Friday, August 31, 2007

World Blog Day Seminar2007

WorldBlogDay Seminar မှာကျွန်တော်ဆွေးနွေးတင်ပြတဲ့အကြောင်းအရာများပါ။

ကြွရောက်လာသော ဂုဏ်သရေရှိ လူကြီးမင်းများနှင့် တကွ Blogger များ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...Blog နဲ့ ပတ်သက်တဲ့ Ethic တွေကို ဆရာကျော်ရင်မြင့်က ပြည့်ပြည့်စုံစုံ ပြုစုပေးပါတယ်. မရတနာချိုရဲ့Blog မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်.Blogger များ လိုက်နာသင့်တယ်လို့လည်းထင်ပါတယ်။ ကျွန်တော် ဘာပြောရမယ်ဆိုတာ စဉ်းစားလိုက်တော့ တစ်နည်းအားဖြင့် ကျွန်တော့်ထက် ပိုပြီး သိတဲ့၊ တတ်တဲ့ လူတွေကို ဘာပြောရမလဲ စဉ်းစားလိုက်တော့ ကျွန်တော့်ရဲ့Blog ပေါ်မှာ ထားရှိတဲ့ idead တွေကိုပဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်. . ကျွန်တော် ပြောတဲ့ အချက်တွေထဲမှာWeek point တွေရှိနေရင် ဖြည့်ပေးကြပါ… မှားတာရှိရင်လည်း ပြင်ပေးနိုင်ပါတယ်. (၂)ပိုင်းခွဲပြီး ပြောဖို့ စိတ်ကူးထားပါတယ်. နံပါတ်(၁)က Aims for Blogging နဲ့ နံပါတ်(၂)ကHow to make effective blog ပဲ ဖြစ်ပါတယ်.detail မဟုတ်ပါဘူး concept လောက်ပဲပြောချင်ပါတယ်..

Aims For Blogging

ဘာလို့Blog ကို လုပ်သလဲပေါ့. ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲပေါ့. ကျွန်တော် နဲ့သိတဲ့ Blogger တွေကိုလည်း မေးကြည့်တယ်. ကိုယ်ကိုယ်တိုင် ဘာကြောင့်လုပ်ဖြစ်တာလည်း ..ဆိုတာ ပြန်တွေးကြည့်တယ်. အဲဒီ့အခါမှာ အချက်(၅) ချက်ကို တွေ့ရတယ်.
နံပါတ်(၁)က

(a) Attack the stress
Life is struggle ဆိုတာ လူတော်တော်များများ အတွက်လို့ ထင်ပါတယ် IT field ထဲမှာ ဆိုရင်Technology changes ဒဏ်တွေကို ခံနိုင်ဘို့ အရမ်းကြိုးစားရပါတယ်. ခေတ်က မတူတော့ဘူး. ရုံးလုပ်ငန်းတွေမှာ Paper work ကနေ တစ်ဆင့် Digital format ကို ပြောင်းသွားပြီ… နည်းပညာပြောင်းလဲမှု Life style ပြောင်းလဲမှု အပြောင်းအလွဲများစွာရဲ့ ကြားမှာ စိတ်ရဲ့ မွန်းကြပ်မှုတွေရဲ့ ထွက်ပေါက်အနေနဲ့Blog ကို လုပ်ကြတယ်. ..မသေချာတာတွေပဲ သေချာနေတဲ့အတွက် ရင်ထဲမှာ ခံစားရသမျှBlog မှာ ဖွင့်ရေးပြစ်တယ်. နောက်ပြီးအပြင်မှာ အချိန်တွေ နည်းလွန်းလို့ အလည်အပတ်မသွားနိုင်တော့ online မှာ Blog visit လုပ်တယ်. .. ပြောချင်တာက stress တွေကို relax လုပ်ပြစ်ဖို့ Blogger ဆိုတာဖြစ်လာရပါတယ်…

(b) Technology Exchange

နောက် Blogging ရဲ့ Aim တစ်ခုကTechnology Exchange ပါပဲ. တစ်ဦးနဲ့ တစ်ဦး နည်းပညာဖလှယ်တာပေါ့. နည်းပညာနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိတယ်. အနားမှာ မေးရမယ့်လူ မရှိဘူး.Blog မှာ ပြဿနာတွေ၊ သိချင်တာတွေ ဖြေရှင်းပေးဖို့ Post တင်လိုက်တယ်. အဲဒီအခါမှာ တစ်ခြားBlogger တစ်ဦးက ဟာဒါမျိုး ငါဖြစ်ဘူးတယ်. ဒီလို Solve လုပ်လိုက်တာ ကောင်းသွားတယResponse ပြန်ပေးတယ်. ..comment ၀င်ရေးပေးတယ်…ပြေလည်သွားတယ်…
နောက်ပြီး.. ငါ့ကွန်ပျူတာမှာ ဒီ virus တွေရောက်နေတယ်.. Antivirus software တွေလည်းစုံနေပြီ ရှင်းလို့မရဘူး ဘယ်လိုလုပ် ရမလဲပေါ့… သိတဲ့သူတွေကပြန်ပြီးဖြေပေးတယ်..နို့မို့ရင်လည်း ဘယ် website မှာအဲ့ဒီကအကြောင်းရေးထားတာတွေ့လိုက်တယ် ရှာကြည့်ပါပေါ့ ..သူတတ်နိုင်သလောက်ကူညီတယ်..


