Thursday, May 24, 2007

Tuesday, May 22, 2007

မိမိနှင့်ထပ်တူမေတ္တာပို့ခြင်း

::

(၁) အိပ်ယာမှချမ်းချမ်းသာသာ နှင့် နိုးထရသည်
ဝေဒနာကင်းစွာ ကောင်းသောအိပ်စက်ခြင်းမှ နိုးထရသည်
လွန်စွာကောင်းလေစွ
သန့်စင်သောနံနက်ခင်း လေပြေများရှုရှိုက်ရင်း မင်္ဂလာစကားများ ဓမ္မတေးများ သာလျှင် နားဆင်ပြီး
ရင်ဆိုင်ရမည့် တနေ့တာအတွက်ပြင်ဆင်သည်။ ကောင်းသော အတိတ် နမိတ်ကိုဆောင်သည့် စကားများကိုပြောဆိုကြပါ..
ချမ်းသာလေစွ..
မိမိ၏ချမ်းသာခြင်းနှင့်ထပ်တူ လူသားအားလုံးချမ်းသာကြပါစေ...

(၂) ကြည်လင်သော ရေ နှင့် မျက်နှာသစ်စဉ် ဖြစ်ပျက်ခြင်း ယိုယွင်းခြင်း စသည်အထိမှတ်နိုင်လျှင်ကောင်းသည်..
ထိုအဆင့်သို့မရောက်လျှင် ရေအဆင်ပြေသည် မျက်နှာနှင့်ခန္ခာကိုယ်သန့်စင်သွားသည်
လန်းဆန်းသွားသည်.. ကောင်းလေစွ
ရေအဆင်မပြေမှု ကြုံဘူးသူမှသိမည်..
မိမိရန်ကုန်တွင်နေစဉ်က ထိုဒဏ်ကိုကောင်းကောင်းခံဘူးသည်။
၃ ၄ ရက်ခန့်မျက်နှာသစ်ရန် နံနက် ရေတဖလားမှအပ မရှိ
ရေသံကြားလျှင် ရူးချင်စိတ်ပင်ပေါက်သည်
ထို့ကြောင့် သန့်စင်သောရေဖြင့် ခန္ခာကိုယ်သန့်စင်ခွင့်ရခြင်းသည်လည်း
ကောင်းလေစွ..
မိမိ၏ချမ်းသာခြင်းနှင့်ထပ်တူ လူသားအားလုံးချမ်းသာကြပါစေ...

(၃) နံနက်စာတွင် စားချင်စိတ်ရှိခြင်း
မိမိစားလိုသည့် အရာများအဆင်ပြေခြင်း
မိမိစားလိုသည့် အချိန်တွင် စားချင်သည်များကို စားခွင့်ရခြင်း
ချမိးသာလေစွ
မိမိ၏ချမ်းသာခြင်းနှင့်ထပ်တူ လူသားအားလုံးနံနက်ခင်း အစားအစာများ အဆင်ပြေကြပါစေ..

(၄) ရုံးသွားပြီ
လမ်းခရီးတွင် ဘေးမသီရန်မခ မိမိလိုရာသို့ အချိန်မှီ မပင်မပမ်းရောက်ရ၏
တခါတရံတွင် ဒေါသထွက်စရာများကြုံရ၏
ဒေါသထွက်သွားကြောင်းသိလိုက်ပါ
မသိလိုက်က ဒေါသ၏လောင်မြိုက်မှုကိုခံရပေမည်
ခွင့်လွှတ်လိုက်ပါ
ငြိမ်းချမ်းပါသည် စိတ်ကိုမညစ်နွမ်းစေပါနှင့်
မိမိကဲ့သို့ အခြားသူများလည်း ကျင့်ကြံ ငြိမ်းချမ်းကြပါစေ...

