Wednesday, September 19, 2007

VisualStudio2008




DownloadLink

Read More...

Monday, September 17, 2007

Windows 2008 Server




Download Windows 2008 Server

Type rest of the post here

Read More...

IE-7


DownLoad IE7


Read More...

Sunday, September 09, 2007

ခရမ်းပြာအိပ်မက် ကဗျာများ-၂

ခရမ်းပြာအိပ်မက် ကဗျာများ-၂


ဖြစ်လေရာဘ၀ဆက်တိုင်း
ကျွန်ုပ်၏နှလုံးသားသည် သံမဏိအတိပြီးရပါလို၏....

ဂရုဏာ၏ဒေါသကြောင့်
ချစ်ခြင်းသည် လွင့်ပျယ်ရ၏
သစ္စာမဲ့သူ၏ ဟန်ဆောင်ခြင်းအဆိပ်ရည်ခွက်
ဖောက်ပြန်ခြင်းဓါးသွားအောက်က
တဆတ်ဆတ် တုန်နေသောနှလုံးသား
မာယာတောအုပ်ထဲ
လမ်းပျောက်နေစဲပေါ့....

လရိပ်ဟာ အေးမယောင်နဲ့
ဒေါသရေလှိုင်းတွေထန်စေခဲ့
သစ်ပင်တွေဟာ သစ်သီးမစားဘူး
အဲလိုပဲ မြစ်တွေဟာ ရေမသောက်တတ်ခဲ့
အဲ့ဒါတွေ ငါ့အချစ်ပေါ့
အထီးကျန်တဲ့ မီးပြတိုက်က လမ်းပြစဲပဲကွဲ့....

မိုးပြေးလေးတောင် မပေးခဲ့တဲ့
တိမ်မဲညိုညစ်ရေ
မတည်ငြိမ် လေနှင်ရာလွင့်ပေါ့
လျော့နေတဲ့ စောင်းကြိုးဟာ
ဘယ်မှာလာသံစဉ်ချိုပါ့.....

ငါကအဆူံးတော့ အမြစ်မဲ့သစ်ပင်အိုပေါ့.....
ငါက ဟောင်းနွမ်းကျန်ရစ်အသိုက်အမြုံပျက်ပေါ့်....
ငါဟာ ဆောက်တည်ရာမဲ့ မီးခိုးတွေပေါ့....

Read More...

Thursday, September 06, 2007

Shindler's List



Read More...

Sunday, September 02, 2007

Every Blogger Attention !

သတင်းစာမှာ Blog site တွေကတဆင့် hack လုပ်ပြီး computer တွေကိုဖျက်ဆီးတယ် ဆိုတဲ့သတင်းလေးဖတ်လိုက်ရတယ် ... ... How do u think ?

Type rest of the post here

Read More...

Friday, August 31, 2007

World Blog Day Seminar2007

WorldBlogDay Seminar မှာကျွန်တော်ဆွေးနွေးတင်ပြတဲ့အကြောင်းအရာများပါ။

ကြွရောက်လာသော ဂုဏ်သရေရှိ လူကြီးမင်းများနှင့် တကွ Blogger များ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...Blog နဲ့ ပတ်သက်တဲ့ Ethic တွေကို ဆရာကျော်ရင်မြင့်က ပြည့်ပြည့်စုံစုံ ပြုစုပေးပါတယ်. မရတနာချိုရဲ့Blog မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်.Blogger များ လိုက်နာသင့်တယ်လို့လည်းထင်ပါတယ်။ ကျွန်တော် ဘာပြောရမယ်ဆိုတာ စဉ်းစားလိုက်တော့ တစ်နည်းအားဖြင့် ကျွန်တော့်ထက် ပိုပြီး သိတဲ့၊ တတ်တဲ့ လူတွေကို ဘာပြောရမလဲ စဉ်းစားလိုက်တော့ ကျွန်တော့်ရဲ့Blog ပေါ်မှာ ထားရှိတဲ့ idead တွေကိုပဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်. . ကျွန်တော် ပြောတဲ့ အချက်တွေထဲမှာWeek point တွေရှိနေရင် ဖြည့်ပေးကြပါ… မှားတာရှိရင်လည်း ပြင်ပေးနိုင်ပါတယ်. (၂)ပိုင်းခွဲပြီး ပြောဖို့ စိတ်ကူးထားပါတယ်. နံပါတ်(၁)က Aims for Blogging နဲ့ နံပါတ်(၂)ကHow to make effective blog ပဲ ဖြစ်ပါတယ်.detail မဟုတ်ပါဘူး concept လောက်ပဲပြောချင်ပါတယ်..

Aims For Blogging

ဘာလို့Blog ကို လုပ်သလဲပေါ့. ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲပေါ့. ကျွန်တော် နဲ့သိတဲ့ Blogger တွေကိုလည်း မေးကြည့်တယ်. ကိုယ်ကိုယ်တိုင် ဘာကြောင့်လုပ်ဖြစ်တာလည်း ..ဆိုတာ ပြန်တွေးကြည့်တယ်. အဲဒီ့အခါမှာ အချက်(၅) ချက်ကို တွေ့ရတယ်.
နံပါတ်(၁)က

(a) Attack the stress
Life is struggle ဆိုတာ လူတော်တော်များများ အတွက်လို့ ထင်ပါတယ် IT field ထဲမှာ ဆိုရင်Technology changes ဒဏ်တွေကို ခံနိုင်ဘို့ အရမ်းကြိုးစားရပါတယ်. ခေတ်က မတူတော့ဘူး. ရုံးလုပ်ငန်းတွေမှာ Paper work ကနေ တစ်ဆင့် Digital format ကို ပြောင်းသွားပြီ… နည်းပညာပြောင်းလဲမှု Life style ပြောင်းလဲမှု အပြောင်းအလွဲများစွာရဲ့ ကြားမှာ စိတ်ရဲ့ မွန်းကြပ်မှုတွေရဲ့ ထွက်ပေါက်အနေနဲ့Blog ကို လုပ်ကြတယ်. ..မသေချာတာတွေပဲ သေချာနေတဲ့အတွက် ရင်ထဲမှာ ခံစားရသမျှBlog မှာ ဖွင့်ရေးပြစ်တယ်. နောက်ပြီးအပြင်မှာ အချိန်တွေ နည်းလွန်းလို့ အလည်အပတ်မသွားနိုင်တော့ online မှာ Blog visit လုပ်တယ်. .. ပြောချင်တာက stress တွေကို relax လုပ်ပြစ်ဖို့ Blogger ဆိုတာဖြစ်လာရပါတယ်…

(b) Technology Exchange

နောက် Blogging ရဲ့ Aim တစ်ခုကTechnology Exchange ပါပဲ. တစ်ဦးနဲ့ တစ်ဦး နည်းပညာဖလှယ်တာပေါ့. နည်းပညာနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိတယ်. အနားမှာ မေးရမယ့်လူ မရှိဘူး.Blog မှာ ပြဿနာတွေ၊ သိချင်တာတွေ ဖြေရှင်းပေးဖို့ Post တင်လိုက်တယ်. အဲဒီအခါမှာ တစ်ခြားBlogger တစ်ဦးက ဟာဒါမျိုး ငါဖြစ်ဘူးတယ်. ဒီလို Solve လုပ်လိုက်တာ ကောင်းသွားတယResponse ပြန်ပေးတယ်. ..comment ၀င်ရေးပေးတယ်…ပြေလည်သွားတယ်…
နောက်ပြီး.. ငါ့ကွန်ပျူတာမှာ ဒီ virus တွေရောက်နေတယ်.. Antivirus software တွေလည်းစုံနေပြီ ရှင်းလို့မရဘူး ဘယ်လိုလုပ် ရမလဲပေါ့… သိတဲ့သူတွေကပြန်ပြီးဖြေပေးတယ်..နို့မို့ရင်လည်း ဘယ် website မှာအဲ့ဒီကအကြောင်းရေးထားတာတွေ့လိုက်တယ် ရှာကြည့်ပါပေါ့ ..သူတတ်နိုင်သလောက်ကူညီတယ်..


(c) Entertainment

ဒါကတော့ ဖျော်ဖြေရေးအနေနဲ့ ကိုယ့်ရဲ့Favourite MP3 သီချင်းတွေFavourite Movie Files တွေကBlogမှာ တင်ပေးထားတယ်. နှစ်သက်ရင် ကြည့်နိုင်တယ်. နားထောင်နိုင်တယ်Download လုပ်နိုင်တယ်ပေါ့…


(d) Health

ကျန်းမာရေးကိုSupport ဖြစ်စေတဲ့ ကဏ္ဍပါ. ကျွန်တော်Blogမလုပ်ခင်က မောင်မောင်လှိုင်(အပ်စိုက်ကု) ရေးတဲ့ စာအုပ်လေးတွေ ကျန်းမာရေးအတွက် လူတိုင်းသိထားသင့်ပြီး အလွန်အကျိုးများမယ့် စာအုပ်လေးတွေ ဖတ်မိတယ်. ကိုယ့်လိုပဲ ကိုယ်နဲ့ ဆက်စပ်တဲ့ သူတွေကို ဖတ်စေ၊ သိစေချင်တယ်. ရောဂါအတော်များများဟာ မသိလို့ ဖြစ်သွားကြတာ များတယ် . Prevention is better than cure ဆိုတဲ့အတိုင်းပဲ သိထားရင် ကြိုတင်ကာကွယ်လို့ ရတာတွေ အများကြီးပဲပေါ့. ပထမတော့ စာအုပ်လေးတွေ ၀ယ်ပြီး လက်ဆောင်ပေးတယ်… နောက်တော့ copy ကူးပြီး ဝေတယ်. သိစေချင်တဲ့ စေတနာ သက်သက်ပဲပေါ့. အခု ဒီ blog တွေထဲမှာလည်း ကျန်းမာရေးအသိရှိတဲ့သူတွေ၊ ကျန်းမာရေးကို စိတ်ဝင်စားတဲ့သူတွေ နောက်ပြီး ဆရာဝန်တွေ ပါလာတယ်. အဲဒီတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လွန်စွာ တန်ဖိုးရှိတဲ့ အသိတွေကို blog တွေက တစ်ဆင့် ဖြန့်ဝေကြတဲ့ ရည်ရွယ်ချက် တစ်ခုပါပဲ….
(e) Making Money
(Every one wants to make big money)
ဒါကတော့ နဲ့ ငွေရှာတာကို ပြောတာပါ. လူကြည့်များတဲ့ ဘူသါ တွေမှာ blog တစ်ခုကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး ကြော်ငြာပေးတာပါ. နောက် လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းနဲ့ သူတို့ရဲ့ product တွေကို အခကြေးငွေယူပြီး blog site တွေ ဖန်တီးပေးတာမျိုးပါ။

Effective Blog


PPP Post Per Page
APP Animation Per Page
WPP Widget Per Page


U Sann Oo
Director
MCC-Mandalay

Read More...

