Monday, April 09, 2007

နေပူထဲကကြေးစည်သံ



ကျွန်တော်တို့ ကုမ္ပဏီက ဗြမ္မစိုလူမှုကူညီရေးအဖွဲ့ကို ကွန်ပျူတာနှင့်ဆက်စပ်သုံးပစ္စည်းတွေလှုဒါန်းထားပါတယ်..ဗြမ္မစိုမှတာဝန်ရှိသူများက သူတို့ရဲ့ organization အကြောင်းလိုက်လံရှင်းပြပါတယ်..ကျွန်တော်စိတ်ဝင်စားမိတာက ဂျပန်ကမြန်မာလူငယ်တစ်ဦးရဲ့ ကုသိုလ်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃, ၄ ထောင်ခန့် (အတိအကျမမှတ်မိတော့) တန်ဖိုးရှိသော ကာဒီလက် အသုဘယာဉ် ပဲဖြစ်ပါတယ်..၄င်းယာဉ်ကို မြန်မာငွေကျပ် တစ်သိန်းနှင့်အထက်လှူဒါန်းသူတို့ကိုပြန်လည်ကူညီ ပို့ဆောင်ရန်ဖြစ်တယ်လို့သိရပါတယ်..စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါတယ်..အဲဒီ့ လှုဒါန်းပွဲမှာ အလွန်လေးစားဖွယ်ရာပုဂ္ဂိုလ်များနဲ့ဆုံးဆည်းခဲ့ရပါတယ်... ဆရာကျော်ရင်မြင့်၊ အရီးတောင်းဦးကျော်သိန်း တို့နှင့် အခြား အများအကြိုးဆောင်လိုသူများဖြစ်ပါတယ်.. ဗြမ္မစိုလူမှုကူညီရေးအဖွဲ့ဟာ အသုဘယာဉ် အကျိုးဆောင်ခြင်းသာမက မရှိဆင်းရဲသားများ၏ ကျမ်းမာရေးဝန်ဆောင်မှုလည်းပေးသည်ဟုသိရပါတယ်..နတ်လူသာဓုခေါ်ဖွယ်ရာဖြစ်ပါသည်ခင်ဗျား..

1 comment:

Mayvelous said...

amm...tate narr ma lal lite buu.
ဂျပန်ကမြန်မာလူငယ်တစ်ဦးရဲ့ ကုသိုလ်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃, ၄ ထောင်ခန့် (အတိအကျမမှတ်မိတော့) တန်ဖိုးရှိသော ကာဒီလက် အသုဘယာဉ် ပဲဖြစ်ပါတယ်..
၎င်းယာဉ်ကို မြန်မာငွေကျပ် တစ်သိန်းနှင့်အထက်လှူဒါန်းသူတို့ကိုပြန်လည်ကူညီ ပို့ဆောင်ရန်ဖြစ်တယ်လို့သိရပါတယ
Ta Thein A Htet Hluu tal lu tway, tay yin po' pay mal so tar ko pyaw tar lar? Ta Thein ma hluu nine tal lu tay yin ma po' buu pot?
A myo gyi par lar naw.