(၅) ဆေးရုံကြီး ရှေ့မှအမြဲဖြတ်ရသည်
ဝေဒနာနှင့်ပတ်သက်ပြီး သီးသန့်စာအများကြီးရေးချင်သည်..
သို့သော် ယခုစာတွင် အကျဉ်းသာရေးအံ့
လူတွေအပြင်လောကတွင်လှုက်ရှားသွားလာကြသည့်နည်းတူ
ဆေးရုံနှင့် ရင်ခွဲရုံများတွင်လည်းလူများရှိနေပါသည်
ဆေးရုံတွင်ရှိနေသောသူများ ဝေဒနာတို့သက်သာပျောက်ကင်းပြီး
ခံစားရသောရောဂါများပျောက်ကင်းကြပါစေ..
ကံရှိသည့်အတွက်ခံရလျှင်လည်း ဝေဒနာကိုတရားနှင့်ယှဉ်ပြီး ရှုမှတ်နိုင်ကြပါစေ
ပြုံးသေ နှင့် မဲ့သေ ကိုနားလည်သဘောပေါက်နိုင်ကြပါစေ...
လူသားတိုင်း ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ..


Monday, May 21, 2007

Wednesday, May 16, 2007

NOD32


နောက်ပိုင်းမျိုးကွဲ Flashy Virus များအတွက် AVG နှင့်အဆင်မပြေ၊ Kasper Skey နှင့်လည်းမရ၊ NOD32 နှင့်

Scan လုပ်ပြီး Delete လုပ်နိုင်ကြောင်း သတင်းကောင်းပါးပါသည်။

::

အလွမ်းငှက်


::
ဟိုတစ သည်တစ အပိုင်းအစများ (သို့) အလွမ်းငှက်

နှလုံးသားဖြင့် ထုဆစ်ထားသော မျှော်လင့်ခြင်း ကောင်းကင်သည်တစစီပြိုကွဲ မိုးသားတိမ်တိုက် တို့နှင့်အတိပြီးလေပြီ...ဆောက်တည်ရာမဲ့ ဖြေပြေရာမဲ့ နားခိုရာမဲ့ကြွေလုလု ရော်ဝါရွက် သည်.... လေရူး၏ ကြည်စယ်မှု အောက်တွင် အလူးအလဲ ကြွေချိန်တန်ပြီလား ... ဝေချိန်ကုန်သည်များလား.သိမ်ရာသီ
ဝါခေါင်မိုးဖြင့် လှမ်းလာခဲ့သော ခတ္တာသည်မုတ်သုန်မိုးနဲ့အတူ ပျောက်ဆုံးသွားခဲ့ဂန္ထ၀င် တို့သည် တောက်တောက်ပြောင်ပြောင် စိမ်းလဲ့ကုန် ၏မိုးလင်းငှက်တို့၏ သီချင်းသံ နှင့်အတူအိပ်မဲ့ည ဒုက္ခနှင့်လူ၏ သီချင်းသံသည် အဘယ်မှာ ကာရံညီမည်နည်းမီးပုံတွင်းမှ အကြိမ်ကြိမ် ရှင်သန်ထမြောက်သော ဖီးနှစ်ငှက်ကို လေးစားခဲ့ကိုယ်ကိုယ်တိုင် ရုန်းထွက်ဖို့ကြ လွယ်မယောင်နဲ့ခက်ငွေလမင်းကိုနမ်းတဲ့ညရာဘင်ဒြာနတ်တဂိုး၊ ရှယ်လီ၊ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ရဲ့ကဗျာများမှော်ဝင်ခဲ့တဲ့ညဘယ်တော့မှမမေ့မဲ့ည

Friday, May 11, 2007

BeerScript!


::
Option Explicit
Private Sub Office_Off()

dim Cup as Integer
dim TotalCups as Integer
dim Weather as String
TotalCups=Budget/cost of cup
If weather = fine then Goto Beer Shop
For Cup = 1 to TotalCups { Cup+BBQ }
Loop
break
End
Else Goto Home
End if
End Sub.

YangonFlood (www.sannoo.blogspot.com)



::






ရန်ကုန်မှာလူအသေပျောက်ရှိသည် အထိမိုးများရွာသွန်းကြောင်းသိရပါသည်။
စိတ်မကောင်းစရာပဲဗျာ..

