Monday, June 25, 2007

MonSoon2



::

Read More...

MonSoon1


::

Read More...

Friday, June 22, 2007

သောင်းပြောင်းထွေလာ..

::index-menwear.blogspot.comနဲ့ပတ်သက်တဲ့ဝေဖန်မှုတွေအားလုံးကိုကျေးဇူးတင်ပါတယ်..တစ်ခုပြော
ချင်တာကအဲဒီ့ siteကိုဖန်တီးရတဲ့အခြေအနေကိုပါပဲကျွန်တော်စိတ်ကြိုက်ဒီဇိုင်းလုပ်ခွင့်မရှိပါဘူး.. အလုပ်ရှင်ဖြစ်ချင်တဲ့ပုံစံကိုပဲလုပ်ပေးရတာပါ။ ကဲအခုပျော်စရာကောင်းမဲ့ free-website လေးတစ်ခုအကြောင်းကိုပြောချင်ပါတယ်..တော်တော်များများလည်းသိပြီးဖြစ်ပါလိမ့်မယ်..
Photo,Video,Musicနဲ့အခြားစိတ်ဝင်စားစရာလေးတွေလည်းဖန်တီးလို့ရမယ်ထင်တယ်..ကျွန်တော်
တော့registerလုပ်ပြီးသွားပါပြီ..အလကားရတဲ့ဟာမို့လက်သွက်တာထင်တယ်..ဒီမှာနမူနာကြည့်နိုင်ပါတယ်..

နောက်ပြီးကျွန်တော့်ညီငယ်လေးရဲ့Blogမှလွန်စွာသဘောကျသည့်Cartoonလေးတွေကိုလည်း
ဆက်လက်ဖော်ပြလိုက်ပါတယ်။မိန်းခလေးတွေများဗျာ..တတ်လည်းတတ်နိုင်တယ်..

Read More...

Thursday, June 21, 2007

iNDEX သို့ Blogger ဖြင့်ငွေရှာခြင်း



အီလက်ထရောနစ် နဲ့ နည်းပညာပြပွဲ အတွက် အလုပ်များနေသည့် ကြားထဲ မိတ်ဆွေတစ်ဦးနှင့် ဆက်သွယ်မိပြီး iNDEX Men's wear အတွက် Blog ဖြင့် ရိုးရှင်းသော site လေးတစ်ခု ဖန်တီးဖြစ်သွားသည်။
http://www.index-menwear.blogspot.com မှာကြည့်ကြပါခင်ဗျာ..

Read More...

Saturday, June 16, 2007

ရှားလော့ခ်ဟုမ်းအလွမ်းပြေ


::

Read More...

Friday, June 15, 2007


::
PCworld မဂ္ဂဇင်း၏စမ်းသက်ချက်များအရ အကောင်းဆုံး FreeStaff များဖြစ်ပါသည်။ Get and Enjoy !!!

DSESK TOP SEARCH

(1) Google desktop
desktop.google.com
(2) Copernic desktop
www.copernic.com
(3) Windows desktop Search
find.pcworld.com/56747
(4) Yahoo desktop Search
desktop.yahoo.com

WINDOWS XP TWEAKS

(1) (www.freshdevice.com)
(2) Microsoft PowerToys for Windows XP.
find.pcworld.com/56138
(3) Tweak and Tune
find.pcworld.com/56755

WINDOWS VISTA TWEAKS

(1) Tweak Vl Basic
find.pcworld.com/56750
(2) Vista Boot Pro
www.vistabootpro.org
(3) Easy BCD
find.pcworld.com/56752

INSTANT MASSAGING ! VOICE

(1) Meebo
www.meebo.com
(2) Jajah
www.jajah.com
(3) Skype
www.skype.com
(4) Google Talk
www.google.com/talk

SECURITY(SECUWARE)

(1) Avast
www.avast.com
(2) Zone Alarm
www.zonealam.com
(3) AVG Anti-virus Free
free.grisoft.com/doc/1

