Wednesday, April 04, 2007

Return back !!!

::

အပြန်လမ်း



ဒီလမ်းကို လူတိုင်းလျှောက်ရမယ်

ဒီလမ်းက လူတိုင်းပြန်ရမယ်

ရောက်ဖို့လျှောက်ဖို့သာစိတ်ဝင်စားပြီး

ပြန်ဘို့တော့ မတွေးချင်ကြဘူး

ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ပြန်ကြမလဲ ..

အမေကိုတမ်းတညည်းတွားနေတဲ့အမေအို

တနေ့ကပဲဆေးရုံပေါ်မှာဆုံးသွားတယ်

ငြိမ်သက်ခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

ငိုကြွေးခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

အော်ဟစ်ရုန်းကန်ခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

မတုန်လှုပ်ခြင်းသည် အပြန်လမ်းရဲ့သရုပ်လား

နေခြင်းသည်သေခြင်းထင်သေချာသလား

စဉ်းစားကြည့်လိုက်

လောကကြီးမှာ တစ်နေရာ ရဖို့ကြိုးစားလိုက်ရတာ

ဘ၀တဏှာကြောင့် ထင်ရာမြင်ရာစွဲလမ်းကြ

နောက်ဆုံးပိုင်ဆိုင်သမျှတွေအားလုံးချန်ရစ်လို့

တကိုယ်ရေ အဖေါ်မပါပဲ ဒီအပြန်လမ်းမှာ

ဘာတွေရခဲ့လည်း ဘာတွေပိုင်ဆိုင်ထားလည်း

ဘာတွေယူသွားနိုင်လည်း

ဘ၀အဓိပ္ပါယ်ကိုရှာဖွေရင်း နောက်ဆုံးတော့

အပြန်လမ်းကိုပဲတွေ့တယ်..

ဘယ်လိုပြန်မလဲ....ဘယ်ကိုပြန်မလဲ...ဘယ်တော့လည်း...

1 comment:

Unknown said...

To gain an edge, Replica Handbags always does whatever could capture the attention. What’s more, Replica Handbag also focuses on practicability.