်း။ သူသေတာ ငါသေတာမဟုတ်..အ၀ဇ္ဖာတန်ခိုး သံသရာအဆက်ဆက် စိုးမိုးထားသည်။ အသုဘမှအပြန် ဟိုဟာလိုချင် ဒီဟာလိုချင် တဏှာသည်လည်းစွန့်နိုင်ခဲမို့ အင်း..ငါငါ ငါဆိုတာ ဘယ်သူ့ကိုခေါ်တာလည်း...
IT
သမားမို့ AI (Artificial Intelligent) ခေတ်မှာရိုဘော့တွေက ကိုယ့်ကိုကိုလူလို့ထင် လာရင်ဘေးအမြင်က ရီမောချင်စရာကောင်းလှသမို့။
ဒီရိုဘော့တော့အရူးပဲဆိုချင်မှာပေါ့
..sensor
ကသိတာ
camera ကမြင်တာ တွေကိုငါသိတယ် ငါမြင်တယ် လုပ်နေတော့ သနားစရာရီချင်စရာ အမိုက် အမဲရိုဘော့ပေါ့..ကိုယ်တိုင်ရော ကိုယ်သိတာ ကိုယ်ခံစားတာ ရှိလား..?ငါရှိလား..? ။ ခံစားတတ်တဲ့သဘောသာရှိ မှတ်သားတတ် တဲ့သဘောသာရှိ အဲဒါတွေကိုငါလို့ ထင်ရင် ဟိုရိုဘော့လို အမှားကြီးမှားပေါ့..ဘယ်အချိန်မှသိမှာလည်း.. ငါဖြစ်ချင်သလိုမဖြစ်ရ ခန္ဓာသည် သူ့သဘောနှင့်သူဖြစ် နေရင်.ပေါ့။ ဥပမာ ဝေဒနာတွေကိုငါမခံစားချင်ဘူး ရလား ? ။ ငါအိုခြင်း နာခြင်း သေခြင်းတို့နှင့် မကြုံချင်ဘူး
ရလား ? ။ အချိန်ရှိတုန်း မလွဲမသွေရင်ဆိုင်ရမဲ့ ဒုက္ခတွေကလွန်မြောက်တဲ့ကျင့်စဉ်၊ လွတ်မြောက်မဲ့လမ်းကို ပညာအသိနဲ့ ရှာဖွေလို့ကြည့်တော့
သစ္စာလေးပါးကိုပိုင်းခြားထင်ထင်ရှုမြင်နိုင်သည့် မြတ်ဗုဒ္ဓ၏တရားဒေသနာကိုသာ တွေ့ရမည်မလွဲပေ။ နိဗ္ဗာန်သို့ရွယ်ရည်၍ အထူးရှုမှတ် ၀ိပဿနာ
အကျင့်မြတ်ကိုယခုပင်ကျင့်ကြံကျိုးကုတ် အားထုပ်ကြပါစို့။









Tuesday, April 10, 2007

နေပူထဲကကြေးစည်သံ



ကျွန်တော်တို့ ကုမ္ပဏီက ဗြမ္မစိုလူမှုကူညီရေးအဖွဲ့ကို ကွန်ပျူတာနှင့်ဆက်စပ်သုံးပစ္စည်းတွေလှုဒါန်းထားပါတယ်..ဗြမ္မစိုမှတာဝန်ရှိသူများက သူတို့ရဲ့ organization အကြောင်းလိုက်လံရှင်းပြပါတယ်..ကျွန်တော်စိတ်ဝင်စားမိတာက ဂျပန်ကမြန်မာလူငယ်တစ်ဦးရဲ့ ကုသိုလ်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃, ၄ ထောင်ခန့် (အတိအကျမမှတ်မိတော့) တန်ဖိုးရှိသော ကာဒီလက် အသုဘယာဉ် ပဲဖြစ်ပါတယ်..၄င်းယာဉ်ကို မြန်မာငွေကျပ် တစ်သိန်းနှင့်အထက်လှူဒါန်းသူတို့ကိုပြန်လည်ကူညီ ပို့ဆောင်ရန်ဖြစ်တယ်လို့သိရပါတယ်..စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါတယ်..အဲဒီ့ လှုဒါန်းပွဲမှာ အလွန်လေးစားဖွယ်ရာပုဂ္ဂိုလ်များနဲ့ဆုံးဆည်းခဲ့ရပါတယ်... ဆရာကျော်ရင်မြင့်၊ အရီးတောင်းဦးကျော်သိန်း တို့နှင့် အခြား အများအကြိုးဆောင်လိုသူများဖြစ်ပါတယ်.. ဗြမ္မစိုလူမှုကူညီရေးအဖွဲ့ဟာ အသုဘယာဉ် အကျိုးဆောင်ခြင်းသာမက မရှိဆင်းရဲသားများ၏ ကျမ်းမာရေးဝန်ဆောင်မှုလည်းပေးသည်ဟုသိရပါတယ်..နတ်လူသာဓုခေါ်ဖွယ်ရာဖြစ်ပါသည်ခင်ဗျား..