Tuesday, August 28, 2007

မိုးကောင်းကင်ပျောက်ဆုံးခြင်း

ကဗျာတိုလေးတစ်ပုဒ်ပါ။


ငါ၏နှလုံးသွေးစက်တို့ဖြင့်
သူမ၏နှုတ်ခမ်းသည်ရဲရဲနီ၏....
ငါ၏မျက်ရည်စက်တို့ဖြင့်
သူမမျက်နှာလိမ်းကြံချယ်သ၏....
ငါ၏ဘ၀ကြွေရွက်ဝါအား
ခြေမွနင်းချေသွားလေပြီ။

Read More...

Sunday, August 26, 2007

self portrait_VANGO


ဗင်ဂိုးက သူ့ရဲ့ချစ်သူအတွက် သူ့နားရွက်ကိုဖြတ်ပြီး လက်ဆောင်ပေးသတဲ့ .. ...


သှူုလိုစိတ်ကူးမျိုးဘယ်သူရှိလည်း။

Read More...

Tuesday, August 21, 2007

StarryNIGHT-Vincent van Gogh



ဗင်ဂိုးရဲ့ နာမည်ကျော်ပန်းချီကားတစ်ချပ်ပါ။

Type rest of the post here

Read More...

Friday, August 17, 2007

ဝေဒနာ

စနေနေ့သည် ကျွန်ုပ်၏ ကိုယ်ခန္ဓာ Charging ကုန်သောနေ့ဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေနေ့သည် ကျိုးကြေသောနေ့အလိုလိုဖြစ်ရ၏။
တနင်္ဂနွေနေ့တနေကုန် ကောင်းကောင်းအနားယူမှသာလျှင် တနင်းလာနေ့အတွက် လုပ်ငန်းခွင်ဝင်ရန် အဆင်သင့်ဖြစ်ရသည်။ Pain
နှင့်ပတ်သက်ပြီးရေးချင်နေသည်မှာကြာပြီ ယခုရေးဖြစ်လိမ့်မည်ထင်သည်။

လူသည်ဝေဒနာ ၃ မျိုးနှင့်အမြဲနေ၏ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ဥပေက္ခာဝေဒနာတို့ဖြစ်ကြသည်။ တဖန်လူတစ်ဦးနှင့်တစ်ဦးဝေဒနာကိုခံစားနိုင်ပုံခြင်းမတူညီကြ။ သူငယ်ချင်းဆရာဝန်တစ်ဦး၏ ပြောပြချက်အရ
အန္ဒိယအမျိုးသမီးမွေးလူနာများသည် တရုတ်အမျိုးသမီးမွေးလူနာများထက် နာကျင်မှုကိုပိုမိုခံစားကြရသည်ဟု မှတ်ဘူးသည်။
(ဟုတ်၏မဟုတ်၏ဖြေကြားနိုင်ပါသည်) နာကျင်မှုကို ခံစားနိုင်သည့် အဆုံးအစွန်သော အမှတ်ထက်ကျော်လွန်သွားပါက သတိလစ်ခြင်းများဖြင့်
ဝေဒနာမှရုန်းထွက်ကြကုန်၏။အထက်ဖေါ်ပြပါ မမြဲသော ဝေဒနာ ၃ မျိုးစလုံးသည် ဒုက္ခများပင်ဖြစ်ကြ၏ ။ ဝေဒနာ၃မျိုးအနက် ဒုက္ခဝေဒနာနှင့်
သက်ဆိုင်သော နာကျင်မှု အကြောင်းကို ပြောချင်သည်။ လူဟူသည် လွန်စွာပျက်စီးလွယ်သော (ပျက်စီးနေသော) ကလပ်စီးများဖြင့်ဖွဲ့စည်းထား
သည်။ တဖန်လွန်စွာ ထိခိုက် နာကျင်လွယ်သော အာရုံများ ရှိကြသည်။ ရှေးက လက်သည်းကြားတွင် အပ်စိုက်စေပြီး မတွန့်သော သူများကို
သူရဲကောင်းအဖြစ်ရွေးချယ်သည်ဟုကြားဘူးသည်။ လက်တွေ့တွင်မူခြင်ကိုက်သည်ကိုပင်သည်းခံနိုင်သူရှားလှ၏။ရထားတိုက်မိပြီးခြေနှစ်ချောင်း
စလုံးပြတ်သွားသောလူနာတစ်ယောက်ကိုတွေ့ဘူးသည်။ နာကျင်မှုမှလွန်မြောက်သည့် သေဆုံးခြင်းသို့ရောက်သွား၏။ နာကျင်မှုကြောင့်
သေပါရစေဟုညီးတွားနေသော လူနာတစ်ယောက်နှင့်လည်း ဆုံဘူး၏။ ထိုသူလည်း ဆုတောင်းပြည့်သည်ဟုပြောရပေမည်။ပြောလိုသည်မှာ
လူတိုင်းလူတိုင်း တချိန်ချိန်တွင် ဝေဒနာနှင့်မလွဲမသွေကြုံတွေ့ကြရမည်ဖြစ်သည်။ သေခြင်းတရားသည်ပင် အပြင်းထန်ဆုံးဝေဒနာဖြစ်ကုန်၏။
တဖန်လူ၏ကိုယ်ခန္ဓာသည် လွန်စွာထိခိုက်ပျက်စီးလွယ်သည် မဟုတ်ပါလား။ အော်ဟစ်ငြီးတွားမှုဖြင့် ဝေဒနာကိုတွန်းလှန်နိုင်မည်မဟုတ်ပေ။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အကြိမ်ကြိမ်မှာတော်မူသော မမေ့မလျှော့နေကြဟူသည့်တရားသည် အဖြေပင်ဖြစ်သည်။
ဦးဇောတိကအရှင်သူမြတ်၏တိုက်တွန်းချက်များအရ မိမိလုပ်သမျှကိုသိ၍နေပါ။ ဤသည်မှာလွယ်မယောင်နှင့်ခက်သော ပထမအဆင့်ဖြစ်သည်။
သိ၍သိ၍နေပြီးနောက်သာမန်အသိမှ ဥာဏ်သိ သိသောအဆင့်သို့ရောက်လာမည်။ကိုယ်ခန္ဓာ၏ဖြစ်ပျက်သောသဘော၊ ငါ၏မရှိခြင်းနှင့်
ဝေဒနာ၏ ဖြစ်ပျက်တတ်သောသဘောတို့ကို ပိုင်းခြားထင်ထင် ၀ိပဿနာဥဏ်တင်၍ကြည့်ရန်လိုသည်။ ဒါန၊သီလ၊ဘာဝနာ တို့အနက်
အမြတ်ဆုံးသောဝိပဿနာတရားများကို ကြိုးစားအားထုပ်သင့်လှပေသည်။ မလွဲမသွေကြုံတွေ့ရမည့် အိုနာသေ ဘေးအတွက် မည်သို့
ရင်ဆိုင်ရမည်ကို စဉ်းစားသင့်သည်မဟုတ်ပါလား။ နာရေးဆိုပါက အတတ်နိုင်ဆုံးလိုက်ပို့ဖြစ်သည်။ အချို့က အနားမကပ်၊ အချို့က
မင်္ဂလာမရှိဆို၍မသွားကြ။ မိမိမှာမူပြာဖြစ်သည်အထိကြည့်ချင်မိသည်။ဘ၀၏နောက်ဆုံးရလဒ် မီးခိုးပြာများကို ကြည့်ပြီးလွန်စွာ
သံဝေဂရမိ၏ သို့သော် အ၀ိဇ္ဇာနှင့် တဏှာ၏အစွမ်းကားကြီးလှ၏။ အ၀ိဇ္ဇာသည်အမှန်တရားကို ဖုန်း၍ တဏှာသည်လမ်းမှားသို့
ဆွဲခေါ်မြဲဖြစ်သည်။ သို့ဖြစ်၍ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အကြိမ်ကြိမ်မှာတော်မူသော မမေ့မလျှော့နေကြ ဟူသည့်
လွန်စွာမှ အနှစ်သာရရှိသော၊ လေးနက်သော၊ မဟာဂရုဏာထားသော၊ အမှာစကားကို ထာဝရလိုက်နာ၍ ဘ၀၏အပြင်းထန်ဆုံး
ဝေဒနာအား တွန်းလှန်နိုင်သောသူများဖြစ်နိုင်ကြပါစေ။

Read More...

Monday, August 13, 2007

iGOOGLE

http://www.google.com/ig ကိုဝင်ပြီ Google Calendar တို့ You Tube Video တို့ဝင်ပြီးစမ်းကြည့်ပါလား။ ပျော်စရာကောင်းမှာသေချာတယ်။
ဒါပဲ..ဟဲဟဲ

Read More...

Friday, August 10, 2007

Blog Day Seminar

မရတနာချိုမှပေးပို့လာသော ဖိတ်ကြားစာဖြစ်ပါသည်။ စိတ်ဝင်စားတဲ့ Blogger များတက်ရောက်ချီးမြှင့်ပေးကြပါ။

အကြောင်းအရာ--------Blog Day Seminar အကြို Meeting ဖိတ်ကြားခြင်း။
ရက်စွဲ --------၁၂-၈-၂၀၀၇
အချိန် ---------ညနေ ၄ နာရီ
နေရာ ---------အခန်း(၂၉)၊ကွန်ပြူတာပညာရှင်းအသင်း၊
ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း၊
ဖုန်း-၈၉၄၂၁
မှတ်ချက်.......အလုပ်ချိန်နှင့် တိုက်နေခဲ့လျှင် မှီသလောက်
ကြွရောက်ချီးမြှင့်ပေးပါရန်..........
ကျန် .....ဘလော့ဂါများကိုလည်း လက်လှန်းမှီသလောက်ဖိတ်ကြားပေးပါရန်။

Read More...

Thursday, August 09, 2007

PhotoALBUM-Spotato

ကဗျာအရေးကောင်းတဲ့ S-potato ရဲ့စာသားတချို့ခံစားကြည့်ကြပါ။ Flash file http://mrsannoo.googlepages.com/photo.swf မှာပြန်ပြီးထည့်ဘို့ကတော့ကဗျာတချို့ကိုစောင့်နေတာရယ်.. မအားသေးတာရယ်ကြောင့်ပါ။


အာရုံဆွမ်းခံကြွ သံဃာတော်များ

သံဃာတော်များ ညီညာစီလှ
အာရုံဆွမ်းကြွ ရှုခင်းက
ကြည်နူုးကြည်ညိုလှ



ပုဂံမြို့ဟောင်း

အညာလေညှင်း
ပုဂံရှုခင်းက
ရိုးမသွားပဲ
အစဉ်ဆန်းဆဲ

S-potato

Read More...