MULTIMEDIA

(1) VLC
www.videolanorg.vic
(2) iTune
www.iTunes.com
(3) Foobar2000
www.foobar2000.org

IMAGE EDITING

(1) Google Picasa
picasa.google.com
(2) Snapfire
www.snapfire.com
(3) Irfanview
www.irfanview.com
(4) StudioLine Photo Basic
find.pcworld.com/56625
(5) Photo Info
find.pcworld.com/56626
(6) Paint.Net
find.pcworld.com/56630

FREE E - MAIL

(1) Gmail
www.gmail.com
(2) Yahoo Mail
mail.yahoo.com
(3) Microsoft Windows Live Mail
find.pcworld.com/56638
(4) Thunderbird
find.pcworld.com/56640
(5) Eudora
www.eudora.com

FILE SHARE

(1) ALL Peers
www.allpeers.com
(2) Pando
www.pando.com
(3) u Torrent
www.utorrent.com

Read More...

မိုးရွာသောနေ့တစ်နေ့

::
ကောင်းကင်သည် မိုးသားတိမ်တိုက်တို့နှင့် အတိပြီးလေပြီ
လျှပ်နွယ်လျှပ်ပန်းခက်တို့သည်လည်း ၀င်းလက်ကြကုန်၏
အသံသည် အလင်း၏အလျှင်ထက်နောက်ကျ၍ မိုးထစ်ချုံးသံကို
အတန်ငယ်ကြာမှကြားရသည်
မိုးသက်လေပြေသည် ဝေ့ကာဝိုက်ကာ အခန်းတွင်းသို့ဝင်၍
ဆံပင်တို့အား နမ်းရှိုက်ကုန်၏
ဝသန်ကာလ ဖားအော်သံတို့လည်းစီစီညံပြီ
သေချာသည် မကြာမှီမိုးရွာတော့မည်ဖြစ်သည်။
ကမ္ဘာလောကကြီး၏ အညစ်အကြေးတို့ကိုဆေးကြောမည့် ...
သစ်ပင်ပန်းမန်တို့၏ အသက်ကို အားဖြည့်မည့် ...
တောင်သူဦးကြီးများ၏ဘ၀ကို ထောက်ပံ့မည့် မိုးများရွာသွန်းပေတော့မည်။
မိုးကိုချစ်ပါသည်
အိမ်ခေါင်မိုး နှင့် ပြူတင်းတံခါးများသို့ ရိုက်ခတ်လာသည့်မိုးစက်များကိုနှစ်သက်ပါသည်
မျက်နှာပြင်သို့ပက်ဖြန်းလာသည့်မိုးဖွဲလေးများကို နှစ်သက်ပါသည်
မိုးသည်းသောနေ့များတွင် စာအုပ်ကောင်းကောင်းတစ်အုပ်ဖြင့်
အိပ်ယာထက်တွင် အပန်းဖြေချင်ပါသည်။
ဥပမာ ကော်ဖီခါးခါးတစ်ခွက် ဖြင့် ရှားလော့ခ်ဟုမ်း၏ စာအုပ်ကို ဖတ်ရင်း ..
၁၉ ရာစုလန်ဒန်ညများကို အိပ်မက်နိုင်ပါသည်။
(Comment: 221b Baker Street London England. Museum of Sherlock Holmes)
ဆရာမ ဂျူး၏ မရှိမဖြစ်မိုးကိုသတိရလိုက်ပြန်သည်။
လမင်းငယ် သည် အရိပ်အယောင်မျှရှာမရအောင် ပုန်းကွယ်၍
ကောင်းကင်ကြီးသည် ဆောက်တည်ရာမဲ့ သည်းထန်စွာငိုကြွေးလေပြီ
မိုးတွေရွာပါပြီ...



Read More...