(c) Entertainment

ဒါကတော့ ဖျော်ဖြေရေးအနေနဲ့ ကိုယ့်ရဲ့Favourite MP3 သီချင်းတွေFavourite Movie Files တွေကBlogမှာ တင်ပေးထားတယ်. နှစ်သက်ရင် ကြည့်နိုင်တယ်. နားထောင်နိုင်တယ်Download လုပ်နိုင်တယ်ပေါ့…


(d) Health

ကျန်းမာရေးကိုSupport ဖြစ်စေတဲ့ ကဏ္ဍပါ. ကျွန်တော်Blogမလုပ်ခင်က မောင်မောင်လှိုင်(အပ်စိုက်ကု) ရေးတဲ့ စာအုပ်လေးတွေ ကျန်းမာရေးအတွက် လူတိုင်းသိထားသင့်ပြီး အလွန်အကျိုးများမယ့် စာအုပ်လေးတွေ ဖတ်မိတယ်. ကိုယ့်လိုပဲ ကိုယ်နဲ့ ဆက်စပ်တဲ့ သူတွေကို ဖတ်စေ၊ သိစေချင်တယ်. ရောဂါအတော်များများဟာ မသိလို့ ဖြစ်သွားကြတာ များတယ် . Prevention is better than cure ဆိုတဲ့အတိုင်းပဲ သိထားရင် ကြိုတင်ကာကွယ်လို့ ရတာတွေ အများကြီးပဲပေါ့. ပထမတော့ စာအုပ်လေးတွေ ၀ယ်ပြီး လက်ဆောင်ပေးတယ်… နောက်တော့ copy ကူးပြီး ဝေတယ်. သိစေချင်တဲ့ စေတနာ သက်သက်ပဲပေါ့. အခု ဒီ blog တွေထဲမှာလည်း ကျန်းမာရေးအသိရှိတဲ့သူတွေ၊ ကျန်းမာရေးကို စိတ်ဝင်စားတဲ့သူတွေ နောက်ပြီး ဆရာဝန်တွေ ပါလာတယ်. အဲဒီတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လွန်စွာ တန်ဖိုးရှိတဲ့ အသိတွေကို blog တွေက တစ်ဆင့် ဖြန့်ဝေကြတဲ့ ရည်ရွယ်ချက် တစ်ခုပါပဲ….
(e) Making Money
(Every one wants to make big money)
ဒါကတော့ နဲ့ ငွေရှာတာကို ပြောတာပါ. လူကြည့်များတဲ့ ဘူသါ တွေမှာ blog တစ်ခုကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး ကြော်ငြာပေးတာပါ. နောက် လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းနဲ့ သူတို့ရဲ့ product တွေကို အခကြေးငွေယူပြီး blog site တွေ ဖန်တီးပေးတာမျိုးပါ။

Effective Blog


PPP Post Per Page
APP Animation Per Page
WPP Widget Per Page


U Sann Oo
Director
MCC-Mandalay

5 comments:

MELODYMAUNG said...

ဆရာ ကိုဆန်းဦးရေ MDY World Blog day အောင်ပွဲအတွက်လဲ ဂုဏ်ယူပါတယ် ကိုဆန်းဦး ပြောမဲ့ အကြောင်းအရာလေးကိုဖတ်ခွင့်ရတာလဲ ကျေနပ်မိပါတယ် ရန်ကုန်မှာ နောက်တခါလုပ်မဲ့ ပွဲရှိရင် လာပြီးပါဝင်ပြောပေးနိုင်ဖို့ မျှော်လင့်ပါတယ်

ထွန်း said...

U r right! Ko San Oo, my blog is shown off my situation but in opposit direction. Pls visit to my blog again. Thks. joyful4all.blogspot.com

gue said...

ကိုဆန်းဦးရဲ့ Blog Seminar မှာ ပြောသွားတဲ့ အမြင်လေးတွေနဲ့ ပြောသွားတာတွေကို အခုလို တင်ပေးတာ ကျေးဇူး … အဲဒီနေ့ကလည်း သေချာနားထောင်ပါတယ် … ကျေနပ်မိတယ် .. တော်တော်လေး သဘောကျတယ်

Unknown said...

ဟိုင်း ကိုဆန်းဦးး ခုလို blog မှာလဲ seminar မှာ ပြောတွားတဲ့ အတိုင်း ပြန်ပြောတာ ကျေးဇူးတင်ပါတယ်..
ခုတော့ အားလုံး seminar မတက်ဖြစ်တဲ့ လူတွေလဲ ကြားရတွားတပေါ.. သိုင်းကျူး..သိုင်းကျူးး

Unknown said...

Tiffany own magic power, it takes you not only personality but also your definition to fashionable. Wearing Tiffany Jewellery Rings is a perfect way for one to both look good and shows people his faith. Buying exquisite and durable Silver Jewellery is never a wrong decision and each passing day can prove what a right Tiffany Sets decision you have made. But my suggestion is you should always buy a unique Silver Sets or necklace within your price range.