Thursday, April 05, 2007

Myanmar Thingyan 1


::
သင်္ကြန်ရက်နီးလာတဲ့အခါ ကျုံးဘေးလမ်းတွေ ပလက်ဖောင်းတွေ လမ်းလည်ကျွန်းတွေမှာ ထုံးစံ
အတိုင်းဈေးရောင်းဘို့ နေရာတွေမှတ်ကြတာပေါ့..
ဒါပေမယ့် ဒီနှစ်အဲ့ဒီ့နေရာတွေမှာ ဈေးရောင်းခွင့်မပြု
တော့ဘူးလို့သိရတယ်...ဈေးသည်တွေအတွက်မကောင်း ပေမယ့်.. သင်္ကြန်ပြီး
သွားရင် အမှိုက်တွေတောင်လိုပုံ ပြီးကျန်ခဲ့တတ်တာ
မို့ တနည်းတော့ကောင်းပါရဲ့...
ဂျာနယ်တစ်ခုမှာ ဆူးငှက်ရဲ့ ဟိုတုန်းကမန္တလေး သင်္ကြန်ဆိုတာ ဖတ်လိုက်ရတယ်..အန္တရာယ်ကင်း ပြီးတကယ်ပျော်ဘို့ကောင်းတဲ့ ယဉ်ကျေးတဲ့တချိန်က
သင်္ကြန်ရက်တွေကိုလွမ်းမိသေးတော့သည်။ အေးမြစွာလှပသော ရေနန်းသူဇာ လှပျိုဖြူတို့ရဲ့ ယိမ်းနွဲ့နွဲ့ကဟန်...သင်္ကြန်မိုးစက်ပွင့်တို့အလွန် မြေသင်းရနံ့နဲ့ ပိတောက်ပန်းပွင့် တွေ...အတိတ်ကအရိပ်တွေကိုပြန်လည်ခံစားမိတယ်..အခုတော့ ဟစ်ပ်ဟော့ပ် သင်္ကြန်မှာ ပူလောင်စွာရင်ခုန်ရမယ့် အာရုံတွေနဲ့ သတိလေးနဲ့ပျော်စေချင်တယ်...

2 comments:

Chan Mya Soe said...

သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမဲ့ အဲဒီ သတိ ထားဖို့အတွက် သင်္ကြန်ကို ဘယ်မှ ပျော်ရမှန်းကို အသိတဲ့ ဘ၀ဖြစ်နေတယ်

Unknown said...

Especially for louis vuitton for women, we can say their products sit on the top luxury position in the world; their louis vuitton bag design for women is so novelty and fantastic, they always leading the fashion orientation. And Louis vuitton bags own the latest materials for lv