Wednesday, June 13, 2007

MyRainyDay & Usefull Links

::

မနေ့ကမန္တလေးမှာ တစ်နေကုန်မိုးရွာသည်။ နေ့ခင်းရုံးပြန်မသွားတော့ပဲ အိမ်မှာစာအုပ်များဖြင့် နှပ်နေမိသည်။
ဖတ်မိသမျှမှ ကောင်းမည်ထင်သော လင့်ခ် များကို မိတ်ဆွေများအတွက် ဖော်ပြလိုက်ပါသည်။




Read More...

Tuesday, June 12, 2007

ငယ်စဉ်က ကလေးတို့ ဘဝ


::

ငယ်စဉ်က ကလေးတို့ ဘ၀မှာ ပျော်ပါးဘို့ရာ လွယ်ပါတယ် ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ စားချိန်မှာဝင်စားမယ်..အိပ်ချိန်မှာ ၀င်အိပ်မယ် အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကို..တခါပြန်ပြီး ရောက်ချင်သေးတယ်.. အပြစ်မရှိသေးတဲ့ ကလေးလေးဘ၀ကို..တခါပြန်ပြီး ရချင်သေးတယ်..

Read More...

Sunday, June 10, 2007

aboutUS


::

Read More...

Sunday, June 03, 2007

ခရမ်းပြာအိပ်မက်၊ ရက်လွန်ပန်း နှင့် ဘလော့ခ်ဂါများ

::
လီယိုတော်လ်စတွိုင်းက စစ်နဲ့ငြိမ်းချမ်းရေး ဂန္ထ၀င်စာပေကြီးရေးခဲ့တာ ရှက်လို့တဲ့။ နောက်ဆုံးတော့ အကောင်းဆုံးလို့ ထင်ခဲ့တာတွေ လွဲမှားတတ်ခဲ့။မုတ်သုန်မိုးကိုမျှော်ရင်း လေညှင်းဖြင့်သာ စိတ်ဖြေရရှာသည့် အရိုင်းပန်းပွင့်ငယ်...အပြာ နှင့် အနီရောင်စုတ်ချက်ကြမ်းတွေကြောင့် ခရမ်းပြာ အိပ်မက်မှာ အဖေါ်မပါ၊ ဒဏ်ရာတွေသာ ဒင်းကြမ်းပြည့်ပေါ့။မျက်ရည်ဆိုတာ ခမ်းခြောက်တတ်တာမျိုးမှမဟုတ်၊ ပြန်ပြောင်းခံစားမိတိုင်း နုတဲ့နှလုံးသားဟာ မုန်တိုင်းမိပေါ့။အင်း...နောက်ဆုံးတော့ အကောင်းဆုံးလို့ ထင်ခဲ့တာတွေ အာရုံမှားခြင်းအောက်မှာ တိမ်းပါးသွားပေါ့။
ပန်းချီဆရာဟာသူ့ရဲ့ ခံစားမှုတွေနဲ့ချုပ်လုပ်ထားတဲ့ ၀တ်စုံကိုဝတ်ဆင်လို့ပိုင်ဆိုင်မှုတွေအကုန်လုံး လွယ်အိတ်ဟောင်းထဲစုထည့်....နောက်ဆုံးလက်ကျန် ကင်းဗတ်စမှာ မျက်ရည်စက်နဲ့ အရုပ်တွေရေးချယ်ခဲ့...အောက်ဆုံးမှာတော့ ၀ယ်သူမရှိတဲ့ပန်းချီကားကို not for sale လို့ရေးခဲ့သဗျ။ သူကတော့ကျေနပ်နေတာပဲ ... ဗင်းဆင့်ဗင်ဂိုးတောင် ငါ့ထက်မွဲသေးရဲ့...ကမ္ဘာကျော် ဗင်ဂိုးရဲ့ အားလူးစားသူများပန်းချီကားလို ငါလည်း ဒုတ်ထိုးစားသူများပန်းချီကားကိုဆွဲမဟဲ့...