လူတော်တော်များများက မြတ်စွာဘုရားကိုယ်တော်တိုင်တောင်မှမယ်တော်အမိနတ်သား ကျေးဇူးတော်ကို တရားဟောပြီးဆပ်တာ နို့တစ်လုံးဖိုးပဲ ကျေခဲ့ပါတယ်ဆိုပြီးပြောလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာမဟုတ်ပါဘူးလို့ပြောထားတယ်. ဘုရားကိုသိက္ခာချသလိုပဲတဲ့. မြတ်စွာဘုရားက ကျေအောင်ဆပ်ခဲ့ပါတယ်လို့ရေးထားတယ်..ဘယ်ဟာမှန်လည်းဆိုတာတွေး ကြည့်ဘို့သက်သက်ပါပဲ။ တကယ်ရေးချင်တာက ဝေဒနာနုပဿနာအထိဦးတည်မည့် Pain ဆိုတဲ့ ခေါင်းစဉ်နဲ့စာတမ်းပါပဲ
ရေးဖြစ်အောင်ကြိုးစားစဲပါ။ ဒါပေမဲ့လောလောဆယ်တော့အရမ်းရင်းနှီးတဲ့သူငယ်ချင်းလေး (cmsmdy.blogspot.com) ရဲ့တောင်းဆိုမှုကြောင့် ၃၈ဖြာမင်္ဂလာအကြောင်းကိုသိသလောက် အကျဉ်းရေးပြလိုက်ပါတယ်။ ၃၈ဖြာမင်္ဂလာနဲ့ပတ်သက်ပြီးဆရာဦးသုခရဲ့ ၃၈ဖြာမင်္ဂလာ အကျယ် ရေးပြထားတဲ့စာအုပ်ကိုသတိရမိတယ် အရမ်းကိုကောင်းလို့ပါ။
ကဲတရားနာပရိတ်သတ်တို့ နာကြလော့ ... ရှင်တော်ဘုရားသည် ၃၈ ဖြာမင်္ဂလာကိုဟောကြားတော်မူခဲ့ပါသည်။
(၁) လူမိုက်ကိုမပေါင်းခြင်း
(၂) ပညာရှိကိုပေါင်းခြင်း
(၃) ပူဇော်ထိုက်သူကိုပူဇော်ခြင်း
(၄) သင့်တဲ့အရပ်မှာနေထိုင်ခြင်း
(၅) ရှေးကပြုဘူးသောကောင်းမှုရှိနေခြင်း
(၆) ကိုယ်စိတ်နှစ်ပါးကောင်းစွာထားခြင်း
(၇) အကြားအမြင်များခြင်း
(၈) လက်မှုပညာတတ်ခြင်း
(၉) ကိုယ်ကျင့်သီလရှိခြင်း
(၁၀) စကားကိုကောင်းမွန်စွာပြောခြင်း
(၁၁) အမိကိုလုပ်ကျွေးခြင်း
(၁၂) အဖကိုလုပ်ကျွေးခြင်း
(၁၃) သားမယားကိုလုပ်ကျွေးခြင်း
(၁၄) တစ်ဖက်သားမထိခိုက်သောအလုပ်လုပ်ခြင်း
(၁၅) ပေးကမ်းလှူဒါန်းခြင်း
(၁၆) မြတ်သောအကျင့်ကိုကျင့်ခြင်း
(၁၇) ဆွေမျိုးများကိုထောက်ပံ့ခြင်း
(၁၈) အပြစ်မရှိသောအလုပ်ကိုပြုလုပ်ခြင်း
(၁၉) မကောင်းမှုကို ကိုယ်စိတ်ဖြင့်ရှောင်ကျဉ်ခြင်း
(၂၀) အရက်သေစာမသောက်စားခြင်း
(၂၁) ကုသိုလ်ဟူသမျှမမေ့မလျှော့ဆောင်ရွက်ခြင်း
(၂၂) ရိုသေထိုက်သူကိုရိုသေခြင်း
(၂၃) မိမိကိုယ်ကိုနှိမ့်ချခြင်း
(၂၄) ရောင့်ရဲတင်းတိမ်ခြင်း
(၂၅) ကျေးဇူးသိတတ်ခြင်း
(၂၆) တရားနာခြင်း
(၂၇) သည်းခံခြင်း
(၂၈) ဆုံးမသည်ကိုနာယူလွယ်ခြင်း
(၂၉) သူတော်ကောင်း ရဟန်းတို့အားဆည်းကပ်ဖူးမျှော်ခြင်း
(၃၀) တရားဆွေးနွေးမေးမြန်းခြင်း
(၃၁) ခြိုးခြုံစွာကျင့်ခြင်း
(၃၂) သမထ ၀ိပဿနာအကျင့်ကျင့်ခြင်း
(၃၃) သစ္စာတရားကိုမြင်ခြင်း
(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြုခြငိး
(၃၅) တုန်လှုပ်မှုကင်းခြင်း
(၃၆) စိုးရိမ်မှုကင်းခြင်း
(၃၇) တွယ်တာခြင်းကင်းခြင်း