Thursday, May 03, 2007

Wednesday, May 02, 2007

၂၀၀၇ ခုနှစ် နှင့် အယ်လ်နီညို









:: ၂၀၀၇ ခုနှစ်သည် ကမ္ဘာ ကြီး၏ အပူဆုံးနှစ်အဖြစ် ခန့်မှန်းထားကြသည်။ အပူဒဏ်မှကာကွယ်ရန် သက်ဆိုင်ရာကျန်းမာရေး အဖွဲ့အစည်းများ မှထုပ်ပြန်သည့် ကြေငြာချက်များ ကိုအလေးပြုလိုက်နာရန်လိုသည်။အရက်သည် ခန္ခာကိုယ် ၏ အပူချိန်ကို မြင့်တက်စေသဖြင့် ယခုရက်များအတွင်း ရှောင်ကြဉ်ကြပါ။ ဘီယာ အနည်းငယ်မျှလောက်တော့ ရမည်ထင်ပါသည်။ မိုးလေ၀သပညာရှင်များ ၏အလိုအရအရ ယခုနှစ်တွင် အယ်လ်နီညို ဖြစ်နိုင်ချေရှိသည် ဟုခန့်မှန်းကြသည်။

Tuesday, May 01, 2007

ရှားစောင်းလက်ပပ်ပင်နှင့်ကျမ်းမာရေး (Aloe & Health)







::


အသည်းသည် ခန္ဓာကိုယ် အလေးချိန်၏၂ရာခိုင်နှုန်း ခန့်လေးသည်။ အသည်းသည် နာကျင်ခြင်း ကြောင့် အခြားအင်္ဂါအစိတ်အပိုင်းများကဲ့သို့မညည်းညူတတ်။ နှလုံးသည် မော်တော်ကား၏ အင်ဂျင်နှင့်တူပြီး အသည်းသည်ဓါတ်ဆီ တိုင်ကီနှင့်တူသည်။ အရက်သောက်သည့် အခါ အရက်တစ်ခွက်၏ အဆိပ်ကိုပြေစေနိုင် ရန် အသည်းသည် Alcohol ကို Acetaldehyde အဖြစ်ဓါတ်ပြိုကွဲစေသည်။ သို့သော်သောက်လိုက်သည့် အရက်ပမာဏများလွန်းပါက အသည်းလက်လျှော့လိုက်ရသဖြင့် အရက်မူးဝေဒနာ ကိုခံစားရတော့သည်။ ထိုအခြေအနေများကြာလာသောအခါ အသည်းသည် ချုံးပွဲချငိုတော့သည်။ အသည်းရောဂါဖြစ်ပြီပေါ့ ။ အဆိပ်ဖြေစေနိုင်သည့် ရှားစောင်းလက်ပပ်ရည်သည် အသည်း၏အဆိပ်ဖြေလုပ်ဆောက်မှုကိုအားပေးသည်။ အသည်းအ၀င် သွေးပြန်ကြော၏စီးဆင်းမှုကို ပြေပြစ်စေသည့် အတွက်အသည်း၏စွမ်းဆောင်ရည်ကို မြင့်မားစေသည်။ အသည်းရောဂါနှင့် အရက်ပုံမှန်သောက်သူများ ရှားစောင်းလက်ရည်ကိုပုံမှန်မှီဝဲသင့်သည်။ "မောင်မောင်လှိုင် (အပ်စိုက်ကု)" စာအုပ်မှထုပ်နှုတ်ချက်ဖြစ်သည်။
အသည်းသည် အစာအိမ် နှလုံး နှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတို့ တွင်ဖြစ်ပွားသော ရောဂါများအပြင် သွေးတိုး၊ ဆီးချို၊ လိပ်ခေါင်း နှင့် အရေပြားရောဂါများကို အံ့မခန်းပျောက်ကင်းစေသည့် အစွမ်းရှိကြောင်း တွေ့ရသည်။ မိမိ၏လက်လှမ်းမှီသည့် နေရာတွင် ရှားစောင်းလက်ဖျော်ရည် ရရှိနိုင်ပါကနေ့စဉ်မှန်မှန်မှီဝဲသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ဖြစ်နိုင်လျှင် မောင်မောင်လှိုင် (အပ်စိုက်ကု)၏ အံ့ဖွယ် ဆေးစွမ်းထက် တဲ့ ရှားစောင်းလက်သတ္တုရည် စာအုပ်ကို ရှေးဦးစွာ ရအောင်ရှာဖွေ ဖတ်ရှုပြီးသကာလ မိမိနှင့်ဆက်စပ်သူများ အား ဆက်လက် မျှဝေသွားလျှင် အားလုံးအကျိုးများနိုင်သည်ဟုထင်မြင်မိပါကြောင်း...။