သြစတြေးလျှရဲ့ ဆစ်ဒနီတံတားနဲ့ပြင်သစ်က အီဗဲမျှော်စင်တွေကို တစ်ခေါက်လောက်တော့သွားချင်သေးရဲ့၊ ကမ္ဘာကြီးရဲ့ အမိုးလို့တင်စားကြတဲ့ တိဗတ်က လာမားဘုန်းကြီးကျောင်းတွေကို လေ့လာချင်ရဲ့၊ ပန်းချီဆွဲဘို့ ကဗျာရေးဘို့ ကုန်ကြမ်းတွေပေါ့ဗျာ..စိတ်ကူးတွေဖြန့်ကျက်လိုက်တာ ဆေးလိပ်တိုတောင်မီးငြိမ်းပေါ့..
အင်း .. ဂတ်စ်မီးခြစ်လေးတစ်လုံးတော့ဝယ်ဦးမှ။
(ဤတွင်တခန်းရပ်ပြီ)
စိတ်အဆာပြေ ဘလော့ခ်တွေတင်တော့၊ မမြင်ဘူးတဲ့ မိတ်ဆွေတွေနဲ့လည်း အလွမ်းပြေတတ်ပြီပေါ့။ကိုကြီးသူ (kogyithu.blogspot.com) ရေ Liver အကြောင်း၊ အသည်းရောဂါဘယ်လိုကာကွယ်ရမယ်ဆိုတာတွေ ရေးပေးပါလား။ ဒေါက်တာကျော်ဇေယျ ရဲ့စာအုပ်က မြန်မာကျပ်ငွေ ၂၅၀၀ ဆိုတော့လူတိုင်းဝယ်ဖတ်ဘို့ မလွယ်ဘူး မဟုတ်လားဗျာ...
ကျွန်တော်တို့မသိတာတွေ ချချပြီးရေးပြတတ်တဲ့ ညညလေး (http://www.ainmetdiary.blogspot.com/)အစားအသောက်တွေအကြောင်း ခဏခဏရေးတော့သူ့ဘလော့ခ်က လူအစည်ဆုံးပေါ့။
virus တွေနဲ့ ကခုန်တတ်တဲ့ ကိုမောင်လှ (http://www.mghla.blogspot.com/)အနုပညာနဲ့ နည်းပညာများ ကြားမှာအမြဲတမ်းဘီးဇီးပဲဗျာ။
အကောင်းဆုံးတွေကို အင်တာနက်ကနေ အရှာဖွေနိုင်ဆုံးဆုကိုပေးရင်မိတ်ဆွေလေး cmsmdy.blogspot.com ကိုသာပေးလိုက်ပါ။
မှတ်သားစရာတွေ ကိုရီမောဘွယ်ရာ ဖန်တီးတတ်တဲ့မစိုးစိုးကြည်ရဲ့ဘလော့ခ်ကို မကြာမကြာရောက်ဖြစ်သည်။
ယူစဂီ၏ တရားရနံ့တွေလှိုင်ဝေပြီး ဖတ်စရာများ ကောင်းလှသည့် ဘလော့ခ်၊ နည်းပညာတွေကြားက ထူးခြားတာလေးတွေရေးပြတတ်တာမသဉ္ဖာရဲ့ ဘလော့ခ်၊ စာမေးပွဲတွေကြောင့် blog ကိုခဏရပ်ထားမယ်လို့ပြောတဲ့ မန္တလေးက myoaung-mdy.blogspot.com၊ ရေမြေ အသစ်မှာ အမြင်သစ်ဓါတ်ပုံတွေတင်တတ်တဲ့ ရောင်းရင်းကြီး Steven ရဲ့bloါအဲဒါတွေကြား အခမဲ့လှည့်လည်သွား နေရတာများ အခမ်းနားဆုံး Shopping Mall ကြီးတစ်ခုထဲမှာ Window Shopping ထွက်နေရသလိုပါပဲ။

Read More...

Friday, June 01, 2007

မြန်မာအင်တာနက် seminar

::
မြန်မာအင်တာနက် seminar မှဖန်တီးထားသော ဘလော့ဂ်ဖြစ်ပါသည်။ အောက်ပါလင့်ခ်ဖြစ် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာအင်တာနက် seminar

Read More...