Friday, August 17, 2007

ဝေဒနာ

စနေနေ့သည် ကျွန်ုပ်၏ ကိုယ်ခန္ဓာ Charging ကုန်သောနေ့ဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေနေ့သည် ကျိုးကြေသောနေ့အလိုလိုဖြစ်ရ၏။
တနင်္ဂနွေနေ့တနေကုန် ကောင်းကောင်းအနားယူမှသာလျှင် တနင်းလာနေ့အတွက် လုပ်ငန်းခွင်ဝင်ရန် အဆင်သင့်ဖြစ်ရသည်။ Pain
နှင့်ပတ်သက်ပြီးရေးချင်နေသည်မှာကြာပြီ ယခုရေးဖြစ်လိမ့်မည်ထင်သည်။

လူသည်ဝေဒနာ ၃ မျိုးနှင့်အမြဲနေ၏ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ဥပေက္ခာဝေဒနာတို့ဖြစ်ကြသည်။ တဖန်လူတစ်ဦးနှင့်တစ်ဦးဝေဒနာကိုခံစားနိုင်ပုံခြင်းမတူညီကြ။ သူငယ်ချင်းဆရာဝန်တစ်ဦး၏ ပြောပြချက်အရ
အန္ဒိယအမျိုးသမီးမွေးလူနာများသည် တရုတ်အမျိုးသမီးမွေးလူနာများထက် နာကျင်မှုကိုပိုမိုခံစားကြရသည်ဟု မှတ်ဘူးသည်။
(ဟုတ်၏မဟုတ်၏ဖြေကြားနိုင်ပါသည်) နာကျင်မှုကို ခံစားနိုင်သည့် အဆုံးအစွန်သော အမှတ်ထက်ကျော်လွန်သွားပါက သတိလစ်ခြင်းများဖြင့်
ဝေဒနာမှရုန်းထွက်ကြကုန်၏။အထက်ဖေါ်ပြပါ မမြဲသော ဝေဒနာ ၃ မျိုးစလုံးသည် ဒုက္ခများပင်ဖြစ်ကြ၏ ။ ဝေဒနာ၃မျိုးအနက် ဒုက္ခဝေဒနာနှင့်
သက်ဆိုင်သော နာကျင်မှု အကြောင်းကို ပြောချင်သည်။ လူဟူသည် လွန်စွာပျက်စီးလွယ်သော (ပျက်စီးနေသော) ကလပ်စီးများဖြင့်ဖွဲ့စည်းထား
သည်။ တဖန်လွန်စွာ ထိခိုက် နာကျင်လွယ်သော အာရုံများ ရှိကြသည်။ ရှေးက လက်သည်းကြားတွင် အပ်စိုက်စေပြီး မတွန့်သော သူများကို
သူရဲကောင်းအဖြစ်ရွေးချယ်သည်ဟုကြားဘူးသည်။ လက်တွေ့တွင်မူခြင်ကိုက်သည်ကိုပင်သည်းခံနိုင်သူရှားလှ၏။ရထားတိုက်မိပြီးခြေနှစ်ချောင်း
စလုံးပြတ်သွားသောလူနာတစ်ယောက်ကိုတွေ့ဘူးသည်။ နာကျင်မှုမှလွန်မြောက်သည့် သေဆုံးခြင်းသို့ရောက်သွား၏။ နာကျင်မှုကြောင့်
သေပါရစေဟုညီးတွားနေသော လူနာတစ်ယောက်နှင့်လည်း ဆုံဘူး၏။ ထိုသူလည်း ဆုတောင်းပြည့်သည်ဟုပြောရပေမည်။ပြောလိုသည်မှာ
လူတိုင်းလူတိုင်း တချိန်ချိန်တွင် ဝေဒနာနှင့်မလွဲမသွေကြုံတွေ့ကြရမည်ဖြစ်သည်။ သေခြင်းတရားသည်ပင် အပြင်းထန်ဆုံးဝေဒနာဖြစ်ကုန်၏။
တဖန်လူ၏ကိုယ်ခန္ဓာသည် လွန်စွာထိခိုက်ပျက်စီးလွယ်သည် မဟုတ်ပါလား။ အော်ဟစ်ငြီးတွားမှုဖြင့် ဝေဒနာကိုတွန်းလှန်နိုင်မည်မဟုတ်ပေ။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အကြိမ်ကြိမ်မှာတော်မူသော မမေ့မလျှော့နေကြဟူသည့်တရားသည် အဖြေပင်ဖြစ်သည်။