Friday, April 06, 2007

Thursday, April 05, 2007

Myanmar Thingyan 1


::
သင်္ကြန်ရက်နီးလာတဲ့အခါ ကျုံးဘေးလမ်းတွေ ပလက်ဖောင်းတွေ လမ်းလည်ကျွန်းတွေမှာ ထုံးစံ
အတိုင်းဈေးရောင်းဘို့ နေရာတွေမှတ်ကြတာပေါ့..
ဒါပေမယ့် ဒီနှစ်အဲ့ဒီ့နေရာတွေမှာ ဈေးရောင်းခွင့်မပြု
တော့ဘူးလို့သိရတယ်...ဈေးသည်တွေအတွက်မကောင်း ပေမယ့်.. သင်္ကြန်ပြီး
သွားရင် အမှိုက်တွေတောင်လိုပုံ ပြီးကျန်ခဲ့တတ်တာ
မို့ တနည်းတော့ကောင်းပါရဲ့...
ဂျာနယ်တစ်ခုမှာ ဆူးငှက်ရဲ့ ဟိုတုန်းကမန္တလေး သင်္ကြန်ဆိုတာ ဖတ်လိုက်ရတယ်..အန္တရာယ်ကင်း ပြီးတကယ်ပျော်ဘို့ကောင်းတဲ့ ယဉ်ကျေးတဲ့တချိန်က
သင်္ကြန်ရက်တွေကိုလွမ်းမိသေးတော့သည်။ အေးမြစွာလှပသော ရေနန်းသူဇာ လှပျိုဖြူတို့ရဲ့ ယိမ်းနွဲ့နွဲ့ကဟန်...သင်္ကြန်မိုးစက်ပွင့်တို့အလွန် မြေသင်းရနံ့နဲ့ ပိတောက်ပန်းပွင့် တွေ...အတိတ်ကအရိပ်တွေကိုပြန်လည်ခံစားမိတယ်..အခုတော့ ဟစ်ပ်ဟော့ပ် သင်္ကြန်မှာ ပူလောင်စွာရင်ခုန်ရမယ့် အာရုံတွေနဲ့ သတိလေးနဲ့ပျော်စေချင်တယ်...

Wednesday, April 04, 2007

Take the roll.

::

တန်းစီလိုက်ပါ

လူတန်းရှည်ကြီး
ဟာအသုဘတစ်ခုကိုငြိမ်သက်စွာလိုက်ပို့ရင်း

တရွေ့ရွေ့လျှောက်လှမ်းလာတယ်...

ရှေ့ဆုံးက အသုဘရှင်ဖြစ်တဲ့သူက
ခွေးတစ်ကောင်ကိုကြိုးနဲ့ဆွဲထားရင်း

ဘေးနားကလူတစ်ယောက်ကို အခုလိုပြောတယ်

သိပ်ကိုဆိုးတဲ့ခွေးဗျာ
ပထမကျွန်တော့်ယောက္ခမကြီးကို ကိုက်သတ်တယ်

အခုကျွန်တော့် မိန်းမကို
ကိုက်သတ်ပြန်ပြီလေ...

ဘေးနားကလူက တစ်ချက်ငြိမ်သွားပြီး

အဲဒီ့လူနားကိုကပ်လို့တိုးတိုးပြောတယ်..

ဒီမယ် အဲ့ဒီ့ခွေးကိုခဏငှားပါလားဗျာ..

အသုဘရှင်မှာ တစ်ချက်တွန့်သွားပြီး
အခုလိုပြန်ပြောလိုက်တယ်...

ဒီလိုဆိုရင်ခင်ဗျား
အခုတန်းစီနေတဲ့လူတွေနောက်က သွားပြီးတန်းလိုက်ပါ..
တဲ့

Return back !!!

::

အပြန်လမ်း



ဒီလမ်းကို လူတိုင်းလျှောက်ရမယ်

ဒီလမ်းက လူတိုင်းပြန်ရမယ်

ရောက်ဖို့လျှောက်ဖို့သာစိတ်ဝင်စားပြီး

ပြန်ဘို့တော့ မတွေးချင်ကြဘူး

ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ပြန်ကြမလဲ ..

အမေကိုတမ်းတညည်းတွားနေတဲ့အမေအို

တနေ့ကပဲဆေးရုံပေါ်မှာဆုံးသွားတယ်

ငြိမ်သက်ခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

ငိုကြွေးခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

အော်ဟစ်ရုန်းကန်ခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

မတုန်လှုပ်ခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

နေခြင်းသည်သေခြင်းထင်သေချာသလား

စဉ်းစားကြည့်လိုက်

လောကကြီးမှာ တစ်နေရာ ရဖို့ကြိုးစားလိုက်ရတာ

ဘ၀တဏှာကြောင့် ထင်ရာမြင်ရာစွဲလမ်းကြ

နောက်ဆုံးပိုင်ဆိုင်သမျှတွေအားလုံးချန်ရစ်လို့

တကိုယ်ရေ အဖေါ်မပါပဲ ဒီအပြန်လမ်းမှာ

ဘာတွေရခဲ့လည်း ဘာတွေပိုင်ဆိုင်ထားလည်း

ဘာတွေယူသွားနိုင်လည်း

ဘ၀အဓိပ္ပါယ်ကိုရှာဖွေရင်း နောက်ဆုံးတော့

အပြန်လမ်းကိုပဲတွေ့တယ်..

ဘယ်လိုပြန်မလဲ....ဘယ်ကိုပြန်မလဲ...ဘယ်တော့လည်း...

Tuesday, April 03, 2007