Sunday, August 05, 2007

MOTHER

အမေနဲ့ပတ်သက်ပြီးရေးထားတာလေးတွေပါ။ ခံစားကြည့်ကြပါ။

သားတွေအတွက် အမေ
သမီးတွေအတွက် အမေ
အားလုံးအတွက် အမေ ဒီအမေ......
နှစ်တွေဟောင်းလို့
ဇရာထောင်းလဲ
မပြောင်းလဲမှာ
အမေ့ရင်ထဲက မေတ္တာ.....
အေးမြတဲ့မေတ္တာရေ
အစဉ်သာပေးချင်တာ
အမေ့ဆန္ဒပါ။

(ညလေး)

အားလုံးရဲ့အမေ

နွေးထွေးသက်ဝင် အမေ့ရင်ခွင်မှာ
အေးမြမေတ္တာ ပြည့်ဝစွာနဲ့
စောင့်ရှောက်မပျက် ကျွေးမွေးခဲ့တာ
အားလုံးရဲ့အမေပါ.....

အရွယ်ရောက်လို့ အတန်းပညာ
သင်ယူစိတ်တို့ မွေးဖွားစေခဲ့တာလဲအားလုံးရဲ့အမေပါ....
အချိန်တန် အိမ်ပြန်တော့လဲ
သားသမီးအကြိုက်
အလိုက်သင့်ချက်ခါ
ကျွေးမွေးချင်ခဲ့တာလဲ အားလုံးရဲ့အမေပါ...

ပညာတွေလျှံတာဝန်တွေထမ်းတော့လဲ
သားတို့သမီးတို့အားလုံးအဆင်ပြေစေဖို့
အမေတွေ မေတ္တာဝေ
ဆုတွေပန်စေခဲ့တာလဲ အားလုံးရဲ့အမေပါပဲ...

သြော်အမေ..အမေ..
အမေ့ကျေးဇူးသမီးတို့ရေးအုံးမယ်ဆိုရင်ဖြင့်
သမီးတို့တစ်သက်ရေးစပ်လို့တော့ မကုန်နိုင်တော့ပါဘူးအမေရယ်..

နှင်းသစ္စာ

Read More...

Friday, August 03, 2007

PhotoALBUM

ကိုစစ်ကိုင်းရေးပြီးပို့လိုက်တဲ့ကဗျာလေးပါ..မျှဝေခံစားဘို့ post တင်လိုက်ပါတယ်..စိတ်ဝင်စားသူတိုင်း http://mrsannoo.googlepages.com/photo.swf မှာဓါတ်ပုံလေးတွေကြည့်ပြီး ကဗျာတိုလေးတွေ ရေးပြီး mrsannoo@gmail.com ကို ပို့ပေးနိုင်ပါတယ်။ဇော်ဂျီ font ကိုအသုံးပြုစေချင်ပါတယ်။ ReadMore ကိုရွးချယ်ပြီးဖတ်ကြည့်ပါ။

အင်းထဲမှာ ငါးရှာ
လှေအိုလေးရဲ့ အမြှီးမှာ
ကိုတံငါ ဆေးလိပ်တို ရှိုက်ကာဖွာလို့
ပုဆိုးရယ်တို
ပိုက်ကွန်ကို ပုခုံးမှာ ထမ်းပါလို့
ငါးပွက်ရာပိုက်ကိုလွှမ်းမယ်
သွားရော့လေဟယ်...

(ကိုစစ်ကိုင်း)

Read More...

Wednesday, August 01, 2007

Photo ကဗျာ-ဆည်းဈာ

ရုံးအဆင်း တခြားဘာအလုပ်မှလည်းမရှိလို့ အိမ်မပြန်ချင်သေးတာနဲ့ Cyber Caffee မှာ Blogging လုပ်နေမိတယ်..Speed ကတော့လူတွေကိုသည်းခံစိတ်ရှည်တတ်အောင်လေ့ကျင့်ပေးနေသလိုပါပဲ http://mrsannoo.googlepages.com/photo.swf မှာဓါတ်ပုံလေးတွေရဲ့ဘေးမှာသုံးဘို့ ပုံနဲ့လိုက်ဖက်မဲ့ ကဗျာတိုလေးတွေ ရေးပို့ပေးစေချင်တယ်..ကျွန်တော်၏အနုပညာကိုလေးစားသော ကျွန်တော်၏မိတ်ဆွေများအမှန်တကယ်ဖြစ်သော သူများကိုတောင်းဆိုလိုက်ပါတယ်..By name ဖြင့် tag မလုပ်ချင်ပါ။ အားလုံးကိုလေးစားပါတယ်။ ဆည်းဈာဆိုတဲ့ ဓါတ်ပုံလေးအတွက်တော့ အခုပဲဒီလို ရေးလိုက်မိတယ်..

ဆည်းဈာ

နံနက်ခင်းတစ်ခုမွေးဖွားရန်
ညနေခင်းသည်ချုပ်ငြိမ်းရ၏

ချုပ်ညရီဆည်းဈာအလှ
ဘ၀နိဂုံးအထိ
မိမိရရ အပြုံးလှပေစွ

တစ်ဦးတစ်ယောက်ကောင်းဖို့
တစ်စုံတစ်ယောက်
ပျက်စီးရသည်မှာ
ဓမ္မတာတည့်။

Read More...

ReadMoreFunction!

Post မှာ Read More function ကိုသုံးကြည့်ချင်တာ ..

ကိုယ်တိုင်ရှာဖွေလုပ်ကြည့်တော့အဆင်မပြေတာနဲ့ blog မိတ်ဆွေဖြစ်တဲ့ http://www.saturngod.blogspot.com/ ကို
လှမ်းပြီးအကူအညီတောင်းလိုက်တော့ ရက်ရောစွာပဲ သူဖန်တီးထားတဲ့ blogger လက်စွဲစာအုပ် (ကျွန်တော်ပေးထားတဲ့နာမည်) ကြီးကို download link ပေးလိုက်တယ်..အရမ်းတော်တဲ့ ကောင်လေးပဲ UCSY မှာ Hons တန်းကပါ။ စေတန်ရေ ကျေးဇူးကမ္ဘာပဲနော်..Blog လုပ်တဲ့သူတွေကိုလည်း အဲဒီ့စာအုပ်ကိုလမ်းညွှန်လိုက်တယ်..http://saturngod.blogspot.com/2007/06/making-blog.html

Read More...

MCPA-Website

ကိုကျော်ကျော် (MCPA) ဟာ ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၁၅ နှစ်ကျော်ကတည်းက မန္တလေး MCC မှာအတူလက်တွဲခဲ့တဲ့ လုပ်ဖေါ်ကိုင်ဖက်
တစ်ယောက်ပါ။ အခု MCPA ရဲ့ website လေးလုပ်ချင်တယ်လို့ပြောလာတယ်. professional တစ်ယောက်မဟုတ်တဲ့အတွက် လိုအပ်တာ
တွေကိုပြည့်ပြည့်စုံစုံ လုပ်ပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်.ကိုယ်လုပ်ပေးနိုင်တဲ့ အခန်းကဏ္ဍတစ်ခုအတွက် တတ်နိုင်သလောက်လုပ်ပေးပါ့
မယ်လို့ပြောလိုက်တယ်.အခုရက်ပိုင်းမျက်စိဆရာဝန်နဲ့ နှစ်ပါးသွားနေရတယ်.အမြင်တွေမကြည်လင်လို့..မျက်မှန်နှစ်လက်နဲ့ ကွန်ပျူတာရှေ့မှာ
အလုပ်ရှုပ်နေရတယ်.အလုပ်တွေကိုနားပြီးလုပ်ရတာပေါ့..ဘလော့ခ်ဂါတွေအားလုံး ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေလို့..
ဆုတောင်းလိုက်ပါတယ်.

Read More...

Monday, July 30, 2007

၃၈ဖြာမင်္ဂလာ - 38 Auspicious !

လူတော်တော်များများက မြတ်စွာဘုရားကိုယ်တော်တိုင်တောင်မှမယ်တော်အမိနတ်သား ကျေးဇူးတော်ကို တရားဟောပြီးဆပ်တာ နို့တစ်လုံးဖိုးပဲ ကျေခဲ့ပါတယ်ဆိုပြီးပြောလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာမဟုတ်ပါဘူးလို့ပြောထားတယ်. ဘုရားကိုသိက္ခာချသလိုပဲတဲ့. မြတ်စွာဘုရားက ကျေအောင်ဆပ်ခဲ့ပါတယ်လို့ရေးထားတယ်..ဘယ်ဟာမှန်လည်းဆိုတာတွေး ကြည့်ဘို့သက်သက်ပါပဲ။ တကယ်ရေးချင်တာက ဝေဒနာနုပဿနာအထိဦးတည်မည့် Pain ဆိုတဲ့ ခေါင်းစဉ်နဲ့စာတမ်းပါပဲ
ရေးဖြစ်အောင်ကြိုးစားစဲပါ။ ဒါပေမဲ့လောလောဆယ်တော့အရမ်းရင်းနှီးတဲ့သူငယ်ချင်းလေး (cmsmdy.blogspot.com) ရဲ့တောင်းဆိုမှုကြောင့် ၃၈ဖြာမင်္ဂလာအကြောင်းကိုသိသလောက် အကျဉ်းရေးပြလိုက်ပါတယ်။ ၃၈ဖြာမင်္ဂလာနဲ့ပတ်သက်ပြီးဆရာဦးသုခရဲ့ ၃၈ဖြာမင်္ဂလာ အကျယ် ရေးပြထားတဲ့စာအုပ်ကိုသတိရမိတယ် အရမ်းကိုကောင်းလို့ပါ။
ကဲတရားနာပရိတ်သတ်တို့ နာကြလော့ ... ရှင်တော်ဘုရားသည် ၃၈ ဖြာမင်္ဂလာကိုဟောကြားတော်မူခဲ့ပါသည်။
(၁) လူမိုက်ကိုမပေါင်းခြင်း
(၂) ပညာရှိကိုပေါင်းခြင်း
(၃) ပူဇော်ထိုက်သူကိုပူဇော်ခြင်း
(၄) သင့်တဲ့အရပ်မှာနေထိုင်ခြင်း
(၅) ရှေးကပြုဘူးသောကောင်းမှုရှိနေခြင်း
(၆) ကိုယ်စိတ်နှစ်ပါးကောင်းစွာထားခြင်း
(၇) အကြားအမြင်များခြင်း
(၈) လက်မှုပညာတတ်ခြင်း
(၉) ကိုယ်ကျင့်သီလရှိခြင်း
(၁၀) စကားကိုကောင်းမွန်စွာပြောခြင်း
(၁၁) အမိကိုလုပ်ကျွေးခြင်း
(၁၂) အဖကိုလုပ်ကျွေးခြင်း
(၁၃) သားမယားကိုလုပ်ကျွေးခြင်း
(၁၄) တစ်ဖက်သားမထိခိုက်သောအလုပ်လုပ်ခြင်း
(၁၅) ပေးကမ်းလှူဒါန်းခြင်း
(၁၆) မြတ်သောအကျင့်ကိုကျင့်ခြင်း
(၁၇) ဆွေမျိုးများကိုထောက်ပံ့ခြင်း
(၁၈) အပြစ်မရှိသောအလုပ်ကိုပြုလုပ်ခြင်း
(၁၉) မကောင်းမှုကို ကိုယ်စိတ်ဖြင့်ရှောင်ကျဉ်ခြင်း
(၂၀) အရက်သေစာမသောက်စားခြင်း
(၂၁) ကုသိုလ်ဟူသမျှမမေ့မလျှော့ဆောင်ရွက်ခြင်း
(၂၂) ရိုသေထိုက်သူကိုရိုသေခြင်း
(၂၃) မိမိကိုယ်ကိုနှိမ့်ချခြင်း
(၂၄) ရောင့်ရဲတင်းတိမ်ခြင်း
(၂၅) ကျေးဇူးသိတတ်ခြင်း
(၂၆) တရားနာခြင်း
(၂၇) သည်းခံခြင်း
(၂၈) ဆုံးမသည်ကိုနာယူလွယ်ခြင်း
(၂၉) သူတော်ကောင်း ရဟန်းတို့အားဆည်းကပ်ဖူးမျှော်ခြင်း
(၃၀) တရားဆွေးနွေးမေးမြန်းခြင်း
(၃၁) ခြိုးခြုံစွာကျင့်ခြင်း
(၃၂) သမထ ၀ိပဿနာအကျင့်ကျင့်ခြင်း
(၃၃) သစ္စာတရားကိုမြင်ခြင်း
(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြုခြငိး
(၃၅) တုန်လှုပ်မှုကင်းခြင်း
(၃၆) စိုးရိမ်မှုကင်းခြင်း
(၃၇) တွယ်တာခြင်းကင်းခြင်း
(၃ဂ) ဘေးရန်မရှိခြင်း။ စသည်တို့ပဲဖြစ်ပါတယ်။ အကျယ်ကိုမိမိဥာဏ်ရှိသလောက်ဖြန့်ကျက်တွေးကာကျင့်ကြံနိုင်သည် ဖြစ်ကြပါစေကုန်သတည်း။
မှတ်ချက် ။ ပါဋိ နဲ့အနက်တွဲလျက်ရှုလိုပါက မျက်လုံးရဲ့ ၃၈ဖြာမင်္ဂလာမှာကြည့်ပါ။

Read More...

What is BLOG & Why i BLOG

Why i BLOG ကိုတော့ တော်တော်လေးပဲရေးပြီးပါပြီ.. သို့သော်လည်း ainmetdiary.blogspot.com ၏အနိုင်ကျင့်မှုကြောင့် What is BLOG ကိုထပ်မံရေးလိုက်ရပါကြောင်း။
Blog ဟူသောဝေါဟာရသည် Web log မှတဆင့် ဆင်းသက်လာရသည်။ Verb form အနေနဲ့သုံးမယ်ဆိုရင် maintain or add content to a blog
လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ Blog သည် ဂျာနယ်စတိုင်ဖန်တီးထားသည့် Web site ဖြစ်သည်။ သာမန် Blog တစ်ခုသည် အခြား Blog များ Web site
များနှင့် link လုပ်ထားကြသည်။ ရေးသားထားသော Topic တစ်ခုစီအတွက် သီးခြား Comment များပေးနိုင်သည်။ Blog အများစုသည် Text ကိုအခြေပြု
ထားသည်။ သို့သော် photographs (photoblog), videos (vlog), audio (podcasting) များစုစည်းထားသည့် Blog များလည်းရှိကြသည်။
November 2006 တွင် blog search engine ၏ ရှာဖွေမှုအရ Blog site ပေါင်း သန်း ၆၀ ခန့်ရှိကြောင်းသိရသည်။

Defination of Blog (Blog ဆိုတာဘာလည်း ?)
A blog is a journal (online diary) made available on the Internet/web by any individual.
Most blogs are maintained by people who know nothing about web site design or development.
Meaning of Blogger (Blogger ရဲ့အဓိပ္ပါယ်ကဘာလည်း ?)
A "blogger" is a person who has and maintains a blog.
Meaning of "blogging?" (Blogging ဆိုတာဘာလည်း ?)
"Blogging" is the active updating of a blog by the person who maintains the postings (usually a non-professional).

Free Blog site များကိုဖော်ပြလိုက်ပါတယ်.

Blogger.com
BlogCity.com
BlogDrive.com
eBloggy.com
tBLOG.com
Blog Studio
Seo-Blog.org
Azure

Read More...

Sunday, July 29, 2007

MyPhotoALBUM

MyALBUM

အထက်ပါ link က site ရဲ့ Album menu မှာ link လုပ်ဘို့စိတ်ကူးထားတဲ့ PhotoAlbum ပါ။ ဓါတ်ပုံတစ်ခုချင်းစီရဲ့ဘေးမှာ ကဗျာတိုလေးတွေထည့်ချင်ပါတယ်။ စိတ်ဝင်စားတဲ့သူတိုင်း ရေးပြီးပို့ပေးပါလား။ ကျေးဇူးတင်ပါတယ်။

Read More...

Thursday, July 26, 2007

Upgrading index-menwear



http://www.index-menwear.blogspot.com
ကို upgrade လုပ်ထားပါတယ်..IE မှာ Flash ကအလုပ်လုပ်ပြီး ... Mozilla Firefox မှာအလုပ်မလုပ်ဘူးဖြစ်နေတယ်..browser တွေရဲ့ problem လား webpage ရဲ့ problem လားသိတဲ့သူတွေပြောပြပေးကြပါဦး.ကျေးဇူးတင်ပါတယ်...

Read More...

Tuesday, July 24, 2007

LinktoEverything is Bloggable!



အမှန်အတိုင်းပြောရရင် စိတ်ရဲ့ထွက်ပေါက်အနေနဲ့ blog ကိုလုပ်ဖြစ်သွားခဲ့တာပါ။ ဟိုးအရင်ကထဲက လုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေ ကိုမောင်လှ က blog ကို
စ လုပ်တုန်းကတော့ သိပ်စိတ်မပါသေးတာနဲ့ account creat လုပ်၊ တစ်ခါလောက်ပဲ post တင်ပြီးပစ်ထားလိုက်တယ်...မိတ်ဆွေလေး cmsmdy uk မှာကျာင်း သွားတက်တော့ သူ့ရဲ့blog ကိုကြည့်ဖြစ်သွားတယ်..စိတ်ရဲ့ပြူတင်းပေါက်ဆိုတာနားလည်လိုက်တယ်...အဲဒီ့ကာလတုန်းက အလုပ်တွေရယ် ဟိုဒီ
ကိစ္စတွေရယ်ရှုပ်နေတယ်..တစ်ခါ blog ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်တင်မက နည်းပညာပေါင်းကူးတံတားတစ်ခုဆိုတာကိုလည်း သိလိုက်တယ်.
ကိုမောင်လှရဲ့ blog မှာမြန်မာလိုရေးထားတာတွေတွေ့ရတော့ ပိုပြီးစိတ်ဝင်စားလာတယ်..ဘာလို့လည်းဆိုတော့ Myanmar Typing ပရိုဂရမ်လေးလည်း
လုပ်ထားတာဆိုတော့ မြန်မာယူနီကုဒ်ကို ဆက်လေ့လာချင်နေတာ..အဲ့တာနဲ့ ကိုမောင်လှရဲ့အကူအညီယူပြီး sannoo.blogspot.com ကိုပြန်စဖြစ်သွားတယ်။
ဒီဇိုင်းကိုအရမ်း crazy ဖြစ်တော့ ကိုယ့်ရဲ့ site လေးကိုလှလှပပလေးဖြစ်အောင် ဟိုပြင်ဒီပြင်အချိန်အတော်ပေးဖြစ်သွားတယ်.နောက် problem က
post တွေတင်ရတာပါပဲ..အချိန်ပေးပြီးလုပ်ရတယ်..visit လုပ်တဲ့သူတွေကိုအားနာလို့..တစ်ခါတစ်ခါကျတော့လည်း အလုပ်အရမ်းများတာရယ် speed
ကအရမ်းကျတာရယ်ကြောင့် post မှန်မှန်တင်ဘို့ခဲယဉ်းသွားပြန်တယ်.blogger တစ်ယောက်ရဲ့စေတနာကဘာလည်းဆိုတော့ visit လုပ်တဲ့သူတွေကို
အကျိုးရှိမဲ့အကြောင်းအရာတစ်ခုခုပေးချင်တာပါပဲ .. အတတ်နိုင်ဆုံးလည်းကြိုးစားပါတယ်..ရသပဲဖြစ်ဖြစ် သုတပဲဖြစ်ဖြစ်ပေါ့.။ပြီးတော့ ကိုယ်ဖန်တီး
ထားတဲ့ program လေးတွေကိုသုံးကြည့်စေချင်တယ်.အဲဒီ့တော့ web ပေါ်မှာ သုံးလို့အဆင်ပြေအောင် program လေးတွေကိုပြင်စရာရှိတာတွေ ပြန်ပြီး
ပြင်ရပြန်ရော.cmsmdy ရဲ့အကူအညီလည်းရပါတယ်..myoaung-mdy လည်းကူပါတယ်..တစ်ယောက်ကို တစ်ယောက်အပြန်အလှန် ဖေးမရင်းနဲ့ပဲ
blog disease ကစွဲတော့တာပဲ..ရောဂါပေါ့ဗျာ...တဆင့်ဆက်တွေးတော့ ဒါတွေလုပ်တာ ဘာများအကျိုးရှိလည်းပေါ့...မိတ်ဆွေတွေတိုးလာတယ်..သိချင်တာတွေမေးလို့ရတယ်..ပြောချင်တာတွေရေးလို့ရတယ်.. မကျေနပ်သေးဘူး...how can i make money by using blogspot ? စိတ်ကူးယဉ်တာပေါ့နော်..တခါတခါလည်း
စိတ်ကူးလေးတွေတည့်သွားတော့အရမ်းပီတိဖြစ်မိပြန်တယ်..Myanmar Blogger အားလုံးကိုလေးစားပါတယ်.MCPA မှာ everything is blogable အစီအစဉ်ကို
သိရတော့တကယ်ပဲဝမ်းသာပါတယ်...ဒါပေမဲ့ကျမ်းမာရေးလည်းသိပ်မကောင်းလို့မရောက်ဖြစ်ခဲ့ဘူး...blog တွေမှာပြန်ကြည့်ဖြစ်ပါတယ် တကယ်ရောက်ခဲ့ရသလိုပါပဲ..
Cbox idea ကိုသဘောကြမိတယ်.ကိုမောင်လှကြီးဘာတွေရေးသွားပါလိမ့်..Mandalay က blogger တွေကို မိတ်ဆွေတွေကလွဲလို့လူနဲ့နာမည်နဲ့မတွဲမိဘူး.
အခုမှတချို့ကိုသိရတော့ blog design လှလှလေးတွေဖန်တီးနိုင်သလို လူတွေကလည်းချောချောလှလှလေးတွေပဲ..(မုန့်ကျွေးနော်..).ဒေါ်ရတနာ၊ S potato
နဲ့ ကိုဇော်မျိုးအောင်တို့..ကျွန်တော်တို့ ( ကျွန်တော်နဲ့ကိုမျိုးအောင်) ဆီတကူးတက ရောက်လာပြီး blog member card လေးတွေပေးသွားတာ
ကျေးဇူးတင်ပါတယ်..လူတွေကြားထဲသိပ်မနေချင်တဲ့ ကျွန်တော်တို့ကို နောက်တခါ seminar လိုမျိုးတွေမှာလာဘို့ပြောတယ်..တတ်နိုင်တာလေးတွေကူညီလုပ်ကိုင်ပေးပါ့မယ်လို့စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်ပါတယ်.... နောက်ပြီး wheel of fortune နှစ်သက်သူတိုင်း program ကိုလွတ်လပ်စွာ link နိုင်ပါတယ်..Secrete of TAROT
ကိုလည်းပိုပြီးအဆင်ပြေအောင်ကြိုးစားပါဦးမယ်။ Myanmar blogger အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေ...


Read More...

Wednesday, July 18, 2007

:)

မြန်မာ blogger များစုစည်းပြီး ပညာဖလှယ်ကြတာ အလွန်ကောင်းတဲ့ အစီအစဉ်တခုပါပဲ.. ကိုယ်ကိုယ်တိုင် တော့ တောင်မရောက်မြောက်မရောက်မို့ ဘေးကပဲအားပေးချင်တယ်..အခုရက်ပိုင်း အလုပ်တွေကများပြီး သိပ်လည်းမအားဘူး..post အသစ်တွေတင်ချင်ပေမဲ့ မတင်ဖြစ်ဘူး..မိတ်ဆွေ blogger တွေစီလည်းစိတ်ပဲ ရောက်တယ်..visit မလုပ်ဖြစ်ဘူး..ဒီကြားထဲ www.check-menwear.blogspot.com တစ်ခုလုပ်ဖြစ်လိုက်သေးတယ် ..blog နဲ့ငွေရှာချင်တယ်.. blog ကိုအများကြီးဆက်ပြီးလေ့လာရဦးမှာပဲနော် ...Firefox နဲ့ဆို plugin flash player install လုပ်လည်း browse လုပ်တဲ့အခါမှာ flash file ကအလုပ်မလုပ်ဘူးဖြစ်နေတယ်..why ??? သိတဲ့သူရှိရင်ပြောပြပေးစေချင်ပါတယ်..cbox ကိုဝင်ချင်ရင်
top banner မှာ point လုပ်လိုက်ပါ။ :)

Read More...

Thursday, July 12, 2007

AboutFOLDER-Lock

စိုးဇေယျထွန်းရဲ့ comment လေးပါ။ Floder Lock ကို စမ်းသပ်သူများအတွက် သိထားသင့်တယ်ထင်လို့ post လုပ်ပေးလိုက်ပါတယ်..ကိုစစ်ကိုင်းရေကြည့် စမ်းနော်..

စိုးဇေယျထွန်း said...

အဲဒီကောင်ပေါ့ဗျာ။ ကျွန်တော့ကွန်ပျူတာကို ဒုက္ခပေးသွားတာ။ သူ့ရဲ့ အားနည်းချက်က ဆိုင်းအင်လုပ်ထား တုန်းမှာ အောရယ်ဂျင်နယ် ဆော့ဝဲကို သွားဖျက်ရင် ပျက်တယ်။ ဒါပေမယ့် ဖိုဒါတွေကတော့ လော့ကျရက် တန်းလန်းကြီး ဖြစ်သွားတယ်

Read More...

Wednesday, July 11, 2007

AmazingWEB-Link


အလှူ လ္ဘက်နှင့် မျက်နှာလုပ်ခြင်းမဟုတ်ပါ၊ စာအုပ်ဖတ်ဘို့အချိန်မရတဲ့သူတွေ အတွက် စိတ်ဝင်စားဖွယ်ရာ web site အညွှန်းကို
(ကွန်ပျူတာဂျာနယ်) မှတဆင့်စုစည်းတင်ပြမှုစေတနာသက်သက်မျှသာဖြစ်ပါသည်။

(1) သိပ်လှတဲ့ icon လေးတွေအခမဲ့ရချင်တယ်ဆိုရင် http://freeiconsweb.com
(2) ရီမောဘွယ်ရာလှပတဲ့ greeting card လေးတွေသူငယ်ချင်းတွေဆီကို ပို့ဘို့အတွက် ဆို http://www.6ecards.com နဲ့ http://www.egreetings.com
(3) အခမဲ့ download လုပ်ဘို့ software လေးတွေကိုတော့ http://www.bestfree.com
(4) အလုပ်တွေများပြီးစိတ်ရှုပ်နေရင်တော့ http://www.comedycentral.com ကိုသာသွားလိုက်ပါ.
(5) ဘောလုံးကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ http://www.soccersquared.com မှာပိုစတာတွေ background တွေ icon လေးတွေရနိုင်တယ်
(6) နောက်ဘောလုံးနဲ့ပတ်သက်တဲ့ သတင်းအစအနတွေအတွက်တော့ http://footballwired.com ကိုသွားသင့်ပါတယ်
(7) Java, C++e-book, Hardware tips, Illustrator After Effects နဲ့အခြား software များစွာရရှိနိုင်တာက http://www.click-now.net ပဲဖြစ်ပါတယ်..
(8) freeware နဲ့ shareware တွေ အခမဲ့ download လုပ်ချင်ရင် http://www.download3000.com
(9) ကင်မရာအကြောင်းအစုံအလင်သိချင်ရင် http://www.camerapedia.org
(10) နာမည်ကြော် photoshop အသုံးပြုသူများ website ကတော့ http://www.photoshopuser.com
(11) အင်္ဂလိပ်စာ ကို listing,speaking,reading,writing စတဲ့ skills တွေရဘို့လေ့လာချင်ရင် http://www.englishpage.com
(12) IT field ရဲ့ စွယ်စုံကျမ်းမှာ မသိသေးတာတွေကိုလေ့လာချင်တယ်ဆိုရင် http://www.webopedia.com/quick-ref
(13) အလွန်စွဲမက်ဘွယ်ကောင်းတဲ့ wallpaper တွေရဘို့အတွက်တော့ http://www.freewallpapers.to
(14) vb programming langauge အတွက် microsoft developer များရဲ့ http://www.devx.com
(15) ကမ္ဘာ့ ထင်ရှားတဲ့ ဓါတ်ပုံတွေကြည့်ဘို့ဆိုရင် http://www.worldfamousphotos.com
(16) website designer တွေအတွက် http://www.browsershots.org နဲ့ http://www.oswd.org
(17) Photoshop CS3 ကိုသင်ယူချင်ရင် http://photosupport.com
(18) Graphic designer တွေလေ့လာဘို့ http://fantasyartdesign.com

Read More...

Sunday, July 08, 2007

FolderLOCK-USBlock



Download FolderLOCK


How it lock files on a USB Flash Drive, CD-RW or floppy disks?
To protect files on USB Flash Drives, Memory Sticks, Pen Drives and Zip Drives, click 'Browse' and select the option 'Move to portable disk'. Then read the instructions and click the 'Next' button. Now you will be able to select the drive(s) in which you want protection. You can select these drive(s) by clicking the check boxes next to them. After that click the 'Move It' button, this will move the program folder of Folder Lock to that drive. Now you can run the program from that drive and keep the files in the 'Locker' folder it creates and lock them up.

Read More...

Thursday, July 05, 2007

Secrete of TAROT & Wheel OF Fortune

Wheel Of Fortune
တားရော့ဗေဒင်မေးမယ်

Read More...

Intel® Matrix Storage Technology

Intel® Matrix Storage Technology

In today's digital age, safekeeping of digital content such as photographs, video, audio and personal records, is extremely important. Should a PC's hard drive fail, these digital memories can be lost forever. Additionally, high-speed storage capabilities improve the performance of demanding applications and games. Whether users want to load huge files into Adobe Photoshop* faster, create large CD/DVD images with Nero* in record time, or want to be the first on the map in a Doom* 'frag' tournament, Intel Matrix Storage Technology is a key part of the solution for these and many other disk-intensive applications.

Video content, digital photos, music libraries, realistic3-D gaming environments and even TV programs recorded live from satellite can all be stored on today's desktop and mobile PCs. With gigabytes of data being transferred to and from the hard drive, storage performance counts. Intel Matrix Storage Technology helps deliver results in this media-rich computing environment.

Read More...

Raid Drive.

Raid drive နဲ့ပတ်သက်ပြီး မေးမြန်းကြတယ်..ကျွန်တော်လည်းသိပ်မသိဘူး..စိတ်ဝင်စားလို့ဟိုဖတ်ဒီဖတ်အဆင့်ပဲရှိသေးတာ.. နားလည်တဲ့သူရှိရင်ပြောပြပေးပါလား။ဟိုဖတ်ဒီဖတ်လုပ်ချင်တယ်ဆိုရင်တော့ What is a Raid Drive Post ကိုဖတ်ကြည့်နိုင် ပါတယ်..

Read More...

What is a RAID Drive ?

What is a RAID Drive ?

Redundant Array of Independent Discs
Lets start with the basics. R.A.I.D. Redundant Array of Independent Discs. In the old days it also used to mean Redundant Array of Inexpensive Discs. A RAID system is a collection of hard drives joined together using a level definition (see levels below). There are many uses for it. First it can be used to stripe drives together to give more overall access speed (level 0). Second it can be used mirror drives (level 1). Third it can be used to increase uptime of your overall storage by striping drives together and then keeping parity data, if a drive should fail the system keeps operating (level 5). Most people use level 5 for the uptime purposes and its ability to join together 16 drives, giving a large storage block. Read about the levels below and see which one suits you best.

Hot Spares
A hot spare is a stand by drive assigned to an array or assigned to a group of arrays (global spare). If a drive goes bad in an array the hot spare will take over for failed drive automatically and your array will not suffer a performance degradation. Hot spares only make sense on levels 5, 5+0 , 0+5, 1+5 and 5+1.

Hot Swap
Hot swap is a term used to describe the condition in which drives are attached to the controller. You always want hot swap drives so that if a drive goes bad it can be replaced on the fly without incurring downtime.

Other features to avoid downtime
Other features of professional RAIDs include Hot swap and redundant power supplies. Hot swap and redundant fans. In some more expensive systems we even have hot swap and redundant controllers.

RAID Levels
RAID 0
This is the simplest level, as it just involves striping. Data redundancy is not even present in this level, so it is not recommended for applications where data is critical. This level offers the highest levels of performance out of any single level. It also offers the lowest cost since no extra storage is involved. At least 2 hard drives are required, preferably identical, and the maximum depends on the controller. None of the space is wasted as long as the hard drives used are identical. This level has become popular with the mainstream market for it's relatively low cost and high performance gain. This level is good for most people that don't need any data redundancy. There are many SCSI and IDE/ATA implementations available. Finally, it's important to note that if any of the hard drives in the array fails, you lose everything.
RAID 1
This level is usually implemented as mirroring. Two identical copies of data are stored on two drives. When one drive fails, the other drive still has the data to keep the system going. Rebuilding a lost drive is very simple since you still have the second copy. This adds data redundancy to the system and provides some safety from failures. Some implementations add an extra controller to increase the fault tolerance even more. It is ideal for applications that use critical data. Even though the performance benefits are not great, some might just be concerned with preserving their data. The relative simplicity and low cost of implementing this level has increased its popularity in mainstream controllers. Most controllers nowadays implement some form of RAID 1.

RAID 2
This level uses bit levels striping with Hamming code ECC. The technique used here is somewhat similar to striping with parity but not really. The data is split at the bit level and spread over a number of data and ECC disks. When data is written to the array, the Hamming codes are calculated and written to the ECC disks. When the data is read from the array, Hamming codes are used to check whether errors have occurred since the data was written to the array. Single bit errors can be detected and corrected immediately. This is the only level that really deviates from the other concepts talked about earlier. The complicated and expensive controller hardware needed and the minimum number of hard drives required, is the reason this level is not used today.

RAID 3
This level uses byte level striping with dedicated parity. In other words, data is striped across the array at the byte level with one dedicated parity drive holding the redundancy information. The idea behind this level is that striping the data increasing performance and using dedicated parity takes care of redundancy. 3 hard drives are required. 2 for striping, and 1 as the dedicated parity drive. Although the performance is good, the added parity does slow down writes. The parity information has to be written to the parity drive whenever a write occurs. This increased computation calls for a hardware controller, so software implementations are not practical. Level 3 is good for applications that deal with large files since the stripe size is small.

RAID 4
This level is very similar to RAID 3. The only difference is that it uses block level striping instead of byte level striping. The advantage in that is that you can change the stripe size to suit application needs. This level is often seen as a mix between levels 3 and levels 5, having the dedicated parity of RAID 3 and the block level striping of levels 5. Again, you'll probably need a hardware controller for this level. Also, the dedicated parity drive continues to slow down performance in this level as well.

RAID 5
RAID 5 uses block level striping and distributed parity. This level tries to remove the bottleneck of the dedicated parity drive. With the use of a distributed parity algorithm, this level writes the data and parity data across all the drives. Basically, the blocks of data are used to create the parity blocks which are then stored across the array. This removes the bottleneck of writing to just one parity drive. However, the parity information still has to be calculated and written whenever a write occurs, so the slowdown involved with that still applies. The fault tolerance is maintained by separating the parity information for a block from the actual data block. This way when one drive goes, all the data on that drive can be rebuilt from the data on the other drives. Recovery is more complicated than usual because of the distributed nature of the parity. Just as in RAID 4, the stripe size can be changed to suit the needs of the application. Also, using a hardware controller is probably the more practical solution. RAID 5 is one of the most popular levels being used today. Many see it as the best combination of performance, redundancy, and storage efficiency.

RAID 10 or 0+1

Combining Levels of RAID
The single levels don't address every application requirement that exist. So, to get more functionality, someone thought of the idea of combining levels. What if you can combine two levels and get the advantages of both? Well that was the motivation behind creating these new levels. The main benefit of using multiple levels is the increased performance. Usually combining levels means using a hardware controller. The increased level of complexity of these levels means that software solutions are not practical. RAID 0 has the best performance out of the single levels and it is the one most commonly being combined. Not all combinations of RAID levels exist. The most common combinations are RAID 0+1 and 1+0. The difference between 0+1 and 1+0 might seem subtle, and sometimes companies may use the terms interchangeably. However, the difference lies in the amount of fault tolerance. Both these levels require at least 4 hard drives to implement. Let's look at RAID 0+1 first.
This combination uses RAID 0 for it's high performance and RAID 1 for it's high fault tolerance. I actually mentioned this level when I talked about adding striping to mirroring. Let's say you have 8 hard drives. You can split them into 2 arrays of 4 drives each, and apply RAID 0 to each array. Now you have 2 striped arrays. Then you would apply RAID 1 to the 2 striped arrays and have one array mirrored on the other. If a hard drive in one striped array fails, the entire array is lost. The other striped array is left, but contains no fault tolerance if any of the drives in it fail.
RAID 1+0 applies RAID 1 first then RAID 0 to the drives. To apply RAID 1, you split the 8 drives into 4 sets of 2 drives each. Now each set is mirrored and has duplicate information. To apply RAID 0, you then stripe across the 4 sets. In essence, you have a striped array across a number of mirrored sets. This combination has better fault tolerance than RAID 0+1. As long as one drive in a mirrored set is active, the array can still function. So theoretically you can have up to half the drives fail before you lose everything, as opposed to only two drives in RAID 0+1.
The popularity of 0+1 and 1+0 stems from the fact that it's relatively simple to implement while providing high performance and good data redundancy. With the increased reduction of hard drive prices, the 4 hard drive minimum isn't unreasonable to the mainstream anymore. However, you still have the 50% waste in storage space whenever you are dealing with mirroring. Enterprise applications and servers are often willing to sacrifice storage for increased performance and fault tolerance. Some other combinations of levels that are used include, RAID 0+3, 3+0, 0+5, 5+0, 1+5, and 5+1. These levels are often complicated to implement and require expensive hardware. Not all of the combinations I mentioned above are used.

Read More...

Monday, June 25, 2007

MonSoon2



::

Read More...

MonSoon1


::

Read More...

Friday, June 22, 2007

သောင်းပြောင်းထွေလာ..

::index-menwear.blogspot.comနဲ့ပတ်သက်တဲ့ဝေဖန်မှုတွေအားလုံးကိုကျေးဇူးတင်ပါတယ်..တစ်ခုပြော
ချင်တာကအဲဒီ့ siteကိုဖန်တီးရတဲ့အခြေအနေကိုပါပဲကျွန်တော်စိတ်ကြိုက်ဒီဇိုင်းလုပ်ခွင့်မရှိပါဘူး.. အလုပ်ရှင်ဖြစ်ချင်တဲ့ပုံစံကိုပဲလုပ်ပေးရတာပါ။ ကဲအခုပျော်စရာကောင်းမဲ့ free-website လေးတစ်ခုအကြောင်းကိုပြောချင်ပါတယ်..တော်တော်များများလည်းသိပြီးဖြစ်ပါလိမ့်မယ်..
Photo,Video,Musicနဲ့အခြားစိတ်ဝင်စားစရာလေးတွေလည်းဖန်တီးလို့ရမယ်ထင်တယ်..ကျွန်တော်
တော့registerလုပ်ပြီးသွားပါပြီ..အလကားရတဲ့ဟာမို့လက်သွက်တာထင်တယ်..ဒီမှာနမူနာကြည့်နိုင်ပါတယ်..

နောက်ပြီးကျွန်တော့်ညီငယ်လေးရဲ့Blogမှလွန်စွာသဘောကျသည့်Cartoonလေးတွေကိုလည်း
ဆက်လက်ဖော်ပြလိုက်ပါတယ်။မိန်းခလေးတွေများဗျာ..တတ်လည်းတတ်နိုင်တယ်..

Read More...

Thursday, June 21, 2007

iNDEX သို့ Blogger ဖြင့်ငွေရှာခြင်း



အီလက်ထရောနစ် နဲ့ နည်းပညာပြပွဲ အတွက် အလုပ်များနေသည့် ကြားထဲ မိတ်ဆွေတစ်ဦးနှင့် ဆက်သွယ်မိပြီး iNDEX Men's wear အတွက် Blog ဖြင့် ရိုးရှင်းသော site လေးတစ်ခု ဖန်တီးဖြစ်သွားသည်။
http://www.index-menwear.blogspot.com မှာကြည့်ကြပါခင်ဗျာ..

Read More...

Saturday, June 16, 2007

ရှားလော့ခ်ဟုမ်းအလွမ်းပြေ


::

Read More...

Friday, June 15, 2007


::
PCworld မဂ္ဂဇင်း၏စမ်းသက်ချက်များအရ အကောင်းဆုံး FreeStaff များဖြစ်ပါသည်။ Get and Enjoy !!!

DSESK TOP SEARCH

(1) Google desktop
desktop.google.com
(2) Copernic desktop
www.copernic.com
(3) Windows desktop Search
find.pcworld.com/56747
(4) Yahoo desktop Search
desktop.yahoo.com

WINDOWS XP TWEAKS

(1) (www.freshdevice.com)
(2) Microsoft PowerToys for Windows XP.
find.pcworld.com/56138
(3) Tweak and Tune
find.pcworld.com/56755

WINDOWS VISTA TWEAKS

(1) Tweak Vl Basic
find.pcworld.com/56750
(2) Vista Boot Pro
www.vistabootpro.org
(3) Easy BCD
find.pcworld.com/56752

INSTANT MASSAGING ! VOICE

(1) Meebo
www.meebo.com
(2) Jajah
www.jajah.com
(3) Skype
www.skype.com
(4) Google Talk
www.google.com/talk

SECURITY(SECUWARE)

(1) Avast
www.avast.com
(2) Zone Alarm
www.zonealam.com
(3) AVG Anti-virus Free
free.grisoft.com/doc/1

MULTIMEDIA

(1) VLC
www.videolanorg.vic
(2) iTune
www.iTunes.com
(3) Foobar2000
www.foobar2000.org

IMAGE EDITING

(1) Google Picasa
picasa.google.com
(2) Snapfire
www.snapfire.com
(3) Irfanview
www.irfanview.com
(4) StudioLine Photo Basic
find.pcworld.com/56625
(5) Photo Info
find.pcworld.com/56626
(6) Paint.Net
find.pcworld.com/56630

FREE E - MAIL

(1) Gmail
www.gmail.com
(2) Yahoo Mail
mail.yahoo.com
(3) Microsoft Windows Live Mail
find.pcworld.com/56638
(4) Thunderbird
find.pcworld.com/56640
(5) Eudora
www.eudora.com

FILE SHARE

(1) ALL Peers
www.allpeers.com
(2) Pando
www.pando.com
(3) u Torrent
www.utorrent.com

Read More...

မိုးရွာသောနေ့တစ်နေ့

::
ကောင်းကင်သည် မိုးသားတိမ်တိုက်တို့နှင့် အတိပြီးလေပြီ
လျှပ်နွယ်လျှပ်ပန်းခက်တို့သည်လည်း ၀င်းလက်ကြကုန်၏
အသံသည် အလင်း၏အလျှင်ထက်နောက်ကျ၍ မိုးထစ်ချုံးသံကို
အတန်ငယ်ကြာမှကြားရသည်
မိုးသက်လေပြေသည် ဝေ့ကာဝိုက်ကာ အခန်းတွင်းသို့ဝင်၍
ဆံပင်တို့အား နမ်းရှိုက်ကုန်၏
ဝသန်ကာလ ဖားအော်သံတို့လည်းစီစီညံပြီ
သေချာသည် မကြာမှီမိုးရွာတော့မည်ဖြစ်သည်။
ကမ္ဘာလောကကြီး၏ အညစ်အကြေးတို့ကိုဆေးကြောမည့် ...
သစ်ပင်ပန်းမန်တို့၏ အသက်ကို အားဖြည့်မည့် ...
တောင်သူဦးကြီးများ၏ဘ၀ကို ထောက်ပံ့မည့် မိုးများရွာသွန်းပေတော့မည်။
မိုးကိုချစ်ပါသည်
အိမ်ခေါင်မိုး နှင့် ပြူတင်းတံခါးများသို့ ရိုက်ခတ်လာသည့်မိုးစက်များကိုနှစ်သက်ပါသည်
မျက်နှာပြင်သို့ပက်ဖြန်းလာသည့်မိုးဖွဲလေးများကို နှစ်သက်ပါသည်
မိုးသည်းသောနေ့များတွင် စာအုပ်ကောင်းကောင်းတစ်အုပ်ဖြင့်
အိပ်ယာထက်တွင် အပန်းဖြေချင်ပါသည်။
ဥပမာ ကော်ဖီခါးခါးတစ်ခွက် ဖြင့် ရှားလော့ခ်ဟုမ်း၏ စာအုပ်ကို ဖတ်ရင်း ..
၁၉ ရာစုလန်ဒန်ညများကို အိပ်မက်နိုင်ပါသည်။
(Comment: 221b Baker Street London England. Museum of Sherlock Holmes)
ဆရာမ ဂျူး၏ မရှိမဖြစ်မိုးကိုသတိရလိုက်ပြန်သည်။
လမင်းငယ် သည် အရိပ်အယောင်မျှရှာမရအောင် ပုန်းကွယ်၍
ကောင်းကင်ကြီးသည် ဆောက်တည်ရာမဲ့ သည်းထန်စွာငိုကြွေးလေပြီ
မိုးတွေရွာပါပြီ...



Read More...

Wednesday, June 13, 2007

MyRainyDay & Usefull Links

::

မနေ့ကမန္တလေးမှာ တစ်နေကုန်မိုးရွာသည်။ နေ့ခင်းရုံးပြန်မသွားတော့ပဲ အိမ်မှာစာအုပ်များဖြင့် နှပ်နေမိသည်။
ဖတ်မိသမျှမှ ကောင်းမည်ထင်သော လင့်ခ် များကို မိတ်ဆွေများအတွက် ဖော်ပြလိုက်ပါသည်။




Read More...

Tuesday, June 12, 2007

ငယ်စဉ်က ကလေးတို့ ဘဝ


::

ငယ်စဉ်က ကလေးတို့ ဘ၀မှာ ပျော်ပါးဘို့ရာ လွယ်ပါတယ် ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ စားချိန်မှာဝင်စားမယ်..အိပ်ချိန်မှာ ၀င်အိပ်မယ် အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကို..တခါပြန်ပြီး ရောက်ချင်သေးတယ်.. အပြစ်မရှိသေးတဲ့ ကလေးလေးဘ၀ကို..တခါပြန်ပြီး ရချင်သေးတယ်..

Read More...

Sunday, June 10, 2007

aboutUS


::

Read More...

Sunday, June 03, 2007

ခရမ်းပြာအိပ်မက်၊ ရက်လွန်ပန်း နှင့် ဘလော့ခ်ဂါများ

::
လီယိုတော်လ်စတွိုင်းက စစ်နဲ့ငြိမ်းချမ်းရေး ဂန္ထ၀င်စာပေကြီးရေးခဲ့တာ ရှက်လို့တဲ့။ နောက်ဆုံးတော့ အကောင်းဆုံးလို့ ထင်ခဲ့တာတွေ လွဲမှားတတ်ခဲ့။မုတ်သုန်မိုးကိုမျှော်ရင်း လေညှင်းဖြင့်သာ စိတ်ဖြေရရှာသည့် အရိုင်းပန်းပွင့်ငယ်...အပြာ နှင့် အနီရောင်စုတ်ချက်ကြမ်းတွေကြောင့် ခရမ်းပြာ အိပ်မက်မှာ အဖေါ်မပါ၊ ဒဏ်ရာတွေသာ ဒင်းကြမ်းပြည့်ပေါ့။မျက်ရည်ဆိုတာ ခမ်းခြောက်တတ်တာမျိုးမှမဟုတ်၊ ပြန်ပြောင်းခံစားမိတိုင်း နုတဲ့နှလုံးသားဟာ မုန်တိုင်းမိပေါ့။အင်း...နောက်ဆုံးတော့ အကောင်းဆုံးလို့ ထင်ခဲ့တာတွေ အာရုံမှားခြင်းအောက်မှာ တိမ်းပါးသွားပေါ့။
ပန်းချီဆရာဟာသူ့ရဲ့ ခံစားမှုတွေနဲ့ချုပ်လုပ်ထားတဲ့ ၀တ်စုံကိုဝတ်ဆင်လို့ပိုင်ဆိုင်မှုတွေအကုန်လုံး လွယ်အိတ်ဟောင်းထဲစုထည့်....နောက်ဆုံးလက်ကျန် ကင်းဗတ်စမှာ မျက်ရည်စက်နဲ့ အရုပ်တွေရေးချယ်ခဲ့...အောက်ဆုံးမှာတော့ ၀ယ်သူမရှိတဲ့ပန်းချီကားကို not for sale လို့ရေးခဲ့သဗျ။ သူကတော့ကျေနပ်နေတာပဲ ... ဗင်းဆင့်ဗင်ဂိုးတောင် ငါ့ထက်မွဲသေးရဲ့...ကမ္ဘာကျော် ဗင်ဂိုးရဲ့ အားလူးစားသူများပန်းချီကားလို ငါလည်း ဒုတ်ထိုးစားသူများပန်းချီကားကိုဆွဲမဟဲ့...သြစတြေးလျှရဲ့ ဆစ်ဒနီတံတားနဲ့ပြင်သစ်က အီဗဲမျှော်စင်တွေကို တစ်ခေါက်လောက်တော့သွားချင်သေးရဲ့၊ ကမ္ဘာကြီးရဲ့ အမိုးလို့တင်စားကြတဲ့ တိဗတ်က လာမားဘုန်းကြီးကျောင်းတွေကို လေ့လာချင်ရဲ့၊ ပန်းချီဆွဲဘို့ ကဗျာရေးဘို့ ကုန်ကြမ်းတွေပေါ့ဗျာ..စိတ်ကူးတွေဖြန့်ကျက်လိုက်တာ ဆေးလိပ်တိုတောင်မီးငြိမ်းပေါ့..
အင်း .. ဂတ်စ်မီးခြစ်လေးတစ်လုံးတော့ဝယ်ဦးမှ။
(ဤတွင်တခန်းရပ်ပြီ)
စိတ်အဆာပြေ ဘလော့ခ်တွေတင်တော့၊ မမြင်ဘူးတဲ့ မိတ်ဆွေတွေနဲ့လည်း အလွမ်းပြေတတ်ပြီပေါ့။ကိုကြီးသူ (kogyithu.blogspot.com) ရေ Liver အကြောင်း၊ အသည်းရောဂါဘယ်လိုကာကွယ်ရမယ်ဆိုတာတွေ ရေးပေးပါလား။ ဒေါက်တာကျော်ဇေယျ ရဲ့စာအုပ်က မြန်မာကျပ်ငွေ ၂၅၀၀ ဆိုတော့လူတိုင်းဝယ်ဖတ်ဘို့ မလွယ်ဘူး မဟုတ်လားဗျာ...
ကျွန်တော်တို့မသိတာတွေ ချချပြီးရေးပြတတ်တဲ့ ညညလေး (http://www.ainmetdiary.blogspot.com/)အစားအသောက်တွေအကြောင်း ခဏခဏရေးတော့သူ့ဘလော့ခ်က လူအစည်ဆုံးပေါ့။
virus တွေနဲ့ ကခုန်တတ်တဲ့ ကိုမောင်လှ (http://www.mghla.blogspot.com/)အနုပညာနဲ့ နည်းပညာများ ကြားမှာအမြဲတမ်းဘီးဇီးပဲဗျာ။
အကောင်းဆုံးတွေကို အင်တာနက်ကနေ အရှာဖွေနိုင်ဆုံးဆုကိုပေးရင်မိတ်ဆွေလေး cmsmdy.blogspot.com ကိုသာပေးလိုက်ပါ။
မှတ်သားစရာတွေ ကိုရီမောဘွယ်ရာ ဖန်တီးတတ်တဲ့မစိုးစိုးကြည်ရဲ့ဘလော့ခ်ကို မကြာမကြာရောက်ဖြစ်သည်။
ယူစဂီ၏ တရားရနံ့တွေလှိုင်ဝေပြီး ဖတ်စရာများ ကောင်းလှသည့် ဘလော့ခ်၊ နည်းပညာတွေကြားက ထူးခြားတာလေးတွေရေးပြတတ်တာမသဉ္ဖာရဲ့ ဘလော့ခ်၊ စာမေးပွဲတွေကြောင့် blog ကိုခဏရပ်ထားမယ်လို့ပြောတဲ့ မန္တလေးက myoaung-mdy.blogspot.com၊ ရေမြေ အသစ်မှာ အမြင်သစ်ဓါတ်ပုံတွေတင်တတ်တဲ့ ရောင်းရင်းကြီး Steven ရဲ့bloါအဲဒါတွေကြား အခမဲ့လှည့်လည်သွား နေရတာများ အခမ်းနားဆုံး Shopping Mall ကြီးတစ်ခုထဲမှာ Window Shopping ထွက်နေရသလိုပါပဲ။

Read More...

Friday, June 01, 2007

မြန်မာအင်တာနက် seminar

::
မြန်မာအင်တာနက် seminar မှဖန်တီးထားသော ဘလော့ဂ်ဖြစ်ပါသည်။ အောက်ပါလင့်ခ်ဖြစ် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာအင်တာနက် seminar

Read More...

Monday, May 28, 2007

Secrete of Tarot





ဗေဒင်မေးမယ်...


::

Read More...

Thursday, May 24, 2007

::

Read More...

Tuesday, May 22, 2007

မိမိနှင့်ထပ်တူမေတ္တာပို့ခြင်း

::

(၁) အိပ်ယာမှချမ်းချမ်းသာသာ နှင့် နိုးထရသည်
ဝေဒနာကင်းစွာ ကောင်းသောအိပ်စက်ခြင်းမှ နိုးထရသည်
လွန်စွာကောင်းလေစွ
သန့်စင်သောနံနက်ခင်း လေပြေများရှုရှိုက်ရင်း မင်္ဂလာစကားများ ဓမ္မတေးများ သာလျှင် နားဆင်ပြီး
ရင်ဆိုင်ရမည့် တနေ့တာအတွက်ပြင်ဆင်သည်။ ကောင်းသော အတိတ် နမိတ်ကိုဆောင်သည့် စကားများကိုပြောဆိုကြပါ..
ချမ်းသာလေစွ..
မိမိ၏ချမ်းသာခြင်းနှင့်ထပ်တူ လူသားအားလုံးချမ်းသာကြပါစေ...

(၂) ကြည်လင်သော ရေ နှင့် မျက်နှာသစ်စဉ် ဖြစ်ပျက်ခြင်း ယိုယွင်းခြင်း စသည်အထိမှတ်နိုင်လျှင်ကောင်းသည်..
ထိုအဆင့်သို့မရောက်လျှင် ရေအဆင်ပြေသည် မျက်နှာနှင့်ခန္ခာကိုယ်သန့်စင်သွားသည်
လန်းဆန်းသွားသည်.. ကောင်းလေစွ
ရေအဆင်မပြေမှု ကြုံဘူးသူမှသိမည်..
မိမိရန်ကုန်တွင်နေစဉ်က ထိုဒဏ်ကိုကောင်းကောင်းခံဘူးသည်။
၃ ၄ ရက်ခန့်မျက်နှာသစ်ရန် နံနက် ရေတဖလားမှအပ မရှိ
ရေသံကြားလျှင် ရူးချင်စိတ်ပင်ပေါက်သည်
ထို့ကြောင့် သန့်စင်သောရေဖြင့် ခန္ခာကိုယ်သန့်စင်ခွင့်ရခြင်းသည်လည်း
ကောင်းလေစွ..
မိမိ၏ချမ်းသာခြင်းနှင့်ထပ်တူ လူသားအားလုံးချမ်းသာကြပါစေ...

(၃) နံနက်စာတွင် စားချင်စိတ်ရှိခြင်း
မိမိစားလိုသည့် အရာများအဆင်ပြေခြင်း
မိမိစားလိုသည့် အချိန်တွင် စားချင်သည်များကို စားခွင့်ရခြင်း
ချမိးသာလေစွ
မိမိ၏ချမ်းသာခြင်းနှင့်ထပ်တူ လူသားအားလုံးနံနက်ခင်း အစားအစာများ အဆင်ပြေကြပါစေ..

(၄) ရုံးသွားပြီ
လမ်းခရီးတွင် ဘေးမသီရန်မခ မိမိလိုရာသို့ အချိန်မှီ မပင်မပမ်းရောက်ရ၏
တခါတရံတွင် ဒေါသထွက်စရာများကြုံရ၏
ဒေါသထွက်သွားကြောင်းသိလိုက်ပါ
မသိလိုက်က ဒေါသ၏လောင်မြိုက်မှုကိုခံရပေမည်
ခွင့်လွှတ်လိုက်ပါ
ငြိမ်းချမ်းပါသည် စိတ်ကိုမညစ်နွမ်းစေပါနှင့်
မိမိကဲ့သို့ အခြားသူများလည်း ကျင့်ကြံ ငြိမ်းချမ်းကြပါစေ...

(၅) ဆေးရုံကြီး ရှေ့မှအမြဲဖြတ်ရသည်
ဝေဒနာနှင့်ပတ်သက်ပြီး သီးသန့်စာအများကြီးရေးချင်သည်..
သို့သော် ယခုစာတွင် အကျဉ်းသာရေးအံ့
လူတွေအပြင်လောကတွင်လှုက်ရှားသွားလာကြသည့်နည်းတူ
ဆေးရုံနှင့် ရင်ခွဲရုံများတွင်လည်းလူများရှိနေပါသည်
ဆေးရုံတွင်ရှိနေသောသူများ ဝေဒနာတို့သက်သာပျောက်ကင်းပြီး
ခံစားရသောရောဂါများပျောက်ကင်းကြပါစေ..
ကံရှိသည့်အတွက်ခံရလျှင်လည်း ဝေဒနာကိုတရားနှင့်ယှဉ်ပြီး ရှုမှတ်နိုင်ကြပါစေ
ပြုံးသေ နှင့် မဲ့သေ ကိုနားလည်သဘောပေါက်နိုင်ကြပါစေ...
လူသားတိုင်း ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ..


Read More...

Monday, May 21, 2007

RainyDays-4


::

Read More...

RainyDays-3


::

Read More...

RainyDays-2


::

Read More...

RainyDays-1


::

Read More...

Friday, May 18, 2007

My Sale CDs-2


::

Read More...

My Sale CDs-1


::

Read More...

I have nothing !!!


::

Read More...

Wednesday, May 16, 2007

NOD32


နောက်ပိုင်းမျိုးကွဲ Flashy Virus များအတွက် AVG နှင့်အဆင်မပြေ၊ Kasper Skey နှင့်လည်းမရ၊ NOD32 နှင့်

Scan လုပ်ပြီး Delete လုပ်နိုင်ကြောင်း သတင်းကောင်းပါးပါသည်။

::

Read More...

Monday, May 14, 2007

ညိတွယ်ခြင်း


::

Read More...

မဆုံမဲ့နေ့


Read More...

Sunday, May 13, 2007

Happy MOTHER's Day


::

Read More...

အလွမ်းငှက်


::
ဟိုတစ သည်တစ အပိုင်းအစများ (သို့) အလွမ်းငှက်

နှလုံးသားဖြင့် ထုဆစ်ထားသော မျှော်လင့်ခြင်း ကောင်းကင်သည်တစစီပြိုကွဲ မိုးသားတိမ်တိုက် တို့နှင့်အတိပြီးလေပြီ...ဆောက်တည်ရာမဲ့ ဖြေပြေရာမဲ့ နားခိုရာမဲ့ကြွေလုလု ရော်ဝါရွက် သည်.... လေရူး၏ ကြည်စယ်မှု အောက်တွင် အလူးအလဲ ကြွေချိန်တန်ပြီလား ... ဝေချိန်ကုန်သည်များလား.သိမ်ရာသီ
ဝါခေါင်မိုးဖြင့် လှမ်းလာခဲ့သော ခတ္တာသည်မုတ်သုန်မိုးနဲ့အတူ ပျောက်ဆုံးသွားခဲ့ဂန္ထ၀င် တို့သည် တောက်တောက်ပြောင်ပြောင် စိမ်းလဲ့ကုန် ၏မိုးလင်းငှက်တို့၏ သီချင်းသံ နှင့်အတူအိပ်မဲ့ည ဒုက္ခနှင့်လူ၏ သီချင်းသံသည် အဘယ်မှာ ကာရံညီမည်နည်းမီးပုံတွင်းမှ အကြိမ်ကြိမ် ရှင်သန်ထမြောက်သော ဖီးနှစ်ငှက်ကို လေးစားခဲ့ကိုယ်ကိုယ်တိုင် ရုန်းထွက်ဖို့ကြ လွယ်မယောင်နဲ့ခက်ငွေလမင်းကိုနမ်းတဲ့ညရာဘင်ဒြာနတ်တဂိုး၊ ရှယ်လီ၊ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ရဲ့ကဗျာများမှော်ဝင်ခဲ့တဲ့ညဘယ်တော့မှမမေ့မဲ့ည

Read More...

Friday, May 11, 2007

BeerScript!


::
Option Explicit
Private Sub Office_Off()

dim Cup as Integer
dim TotalCups as Integer
dim Weather as String
TotalCups=Budget/cost of cup
If weather = fine then Goto Beer Shop
For Cup = 1 to TotalCups { Cup+BBQ }
Loop
break
End
Else Goto Home
End if
End Sub.

Read More...

Tuesday, May 08, 2007

YangonFlood2 (www.sannoo.blogspot.com)




::

Read More...

YangonFlood (www.sannoo.blogspot.com)



::






ရန်ကုန်မှာလူအသေပျောက်ရှိသည် အထိမိုးများရွာသွန်းကြောင်းသိရပါသည်။
စိတ်မကောင်းစရာပဲဗျာ..

Read More...

Monday, May 07, 2007

သြ ... မိန်းမ


::

Read More...

BusyDays! 3


::

Read More...

BusyDays! 2


::

Read More...

BusyDays!


::

Read More...

Thursday, May 03, 2007

Be cool !!!


::

Read More...

Drinking cold fresh water, during the Summer time !!!


::

Read More...

Wednesday, May 02, 2007

၂၀၀၇ ခုနှစ် နှင့် အယ်လ်နီညို









:: ၂၀၀၇ ခုနှစ်သည် ကမ္ဘာ ကြီး၏ အပူဆုံးနှစ်အဖြစ် ခန့်မှန်းထားကြသည်။ အပူဒဏ်မှကာကွယ်ရန် သက်ဆိုင်ရာကျန်းမာရေး အဖွဲ့အစည်းများ မှထုပ်ပြန်သည့် ကြေငြာချက်များ ကိုအလေးပြုလိုက်နာရန်လိုသည်။အရက်သည် ခန္ခာကိုယ် ၏ အပူချိန်ကို မြင့်တက်စေသဖြင့် ယခုရက်များအတွင်း ရှောင်ကြဉ်ကြပါ။ ဘီယာ အနည်းငယ်မျှလောက်တော့ ရမည်ထင်ပါသည်။ မိုးလေ၀သပညာရှင်များ ၏အလိုအရအရ ယခုနှစ်တွင် အယ်လ်နီညို ဖြစ်နိုင်ချေရှိသည် ဟုခန့်မှန်းကြသည်။

Read More...