(၃ဂ) ဘေးရန်မရှိခြင်း။ စသည်တို့ပဲဖြစ်ပါတယ်။ အကျယ်ကိုမိမိဥာဏ်ရှိသလောက်ဖြန့်ကျက်တွေးကာကျင့်ကြံနိုင်သည် ဖြစ်ကြပါစေကုန်သတည်း။
မှတ်ချက် ။ ပါဋိ နဲ့အနက်တွဲလျက်ရှုလိုပါက မျက်လုံးရဲ့ ၃၈ဖြာမင်္ဂလာမှာကြည့်ပါ။
Monday, July 30, 2007
၃၈ဖြာမင်္ဂလာ - 38 Auspicious !
Posted by
mr sann oo
at
6:45 PM
3
comments
What is BLOG & Why i BLOG
Why i BLOG ကိုတော့ တော်တော်လေးပဲရေးပြီးပါပြီ.. သို့သော်လည်း ainmetdiary.blogspot.com ၏အနိုင်ကျင့်မှုကြောင့် What is BLOG ကိုထပ်မံရေးလိုက်ရပါကြောင်း။
Blog ဟူသောဝေါဟာရသည် Web log မှတဆင့် ဆင်းသက်လာရသည်။ Verb form အနေနဲ့သုံးမယ်ဆိုရင် maintain or add content to a blog
လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ Blog သည် ဂျာနယ်စတိုင်ဖန်တီးထားသည့် Web site ဖြစ်သည်။ သာမန် Blog တစ်ခုသည် အခြား Blog များ Web site
များနှင့် link လုပ်ထားကြသည်။ ရေးသားထားသော Topic တစ်ခုစီအတွက် သီးခြား Comment များပေးနိုင်သည်။ Blog အများစုသည် Text ကိုအခြေပြု
ထားသည်။ သို့သော် photographs (photoblog), videos (vlog), audio (podcasting) များစုစည်းထားသည့် Blog များလည်းရှိကြသည်။
November 2006 တွင် blog search engine ၏ ရှာဖွေမှုအရ Blog site ပေါင်း သန်း ၆၀ ခန့်ရှိကြောင်းသိရသည်။
Defination of Blog (Blog ဆိုတာဘာလည်း ?)
A blog is a journal (online diary) made available on the Internet/web by any individual.
Most blogs are maintained by people who know nothing about web site design or development.
Meaning of Blogger (Blogger ရဲ့အဓိပ္ပါယ်ကဘာလည်း ?)
A "blogger" is a person who has and maintains a blog.
Meaning of "blogging?" (Blogging ဆိုတာဘာလည်း ?)
"Blogging" is the active updating of a blog by the person who maintains the postings (usually a non-professional).
Free Blog site များကိုဖော်ပြလိုက်ပါတယ်.
Blogger.com
BlogCity.com
BlogDrive.com
eBloggy.com
tBLOG.com
Blog Studio
Seo-Blog.org
Azure
Posted by
mr sann oo
at
6:43 PM
0
comments
Sunday, July 29, 2007
MyPhotoALBUM
MyALBUM
အထက်ပါ link က site ရဲ့ Album menu မှာ link လုပ်ဘို့စိတ်ကူးထားတဲ့ PhotoAlbum ပါ။ ဓါတ်ပုံတစ်ခုချင်းစီရဲ့ဘေးမှာ ကဗျာတိုလေးတွေထည့်ချင်ပါတယ်။ စိတ်ဝင်စားတဲ့သူတိုင်း ရေးပြီးပို့ပေးပါလား။ ကျေးဇူးတင်ပါတယ်။
Posted by
mr sann oo
at
6:58 PM
3
comments