ဦးဇောတိကအရှင်သူမြတ်၏တိုက်တွန်းချက်များအရ မိမိလုပ်သမျှကိုသိ၍နေပါ။ ဤသည်မှာလွယ်မယောင်နှင့်ခက်သော ပထမအဆင့်ဖြစ်သည်။
သိ၍သိ၍နေပြီးနောက်သာမန်အသိမှ ဥာဏ်သိ သိသောအဆင့်သို့ရောက်လာမည်။ကိုယ်ခန္ဓာ၏ဖြစ်ပျက်သောသဘော၊ ငါ၏မရှိခြင်းနှင့်
ဝေဒနာ၏ ဖြစ်ပျက်တတ်သောသဘောတို့ကို ပိုင်းခြားထင်ထင် ၀ိပဿနာဥဏ်တင်၍ကြည့်ရန်လိုသည်။ ဒါန၊သီလ၊ဘာဝနာ တို့အနက်
အမြတ်ဆုံးသောဝိပဿနာတရားများကို ကြိုးစားအားထုပ်သင့်လှပေသည်။ မလွဲမသွေကြုံတွေ့ရမည့် အိုနာသေ ဘေးအတွက် မည်သို့
ရင်ဆိုင်ရမည်ကို စဉ်းစားသင့်သည်မဟုတ်ပါလား။ နာရေးဆိုပါက အတတ်နိုင်ဆုံးလိုက်ပို့ဖြစ်သည်။ အချို့က အနားမကပ်၊ အချို့က
မင်္ဂလာမရှိဆို၍မသွားကြ။ မိမိမှာမူပြာဖြစ်သည်အထိကြည့်ချင်မိသည်။ဘ၀၏နောက်ဆုံးရလဒ် မီးခိုးပြာများကို ကြည့်ပြီးလွန်စွာ
သံဝေဂရမိ၏ သို့သော် အ၀ိဇ္ဇာနှင့် တဏှာ၏အစွမ်းကားကြီးလှ၏။ အ၀ိဇ္ဇာသည်အမှန်တရားကို ဖုန်း၍ တဏှာသည်လမ်းမှားသို့
ဆွဲခေါ်မြဲဖြစ်သည်။ သို့ဖြစ်၍ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အကြိမ်ကြိမ်မှာတော်မူသော မမေ့မလျှော့နေကြ ဟူသည့်
လွန်စွာမှ အနှစ်သာရရှိသော၊ လေးနက်သော၊ မဟာဂရုဏာထားသော၊ အမှာစကားကို ထာဝရလိုက်နာ၍ ဘ၀၏အပြင်းထန်ဆုံး
ဝေဒနာအား တွန်းလှန်နိုင်သောသူများဖြစ်နိုင်ကြပါစေ။

3 comments:

forgetme said...

အခုလို သတိပေးတာ ကျေးဇူးအများကြီး တင်ရှိကြောင်းပါ ခင်ဗျား .... ဝေဒနာတွေကနေ လွတ်မြောက်ရာ အစစ်ဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေဗျာ ....

Big Brother Thu said...

မှန်ပါတယ် ဆရာ

Unknown said...

ugg boots nearly a year after Oprah Winfrey put them on her favorite things list in 2007 ugg are still proving popular with women around the globe. But uggs isn't just the fact that Oprah likes them but other celebrities including Nicole Richie. Because of the ugg bailey button knitted exterior these ugg bailey button boots are proving more versatile than other Types of Uggs in that you can wear them tall or slouched.