Sunday, April 22, 2007

အမေပြောတဲ့ ဟိုတုန်းကမန္တလေး

အမေပြောတဲ့ ဟိုတုန်းကမန္တလေး

ပူပြင်းခဲ့တဲ့တချိန်က မန္တလေးမှာ အခုလို တိုက်တာ အိမ်ခြေတွေ သိပ်မများလို့ သစ်ပင်ရိပ် တွေနဲ့ချွေးသိပ်နိုင်သတဲ့ နွေထနှောင်း ဆောင်းမန်ကျီး အဆိုအတိုင်း အေးမြတဲ့ထနှောင်းရိပ်တွေက ပေါမှပေါဆိုပဲ ... ထူးဆန်းတာက မြင်းကြီး ဆွဲပြီး မြင်းနို့လတ်လတ်ဆတ်ဆတ် လိုက်ရောင်းတဲ့ လူကြီး
ရှိတယ်ဆိုပဲ..မြင်းနို့ဟာအပူကိုငြိမ်းစေသတဲ့...နောက်ပြီး မန္တလေးမှာ ရေချမ်းစဉ်တွေများ သဲခံပြီးထည့်ထားတာ သောက်လိုက်ရင် အသည်းထိအောင် အေးဆိုပဲ..လူကြီးတွေက ကလေးတွေကို ငှက်ပျောသီးနဲ့ ရွှေဆိုင်းရော ကျွေးခြင်း၊ မန်ကျီးဖျော်ရည်တိုက်ခြင်း၊ သနပ်ခါးလိမ်းပြီး အရိပ်မှာနေစေခြင်း တို့ဖြင့် အပူဒဏ်တွေက ရိုးရာနည်း တွေနဲ့ကာကွယ်ပေးသတဲ့.. ဟင်းချက်ရင်လည်းဓါတ်သဘောအရ အအေး စာများကိုရွေးပြီး ချက်ပြုတ်ကျွေးမွေး ပြန်သတဲ့..အခုလိုအေးမြနေတဲ့ shopping mall တွေမရှိတဲ့မန္တလေး၊ တုတ်ထိုးဆိုင်၊ အကင်ဆိုင်၊ မာလာဟင်းဆိုင်၊ ဘီယာဆိုင် တွေမရှိတဲ့မန္တလေး၊ cyber caffe, J donut, Kara okyမရှိတဲ့မန္တလေး၊ mp3, mp4, CD ok, Sony game, စနူကာဆိုင်မရှိခဲ့တဲ့မန္တလေး၊ ဘာကင်ဆာ ညာကင်ဆာ ကြားရခဲတဲ့ မန္တလေး၊ အသည်းအဆီဖုန်းရောဂါ၊ ဘီပိုး စီပိုး၊ ကိုယ်ခံအားနည်းရောဂါမကြားဘူးတဲ့မန္တလေး၊ ဂျော်ဒါးနိုး၊ step မသိ၊ model မရှိ၊ ဆံပင်ဖြောင့်တာမရှိ၊ မျက်နှာပေါင်းတင်တာမရှိ၊ ဖုန်ထူပြီး ခြင်ပေါတာ လောက်တော့ အောင်ပင်လယ် ယာခင်းတွေဘေးမှာ နန်းတော်ရှေ့ဆရာတင်ရဲ့သီချင်းလေးညည်းရင်း
သည်းခံနိုင်ကောင်းပါရဲ့ဗျာ..။

2 comments:

Myo Kyaw Htun said...

တိုးတက်လာတာနဲ့အမျှ ဒါတွေဟာ ပေါ်လာတာပါပဲ။ ဘယ်တတ်နိုင်မလဲဗျာ လက်ပိုက်ပြီးကြည့်နေရုံပေါ့။

Unknown said...

The moral police of the society argue that the unprecedented success of Generic Viagra is not the result of an eye-popping scientific and medical breakthrough, Viagra is a culmination of the media indoctrination on the male sexual gratification. Rather than portraying Cialis as a drug exclusively for erectile dysfunction, a medical condition that may be either physical or psychological, the promos spin a different yarn.