ခရမ်းပြာအိပ်မက် ကဗျာများ-၂
ဖြစ်လေရာဘ၀ဆက်တိုင်း
ကျွန်ုပ်၏နှလုံးသားသည် သံမဏိအတိပြီးရပါလို၏....
ဂရုဏာ၏ဒေါသကြောင့်
ချစ်ခြင်းသည် လွင့်ပျယ်ရ၏
သစ္စာမဲ့သူ၏ ဟန်ဆောင်ခြင်းအဆိပ်ရည်ခွက်
ဖောက်ပြန်ခြင်းဓါးသွားအောက်က
တဆတ်ဆတ် တုန်နေသောနှလုံးသား
မာယာတောအုပ်ထဲ
လမ်းပျောက်နေစဲပေါ့....
လရိပ်ဟာ အေးမယောင်နဲ့
ဒေါသရေလှိုင်းတွေထန်စေခဲ့
သစ်ပင်တွေဟာ သစ်သီးမစားဘူး
အဲလိုပဲ မြစ်တွေဟာ ရေမသောက်တတ်ခဲ့
အဲ့ဒါတွေ ငါ့အချစ်ပေါ့
အထီးကျန်တဲ့ မီးပြတိုက်က လမ်းပြစဲပဲကွဲ့....
မိုးပြေးလေးတောင် မပေးခဲ့တဲ့
တိမ်မဲညိုညစ်ရေ
မတည်ငြိမ် လေနှင်ရာလွင့်ပေါ့
လျော့နေတဲ့ စောင်းကြိုးဟာ
ဘယ်မှာလာသံစဉ်ချိုပါ့.....
ငါကအဆူံးတော့ အမြစ်မဲ့သစ်ပင်အိုပေါ့.....
ငါက ဟောင်းနွမ်းကျန်ရစ်အသိုက်အမြုံပျက်ပေါ့်....
ငါဟာ ဆောက်တည်ရာမဲ့ မီးခိုးတွေပေါ့....
Sunday, September 09, 2007
ခရမ်းပြာအိပ်မက် ကဗျာများ-၂
Posted by
mr sann oo
at
7:15 PM
Subscribe to:
Post Comments (Atom)
1 comments:
သံမဏိအတိကတော့ ကောင်းဘူးဗျာ ရွှေအတိဆိုလို့ ကတော့ ထောပီ(ရောင်းစားရင်) အဟိ :P
ကဗျာလေးက သံဝေဂလိုလို မော်ဒန်ဆန်သလိုလိုနော်
Post a Comment