Tuesday, May 01, 2007

ရှားစောင်းလက်ပပ်ပင်နှင့်ကျမ်းမာရေး (Aloe & Health)







::


အသည်းသည် ခန္ဓာကိုယ် အလေးချိန်၏၂ရာခိုင်နှုန်း ခန့်လေးသည်။ အသည်းသည် နာကျင်ခြင်း ကြောင့် အခြားအင်္ဂါအစိတ်အပိုင်းများကဲ့သို့မညည်းညူတတ်။ နှလုံးသည် မော်တော်ကား၏ အင်ဂျင်နှင့်တူပြီး အသည်းသည်ဓါတ်ဆီ တိုင်ကီနှင့်တူသည်။ အရက်သောက်သည့် အခါ အရက်တစ်ခွက်၏ အဆိပ်ကိုပြေစေနိုင် ရန် အသည်းသည် Alcohol ကို Acetaldehyde အဖြစ်ဓါတ်ပြိုကွဲစေသည်။ သို့သော်သောက်လိုက်သည့် အရက်ပမာဏများလွန်းပါက အသည်းလက်လျှော့လိုက်ရသဖြင့် အရက်မူးဝေဒနာ ကိုခံစားရတော့သည်။ ထိုအခြေအနေများကြာလာသောအခါ အသည်းသည် ချုံးပွဲချငိုတော့သည်။ အသည်းရောဂါဖြစ်ပြီပေါ့ ။ အဆိပ်ဖြေစေနိုင်သည့် ရှားစောင်းလက်ပပ်ရည်သည် အသည်း၏အဆိပ်ဖြေလုပ်ဆောက်မှုကိုအားပေးသည်။ အသည်းအ၀င် သွေးပြန်ကြော၏စီးဆင်းမှုကို ပြေပြစ်စေသည့် အတွက်အသည်း၏စွမ်းဆောင်ရည်ကို မြင့်မားစေသည်။ အသည်းရောဂါနှင့် အရက်ပုံမှန်သောက်သူများ ရှားစောင်းလက်ရည်ကိုပုံမှန်မှီဝဲသင့်သည်။ "မောင်မောင်လှိုင် (အပ်စိုက်ကု)" စာအုပ်မှထုပ်နှုတ်ချက်ဖြစ်သည်။
အသည်းသည် အစာအိမ် နှလုံး နှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတို့ တွင်ဖြစ်ပွားသော ရောဂါများအပြင် သွေးတိုး၊ ဆီးချို၊ လိပ်ခေါင်း နှင့် အရေပြားရောဂါများကို အံ့မခန်းပျောက်ကင်းစေသည့် အစွမ်းရှိကြောင်း တွေ့ရသည်။ မိမိ၏လက်လှမ်းမှီသည့် နေရာတွင် ရှားစောင်းလက်ဖျော်ရည် ရရှိနိုင်ပါကနေ့စဉ်မှန်မှန်မှီဝဲသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ဖြစ်နိုင်လျှင် မောင်မောင်လှိုင် (အပ်စိုက်ကု)၏ အံ့ဖွယ် ဆေးစွမ်းထက် တဲ့ ရှားစောင်းလက်သတ္တုရည် စာအုပ်ကို ရှေးဦးစွာ ရအောင်ရှာဖွေ ဖတ်ရှုပြီးသကာလ မိမိနှင့်ဆက်စပ်သူများ အား ဆက်လက် မျှဝေသွားလျှင် အားလုံးအကျိုးများနိုင်သည်ဟုထင်မြင်မိပါကြောင်း...။

1 comment:

Unknown said...

Tiffany own magic power, it takes you not only personality but also your definition to fashionable. Wearing Tiffany Jewellery Rings is a perfect way for one to both look good and shows people his faith. Buying exquisite and durable Silver Jewellery is never a wrong decision and each passing day can prove what a right Tiffany Sets decision you have made. But my suggestion is you should always buy a unique Silver Sets or necklace within your price range.