Friday, June 15, 2007

မိုးရွာသောနေ့တစ်နေ့

::
ကောင်းကင်သည် မိုးသားတိမ်တိုက်တို့နှင့် အတိပြီးလေပြီ
လျှပ်နွယ်လျှပ်ပန်းခက်တို့သည်လည်း ၀င်းလက်ကြကုန်၏
အသံသည် အလင်း၏အလျှင်ထက်နောက်ကျ၍ မိုးထစ်ချုံးသံကို
အတန်ငယ်ကြာမှကြားရသည်
မိုးသက်လေပြေသည် ဝေ့ကာဝိုက်ကာ အခန်းတွင်းသို့ဝင်၍
ဆံပင်တို့အား နမ်းရှိုက်ကုန်၏
ဝသန်ကာလ ဖားအော်သံတို့လည်းစီစီညံပြီ
သေချာသည် မကြာမှီမိုးရွာတော့မည်ဖြစ်သည်။
ကမ္ဘာလောကကြီး၏ အညစ်အကြေးတို့ကိုဆေးကြောမည့် ...
သစ်ပင်ပန်းမန်တို့၏ အသက်ကို အားဖြည့်မည့် ...
တောင်သူဦးကြီးများ၏ဘ၀ကို ထောက်ပံ့မည့် မိုးများရွာသွန်းပေတော့မည်။
မိုးကိုချစ်ပါသည်
အိမ်ခေါင်မိုး နှင့် ပြူတင်းတံခါးများသို့ ရိုက်ခတ်လာသည့်မိုးစက်များကိုနှစ်သက်ပါသည်
မျက်နှာပြင်သို့ပက်ဖြန်းလာသည့်မိုးဖွဲလေးများကို နှစ်သက်ပါသည်
မိုးသည်းသောနေ့များတွင် စာအုပ်ကောင်းကောင်းတစ်အုပ်ဖြင့်
အိပ်ယာထက်တွင် အပန်းဖြေချင်ပါသည်။
ဥပမာ ကော်ဖီခါးခါးတစ်ခွက် ဖြင့် ရှားလော့ခ်ဟုမ်း၏ စာအုပ်ကို ဖတ်ရင်း ..
၁၉ ရာစုလန်ဒန်ညများကို အိပ်မက်နိုင်ပါသည်။
(Comment: 221b Baker Street London England. Museum of Sherlock Holmes)
ဆရာမ ဂျူး၏ မရှိမဖြစ်မိုးကိုသတိရလိုက်ပြန်သည်။
လမင်းငယ် သည် အရိပ်အယောင်မျှရှာမရအောင် ပုန်းကွယ်၍
ကောင်းကင်ကြီးသည် ဆောက်တည်ရာမဲ့ သည်းထန်စွာငိုကြွေးလေပြီ
မိုးတွေရွာပါပြီ...



0 comments: