Monday, July 30, 2007

၃၈ဖြာမင်္ဂလာ - 38 Auspicious !

လူတော်တော်များများက မြတ်စွာဘုရားကိုယ်တော်တိုင်တောင်မှမယ်တော်အမိနတ်သား ကျေးဇူးတော်ကို တရားဟောပြီးဆပ်တာ နို့တစ်လုံးဖိုးပဲ ကျေခဲ့ပါတယ်ဆိုပြီးပြောလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာမဟုတ်ပါဘူးလို့ပြောထားတယ်. ဘုရားကိုသိက္ခာချသလိုပဲတဲ့. မြတ်စွာဘုရားက ကျေအောင်ဆပ်ခဲ့ပါတယ်လို့ရေးထားတယ်..ဘယ်ဟာမှန်လည်းဆိုတာတွေး ကြည့်ဘို့သက်သက်ပါပဲ။ တကယ်ရေးချင်တာက ဝေဒနာနုပဿနာအထိဦးတည်မည့် Pain ဆိုတဲ့ ခေါင်းစဉ်နဲ့စာတမ်းပါပဲ
ရေးဖြစ်အောင်ကြိုးစားစဲပါ။ ဒါပေမဲ့လောလောဆယ်တော့အရမ်းရင်းနှီးတဲ့သူငယ်ချင်းလေး (cmsmdy.blogspot.com) ရဲ့တောင်းဆိုမှုကြောင့် ၃၈ဖြာမင်္ဂလာအကြောင်းကိုသိသလောက် အကျဉ်းရေးပြလိုက်ပါတယ်။ ၃၈ဖြာမင်္ဂလာနဲ့ပတ်သက်ပြီးဆရာဦးသုခရဲ့ ၃၈ဖြာမင်္ဂလာ အကျယ် ရေးပြထားတဲ့စာအုပ်ကိုသတိရမိတယ် အရမ်းကိုကောင်းလို့ပါ။
ကဲတရားနာပရိတ်သတ်တို့ နာကြလော့ ... ရှင်တော်ဘုရားသည် ၃၈ ဖြာမင်္ဂလာကိုဟောကြားတော်မူခဲ့ပါသည်။
(၁) လူမိုက်ကိုမပေါင်းခြင်း
(၂) ပညာရှိကိုပေါင်းခြင်း
(၃) ပူဇော်ထိုက်သူကိုပူဇော်ခြင်း
(၄) သင့်တဲ့အရပ်မှာနေထိုင်ခြင်း
(၅) ရှေးကပြုဘူးသောကောင်းမှုရှိနေခြင်း
(၆) ကိုယ်စိတ်နှစ်ပါးကောင်းစွာထားခြင်း
(၇) အကြားအမြင်များခြင်း
(၈) လက်မှုပညာတတ်ခြင်း
(၉) ကိုယ်ကျင့်သီလရှိခြင်း
(၁၀) စကားကိုကောင်းမွန်စွာပြောခြင်း
(၁၁) အမိကိုလုပ်ကျွေးခြင်း
(၁၂) အဖကိုလုပ်ကျွေးခြင်း
(၁၃) သားမယားကိုလုပ်ကျွေးခြင်း
(၁၄) တစ်ဖက်သားမထိခိုက်သောအလုပ်လုပ်ခြင်း
(၁၅) ပေးကမ်းလှူဒါန်းခြင်း
(၁၆) မြတ်သောအကျင့်ကိုကျင့်ခြင်း
(၁၇) ဆွေမျိုးများကိုထောက်ပံ့ခြင်း
(၁၈) အပြစ်မရှိသောအလုပ်ကိုပြုလုပ်ခြင်း
(၁၉) မကောင်းမှုကို ကိုယ်စိတ်ဖြင့်ရှောင်ကျဉ်ခြင်း
(၂၀) အရက်သေစာမသောက်စားခြင်း
(၂၁) ကုသိုလ်ဟူသမျှမမေ့မလျှော့ဆောင်ရွက်ခြင်း
(၂၂) ရိုသေထိုက်သူကိုရိုသေခြင်း
(၂၃) မိမိကိုယ်ကိုနှိမ့်ချခြင်း
(၂၄) ရောင့်ရဲတင်းတိမ်ခြင်း
(၂၅) ကျေးဇူးသိတတ်ခြင်း
(၂၆) တရားနာခြင်း
(၂၇) သည်းခံခြင်း
(၂၈) ဆုံးမသည်ကိုနာယူလွယ်ခြင်း
(၂၉) သူတော်ကောင်း ရဟန်းတို့အားဆည်းကပ်ဖူးမျှော်ခြင်း
(၃၀) တရားဆွေးနွေးမေးမြန်းခြင်း
(၃၁) ခြိုးခြုံစွာကျင့်ခြင်း
(၃၂) သမထ ၀ိပဿနာအကျင့်ကျင့်ခြင်း
(၃၃) သစ္စာတရားကိုမြင်ခြင်း
(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြုခြငိး
(၃၅) တုန်လှုပ်မှုကင်းခြင်း
(၃၆) စိုးရိမ်မှုကင်းခြင်း
(၃၇) တွယ်တာခြင်းကင်းခြင်း
(၃ဂ) ဘေးရန်မရှိခြင်း။ စသည်တို့ပဲဖြစ်ပါတယ်။ အကျယ်ကိုမိမိဥာဏ်ရှိသလောက်ဖြန့်ကျက်တွေးကာကျင့်ကြံနိုင်သည် ဖြစ်ကြပါစေကုန်သတည်း။
မှတ်ချက် ။ ပါဋိ နဲ့အနက်တွဲလျက်ရှုလိုပါက မျက်လုံးရဲ့ ၃၈ဖြာမင်္ဂလာမှာကြည့်ပါ။

1 comments:

forgetme said...

ဘုရားရှင်ဟာ ပရိနိဗ္ဗာန်ပြုတော်မူတဲ့ အချိန်မှာ ဘာအကျွေးမှ မကျန်ရစ်ခဲ့ဘူးလို့ မှတ်သားဘူးပါတယ် ... ဒါပေမယ့် ဘယ်မှာ ဖတ်မိသလဲ သေချာမမှတ်မိတဲ့ အတွက် အတိအကျတော့ မပြောနိုင်ပါဘူး ... ဒီပြဿနာ ` နို့တစ်လုံးဖိုးပဲ ကျေတယ် ဆိုတဲ့ ပြဿနာ´ ကို အခွင့်ကြုံနေတုန်း အတိအကျ သိတဲ့ ပြောနိုင်တဲ့ သူတွေကို ရှာဖွေမေးမြန်းပြီး ကျမ်းကိုး အထောက်အထားနှင့် တကွ သေသေချာချာ မှတ်သားထားနိုင်ရင် အားလုံးအတွက် ကောင်းမယ် ထင်ပါတယ် ...
စကားမစပ်... မြတ်ဗုဒ္ဓဟာ ၀ါတွင်းသုံးလပါတ်လုံး မယ်တော်မိနတ်သားကို နတ်ပြည်မှာ တရားဟောပြီး ကျေးဇူးဆပ်ခဲ့တာ လည်း ရှိပါသေးတယ် ...

အင်းဗျာ ပြောရင်းနဲ့ ကိုယ်မသိတာတွေ၊ သေချာ မသိတာတွေ ပိုများလာပြီ အကိုရေ .... :(